အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
မဿဲ 25:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ အပျိုရံဆယ်ဦးတို့သည် ဆီမီးခွက်များကို ကိုင်ဆောင်လျက် သတို့သားအား ကြိုဆိုရန် ထွက်သွားကြ၏။ Common Language Bible ``ထိုကာလ၌ကောင်းကင်နိုင်ငံတော်သည်မီးခွက် များကိုယူ၍ မင်္ဂလာဆောင်သတို့သားကိုကြိုဆို ရန်ထွက်သွားသည့်အပျိုရံဆယ်ယောက်တို့တွေ့ ကြုံရသည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။- Garrad Bible ထို အ ခါ ကောင်း ကင် နိုင် ငံ တော် သည် မင်္ဂ လာ ဆောင် သ တို့ သား ကို ကြို ဆို ရန် မီး ခွက် ကိုယ် စီ ဆောင်၍ ထွက် သွား သော အ ပျို ရံ ဆယ် ယောက် နှင့် တူ လိမ့် မည်။ Judson Bible ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှာ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီး တစ်ကျိပ်နှင့် တူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုကာလ၌ ကောင်းကင်နိုင်ငံတော်သည် မိမိတို့မီးခွက်များကိုယူဆောင်လျက် သတို့သားကိုကြိုဆိုရန် ထွက်သွားသည့် အပျိုကညာဆယ်ယောက်နှင့်တူလိမ့်မည်။ မြန်မာ ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှာ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသော သတို့သမီး တစ်ကျိပ်နှင့် တူ၏။- |
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် စိုက်ခင်းတွင် စိုက်ထားသောမုန်ညင်းစေ့နှင့် တူ၏။
လယ်မှာမူ ဤလောကဖြစ်၏။ ကောင်းသော မျိုးစေ့မှာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်၏။ ပေါင်းပင်များမှာ မာရ်နတ်၏ သားသမီးများဖြစ်၏။
တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။
ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ မြေရှင်တစ်ဦးသည် မိမိ၏စပျစ်ခြံအတွက် လုပ်သားများငှားရန် နံနက်စောစော ထွက်သွား၏။
ယေရှုက “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ဘုရင်တစ်ပါးသည် မိမိသားအတွက် မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေး၏။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
ထိုနည်းတူပင် ကောင်းမှုများပြုခြင်းဖြင့် သင်တို့၏ အလင်းကို သူတစ်ပါးရှေ့၌ ထွန်းလင်းစေကြလော့။ လူတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ထို့ကြောင့် ယုဒသည် ရောမတပ်ဖွဲ့တစ်ဖွဲ့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲတို့လွှတ်လိုက်သော ဗိမာန်တော်အစောင့်များကိုလည်းကောင်း ခေါ်ဆောင်လာ၏။ သူတို့သည် မီးတုတ်များ၊ မီးအိမ်များနှင့် လက်နက်များကို ကိုင်ဆောင်၍ ထိုဥယျာဉ်သို့ ရောက်လာကြ၏။
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
သင်တို့သည် ကျွန်ုပ်ကို အစဉ်သတိရ၍ ကျွန်ုပ်လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များကို လိုက်နာကြသောကြောင့် သင်တို့ကို ကျွန်ုပ်ချီးမွမ်း၏။
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
ဤလူတို့သည် အမျိုးသမီးများနှင့် မေထုန်အမှု မညစ်ညူးသည့် လူပျိုစင်များဖြစ်ပြီး သိုးသငယ်တော် သွားလေရာအရပ်သို့ လိုက်ပါသူများဖြစ်ကြ၏။ ထိုသူတို့သည် ဘုရားသခင်နှင့် သိုးသငယ်တော်အတွက် အဦးဆုံးသောအသီးကဲ့သို့ ပူဇော်ခံရရန် လူတို့ထဲမှ ရွေးနုတ်ကယ်တင်ခံထားရသောသူများလည်း ဖြစ်ကြ၏။
ရွှင်လန်းဝမ်းမြောက်လျက် ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးမွမ်းကြပါစို့။ သိုးသငယ်၏မင်္ဂလာပွဲသည် အချိန်ကျပြီဖြစ်၍ သူ၏ သတို့သမီးသည် မိမိကိုယ်မိမိ ပြင်ဆင်လေပြီ။
သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။
နောက်ဆုံးသောဘေးဒဏ် ခုနစ်ပါးနှင့်ပြည့်နေသော ဖလားခုနစ်လုံးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါးသည် လာ၍ “လာလော့။ သိုးသငယ်၏ဇနီးလောင်းဖြစ်သူ သတို့သမီးကို ငါပြမည်” ဟု ကျွန်ုပ်အားဆို၏။
ရာဇပလ္လင်တော်မှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်းတို့ထွက်ပေါ်လာ၏။ ထိုပလ္လင်တော်ရှေ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးကို ကိုယ်စားပြုသည့် မီးတုတ်ခုနစ်ခုတို့သည် တောက်လောင်လျက်ရှိ၏။
တတိယကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ မီးတုတ်ကဲ့သို့ တောက်လောင်နေသော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှ ကြွေကျ၍ မြစ်သုံးပုံတစ်ပုံနှင့် စမ်းရေတွင်းများပေါ်သို့ ကျလေ၏။