Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 24:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို့နောက် လူသား​သည် သူ​၏ ကောင်းကင်တမန်များ​ကို ကျယ်လောင်သော တံပိုးခရာ​မှုတ်သံ​နှင့်အတူ စေလွှတ်တော်မူ​လိမ့်မည်။ ကောင်းကင်တမန်များ​သည် ကောင်းကင်​နှင့်​မြေကြီး​အရှေ့​စွန်း​မှသည် အနောက်​စွန်း​တိုင်အောင် အရပ်လေးမျက်နှာ​မှ ကိုယ်တော်​ရွေးချယ်ထားသော​သူတို့​ကို စုစည်း​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 လူ့ သား သည် ရွေး ကောက် တော် မူ သော သူ တို့ ကို ကောင် ကင် တစ် စွန် က တစ် စွန် တိုင် လေး မျက် နှာ စု ရုံး စေ ရန် တံ ပိုး သံ ကျယ် စွာ မှုတ် သော စေ တ မန် တော် တို့ ကို လွှတ် တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထို့နောက် လူ့သား​သည် ကျယ်လောင်​သော​တံပိုးမှုတ်သံ​နှင့်အတူ မိမိ​၏​ကောင်းကင်တမန်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရွေးကောက်​ထား​သော​သူ​တို့​ကို ကောင်းကင်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို​စေ​လွှတ်၍ တံ​ပိုး​ခ​ရာ​ကို ပြင်း​စွာ​မှုတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ရွေး​ချယ်​တော်​မူ​သော သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ၊ ကောင်း​ကင်​အောက်​ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍​စု​ရုံး​ကြ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 24:31
44 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် မိမိ​၏​ကောင်းကင်တမန်များ​ကို စေလွှတ်​လိမ့်မည်။ ထို​ကောင်းကင်တမန်တို့​သည် အပြစ်​ကျူးလွန်စေသော​သူများ​နှင့် မတရားမှု​ပြုသူများ​အားလုံး​ကို နိုင်ငံတော်​မှ ဖယ်ရှား​ကာ


အကယ်၍ သခင်ဘုရား​သည် ထို​နေ့ရက်ကာလများ​ကို တိုတောင်းစေတော်မမူ​လျှင် မည်သူ​မျှ အသက်ဘေး​မှ လွတ်နိုင်မည်​မဟုတ်။ သို့ရာတွင် ကိုယ်တော်​သည် မိမိ​ရွေးချယ်ထားတော်မူသော​သူများ​အတွက် ထို​နေ့ရက်များ​ကို တိုတောင်းစေတော်မူမည်။


အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။


သဖန်းပင်​မှ သင်ခန်းစာ ယူကြလော့။ သဖန်းပင်​တွင် အကိုင်းအခက်​သစ်များ​ထွက်လာ​၍ ရွက်နုများ ထွက်ပြူလာ​သောအခါ နွေကာလ ရောက်လု​နီးပြီ​ဖြစ်ကြောင်း​ကို သင်တို့​သိကြ၏။


လူသား​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။


ထို့နောက် လူသား​သည် ကောင်းကင်​နှင့်​မြေကြီး​အရှေ့​စွန်း​မှသည် အနောက်​စွန်း​တိုင်အောင်၊ အရပ်လေးမျက်နှာ​မှ မိမိ​ရွေးချယ်ထားသော​သူတို့​ကို စုစည်း​ရန် ကောင်းကင်တမန်များ​ကို စေလွှတ်တော်မူ​လိမ့်မည်။


ခရစ်တော်​၏​အမည်​နာမ​အားဖြင့် အပြစ်​လွတ်ခြင်းတရား​နှင့် နောင်တတရား​အကြောင်းတို့​ကို ဂျေရုဆလင်မြို့​မှစ၍ လူမျိုး​တကာတို့​အား ဟောပြော​ရမည်။


ထို​ဂျူး​တစ်မျိုးသားလုံး​အတွက်​သာမက ကမ္ဘာ​အရပ်ရပ်​တွင် ပျံ့နှံ့​နေထိုင်ကြသော ဘုရားသခင်​၏​သားသမီးများ အားလုံး​ကိုလည်း ပေါင်းစည်း​စေရန်​အတွက်​ပါ အသေခံတော်မူမည့်​အကြောင်း​ကို ပရောဖက်ပြု​ဟောပြောခြင်း​ဖြစ်၏။


သို့သော် အစ္စရေးလူမျိုးတို့​သည် သတင်းကောင်း​ကို မကြားခဲ့​ရသလော​ဟု ကျွန်ုပ်​မေးလို၏။ အမှန်​ပင် ကြားခဲ့ရ၏။ ကျမ်းစာ​၌ “ထို​သတင်းကောင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​၍ တရား​စကား​သည်လည်း ကမ္ဘာ​စွန်း​တိုင် ရောက်လေပြီ” ဟု ဖော်ပြထား၏။


ထို​အကြံအစည်တော်​သည် အချိန်ကျ​သောအခါ ကောင်းကင်​နှင့် မြေကြီး​၌ ရှိသမျှသော​အရာ​အားလုံး​ကို ခရစ်တော်​၏ အာဏာစက်​အောက်​၌ ပေါင်းစည်း​စေရန် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ ကြွေးကြော်​အမိန့်ပေးသံ​နှင့်တကွ ကောင်းကင်တမန်မင်း​၏​အသံ၊ ဘုရားသခင်​၏​တံပိုးတော်​မှုတ်သံ​တို့​ဖြင့် သခင်ဘုရား​ကိုယ်တိုင် ကောင်းကင်​က ဆင်းကြွလာ​သောအခါ ခရစ်တော်​ကို ယုံကြည်​လျက် သေလွန်သော​ယုံကြည်သူများ​သည် ဦးစွာ​ထမြောက်ကြမည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ကြွလာတော်မူခြင်း​အကြောင်း​နှင့် ကိုယ်တော်​ထံ ကျွန်ုပ်တို့ စုဝေးခြင်း​အကြောင်း​တို့နှင့်​ပတ်သက်​၍


တံပိုး​မှုတ်သံ​နှင့် ဘုရားသခင်​မိန့်တော်မူသော​အသံ ထွက်ပေါ်လာသည့်​တောင် ဖြစ်၏။ ထို​အသံတော်​ကို ကြားရသူများ​သည် မိမိတို့​အား ထပ်​၍ မိန့်တော်မမူ​ရန် ဘုရားသခင်​အား တောင်းပန်ကြ၏။


ငါ​၏​လက်ယာ​လက်​၌ သင်​မြင်တွေ့ရသော ကြယ်​ခုနစ်လုံး​နှင့် ရွှေ​ဆီမီးတိုင် ခုနစ်တိုင်တို့​၏ လျှို့ဝှက်​နက်နဲသော​အရာ​မှာ ကြယ်​ခုနစ်လုံး​သည် အသင်းတော်​ခုနစ်ပါး​၏ ကောင်းကင်တမန်များ​ဖြစ်ပြီး ရွှေ​ဆီမီးတိုင်​ခုနစ်တိုင်​သည် အသင်းတော်​ခုနစ်ပါး​ဖြစ်၏။


သတ္တမ​ကောင်းကင်တမန်​သည် တံပိုးခရာ​မှုတ်​သောအခါ “ဤ​လောကီ​နိုင်ငံ​သည် ယခု ငါတို့​အရှင်​နှင့် ထို​အရှင်​၏​ခရစ်တော်​စိုးပိုင်သော​နိုင်ငံ​ဖြစ်လေပြီ။ ကိုယ်တော်​သည် အစဉ်​ထာဝရ​အုပ်စိုးတော်မူ​လိမ့်မည်” ဟု ကောင်းကင်​မှ ကျယ်လောင်​စွာ ပြောဆိုသံများ​ထွက်ပေါ်လာ၏။


ထို့နောက် ကမ္ဘာ​မြေကြီး​အရပ်လေးမျက်နှာ​တွင် ရပ်နေသော ကောင်းကင်တမန်​လေးပါး​ကို ကျွန်ုပ်​မြင်ရ၏။ သူတို့​သည် မြေကြီး၊ ပင်လယ်​နှင့် သစ်ပင်များ​ပေါ်သို့ လေမတိုက်​စေရန် အရပ်လေးမျက်နှာ​မှ လေတို့​ကို ထိန်းချုပ်​ထားကြ၏။


ထို့နောက် ဘုရားသခင်​၏​ရှေ့တော်​၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ ဘုရားသခင်​သည် သူတို့​အား​တံပိုးခရာ​ခုနစ်ခု​ကို ပေးတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ