Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:38 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

38 လယ်​မှာမူ ဤ​လောက​ဖြစ်၏။ ကောင်းသော မျိုးစေ့​မှာ ဘုရားသခင်​၏​နိုင်ငံတော်သားများ​ဖြစ်၏။ ပေါင်းပင်များ​မှာ မာရ်နတ်​၏ သားသမီးများ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 ဂျုံ​ခင်း​ကား​ဤ​ကမ္ဘာ​လော​က​တည်း။ မျိုး​ကောင်း မျိုး​သန့်​သည်​နိုင်​ငံ​တော်​သား​များ​ကို​ဆို​လို​၏။ ဂျုံ​ရိုင်း​စေ့​များ​ကား​စာ​တန်​မာရ်​နတ်​၏​နိုင်​ငံ သား​များ​ကို​ဆို​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 အ ခင်း မှာ ဤ လော က ဖြစ်၏။ မျိုး ကောင်း မှာ နိုင် ငံ တော် သား များ ဖြစ်၏။ ဂျုံ ရိုင်း မျိုး မူ ကား မာရ် နတ်၏ သား သ မီး များ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 လယ်​ကား ဤ​လော​က​ဖြစ်၏။ ကောင်း​သော​အ​စေ့​ကား နိုင်​ငံ​တော်​သား​ဖြစ်၏။ တော​မျိုး​စေ့​ကား နတ်​ဆိုး​သား​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 စိုက်ခင်း​သည် ဤ​လောက​ဖြစ်​၏။ ကောင်း​သော​မျိုးစေ့​သည် နိုင်ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​ပင်​များ​မူကား မာရ်နတ်​၏​သား​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

38 လယ်​ကား ဤ​လော​က​ဖြစ်၏။ ကောင်း​သော​အ​စေ့​ကား နိုင်​ငံ​တော်​သား​ဖြစ်၏။ တော​မျိုး​စေ့​ကား နတ်​ဆိုး​သား​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:38
27 ပူးပေါင်းရင်းမြစ်များ  

လမ်း​ပေါ်တွင် ကျသော​မျိုးစေ့​မှာ နိုင်ငံတော်​နှင့်​ဆိုင်သော တရားစကား​ကို ကြား​သော်လည်း နားမလည်သော​သူ​ကို ဆိုလို၏။ ထိုအခါ မာရ်နတ်​သည်​လာ​၍ ထို​သူ၏​စိတ်နှလုံး​တွင် ကြဲထားသော​မျိုးစေ့​ကို နုတ်ယူလေ၏။


နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ကမ္ဘာတစ်ဝန်းလုံး​တွင် ဟောပြောကြ​၍ လူမျိုး​အပေါင်းတို့​သည်လည်း ထို​သတင်းကောင်း​ကို ကြားကြ​လိမ့်မည်။ ထို့နောက်​မှ ကမ္ဘာ​ကုန်ဆုံးချိန်​သည် ရောက်လာ​လိမ့်မည်။


သင်တို့​သည် ဟုတ်သည်​ကို ‘ဟုတ်၏၊’ မဟုတ်သည်​ကို ‘မဟုတ်’ ဟူ၍ ပြောဆိုရမည်။ ထို​စကားတို့​ထက် ပိုသော​စကား​သည် မာရ်နတ်​ထံမှ လာသော​စကား ဖြစ်၏။


နိုင်ငံတော်သားများ​ဖြစ်သော အစ္စရေးလူမျိုးတို့​မှာမူ အပြင်ဘက်​မှောင်မိုက်သော​အရပ်​သို့ နှင်ထုတ်ခံကြရ​လိမ့်မည်။ ထို​နေရာ​၌ သူတို့​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ခရစ်တော်​၏​အမည်​နာမ​အားဖြင့် အပြစ်​လွတ်ခြင်းတရား​နှင့် နောင်တတရား​အကြောင်းတို့​ကို ဂျေရုဆလင်မြို့​မှစ၍ လူမျိုး​တကာတို့​အား ဟောပြော​ရမည်။


သင်တို့​အား ငါ​အမှန်​ဆို၏။ ဂျုံစေ့​သည် မြေ​၌​ကျ​၍ မပျက်စီး​လျှင် အစေ့​တစ်စေ့တည်း​အဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီး​လျှင် ဂျုံစေ့​များစွာ​ကို ဖြစ်ထွန်းစေတတ်၏။


သင်တို့​၏​ဖခင်​သည် မာရ်နတ်​ဖြစ်၏။ ထို့ကြောင့် သင်တို့​သည် သင်တို့​ဖခင်​၏​အလို​သို့ လိုက်တတ်ကြ၏။ မာရ်နတ်​သည် အစဦး​ကပင် လူသတ်သမား​ဖြစ်၏။ သူ့​အထဲ​တွင် သမ္မာတရား​မရှိ​သောကြောင့် သမ္မာတရား​ကိုလည်း သူ​မုန်း၏။ သူ​သည် လိမ်လည်သော​သူ​ဖြစ်ပြီး လိမ်လည်ခြင်း​၏​ဖခင်​လည်း ဖြစ်၏။ ထို့ကြောင့် သူ​လိမ်လည်​ပြောဆိုခြင်း​မှာ မိမိ​ပင်ကိုစရိုက်​အတိုင်း ပြောဆိုခြင်း​ဖြစ်၏။


“အို လှည့်စားမှု​အပေါင်း၊ ဆိုးသွမ်းမှု​အပေါင်း​နှင့် ပြည့်သော​မာရ်နတ်​၏​သား… ဖြောင့်မတ်ခြင်း​အပေါင်းတို့​၏​ရန်သူ… သင်​သည် ထာဝရဘုရား​၏​ဖြောင့်ဖြူးသော​လမ်းတော်​တို့​ကို ကောက်ကွေ့​အောင် ပြုလုပ်နေခြင်း​မှ မရပ်တန့်ဘဲ​မနေနိုင်သလော။


သို့သော် အစ္စရေးလူမျိုးတို့​သည် သတင်းကောင်း​ကို မကြားခဲ့​ရသလော​ဟု ကျွန်ုပ်​မေးလို၏။ အမှန်​ပင် ကြားခဲ့ရ၏။ ကျမ်းစာ​၌ “ထို​သတင်းကောင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​၍ တရား​စကား​သည်လည်း ကမ္ဘာ​စွန်း​တိုင် ရောက်လေပြီ” ဟု ဖော်ပြထား၏။


လူမျိုးခြားတို့​သည်လည်း ယုံကြည်​၍ နာခံလာ​စေရန် ပရောဖက်များ​ကြိုတင်​ဟောပြောထားသည့်​အတိုင်း ထာဝရ​ဘုရားသခင်​၏ အမိန့်တော်​အားဖြင့် ယခု​အချိန်​တွင် ထို​သတင်းကောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထံ ဖော်ပြလေပြီ။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ ဖြစ်​သောကြောင့် အမွေခံများ​လည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်​နှင့်အတူ ဆင်းရဲဒုက္ခ​ကို ခံရ​လျှင် ကိုယ်တော်​နှင့်အတူ ဘုရားသခင်​၏ ဘုန်းအသရေ​ကိုလည်း ခံစားကြ​ရမည် ဖြစ်၏။


သင်တို့​သည် ထို​သတင်းကောင်း​ကို ကြားနာ​ပြီး ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှန်တကယ် နားလည်သည့်​နေ့​မှစ၍ သင်တို့​ထဲ၌ အသီးအပွင့်များ​သီးပွင့်​ကာ တိုးပွား​သကဲ့သို့ ထို​သတင်းကောင်း​သည် ကမ္ဘာတစ်ဝန်းလုံး​သို့ ပျံ့နှံ့​၍ တိုးပွား​လျက်​ရှိ၏။


ကိုယ်တော်​သည် မိမိ​အလိုတော်​နှင့်အညီ သမ္မာတရား​စကား​အားဖြင့် ကျွန်ုပ်တို့​ကို ဖြစ်ပွားစေတော်မူ၏။ ဤ​အရာ​မှာ ဖန်ဆင်းတော်မူ​သမျှသော​အရာတို့​တွင် ကျွန်ုပ်တို့​အား အဦးဆုံးသော​အသီး​ကဲ့သို့ ဖြစ်​စေရန် ဖြစ်၏။


ချစ်ခင်ရသော ညီအစ်ကို​မောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲသောသူတို့​ကို ယုံကြည်ခြင်း​၌ ကြွယ်ဝစေ​၍ မိမိ​ကို​ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် နိုင်ငံတော်​ကို အမွေဆက်ခံသူများ​ဖြစ်​စေရန် ရွေးချယ်တော်မူသည်​မဟုတ်လော။


သင်တို့​သည် ပျက်စီးတတ်သော​မျိုးစေ့​အားဖြင့်​မဟုတ်ဘဲ မပျက်စီးနိုင်သော​မျိုးစေ့​ဖြစ်သည့် အသက်ရှင်​၍ ထာဝရ​တည်မြဲသော ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့် အသစ်​တစ်ဖန်​မွေးဖွားလာကြ၏။


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


ထို့နောက် ကောင်းကင်တမန်​တစ်ပါး​သည် ကမ္ဘာ​လောက​၌ နေထိုင်ကြသောသူများ​ဟူသော တိုင်းနိုင်ငံ​အသီးသီး၊ မျိုးနွယ်စု​အသီးသီး၊ ဘာသာစကား​အသီးသီး​ပြောသည့်​သူများ​နှင့် လူမျိုး​အသီးသီးတို့​အား ထာဝရ​သတင်းကောင်း​ကို ဟောပြော​ရန် ကောင်းကင်​အလယ်​၌ ပျံသန်း​နေသည်​ကို ကျွန်ုပ်​မြင်ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ