Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ထိုအခါ ယေရှု​က “သတို့သား​၏ မိတ်ဆွေ​အပေါင်းအသင်းများ​သည် ထို​သတို့သား​နှင့်အတူ​ရှိ​နေစဉ် ဝမ်းနည်းပူဆွေး​တတ်ကြသလော။ သို့သော်လည်း သတို့သား​ကို သူတို့​ထံမှ ခေါ်ယူ​သွားမည့်​အချိန် ရောက်လာ​လိမ့်မည်။ ထိုအခါ သူတို့​သည် အစာရှောင်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သ​ခင်​ယေ​ရှု​က ``မင်္ဂ​လာ​ဆောင်​သ​တို့​သား​၏ အ​ပေါင်း​အ​ဖော်​များ​သည်​သ​တို့​သား​နှင့်​အ​တူ ရှိ​နေ​ချိန်​၌​ဝမ်း​နည်း​ပူ​ဆွေး​ကြ​ပါ​မည်​လော။ သို့​ရာ​တွင်​သူ​တို့​ထံ​မှ​သ​တို့​သား​ကို​ခွဲ​ခွာ ယူ​ဆောင်​သွား​မည့်​နေ့​ရက်​ရောက်​ရှိ​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယေ ရှု က လူ ပျို ရံ တို့ သည် မင်္ဂ လာ ဆောင် သ တို့ သား နှင့် အ တူ ရှိ နေ သ မျှ အ တွင်း ညည်း တွား နိုင် ကြ သ လော။ သို့ သော် လည်း မင်္ဂ လာ ဆောင် သ တို့ သား ကို ရုပ် သိမ်း မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။ ထို ကာ လ အ စာ ရှောင် ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယေ​ရှု​က​လည်း မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် စိတ်​မ​သာ ညည်း​တွား​တတ်​ကြ​သ​လော။ မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ယေရှု​က​လည်း“သတို့သား​၏​ဆွေမျိုး​မိတ်သင်္ဂဟ​များ​သည် သတို့သား​နှင့်အတူ​ရှိ​နေ​သရွေ့ ဝမ်းနည်း​ကြေကွဲ​နိုင်​ကြ​မည်​လော။ သို့သော် သတို့သား​ကို သူ​တို့​ထံမှ ခေါ်ဆောင်​သွား​မည့်​နေ့ရက်​များ ရောက်လာ​လိမ့်မည်။ ထိုအခါ သူ​တို့​သည် အစာရှောင်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 ယေ​ရှု​က​လည်း မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် စိတ်​မ​သာ ညည်း​တွား​တတ်​ကြ​သ​လော။ မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:15
22 ပူးပေါင်းရင်းမြစ်များ  

တစ်နေ့​သောအခါ နှစ်ခြင်းဆရာ​ယောဟန်​၏ တပည့်များ​သည် ယေရှု​ထံသို့​လာ​၍ “အကျွန်ုပ်တို့​နှင့် ဖာရိရှဲတို့​သည် မကြာခဏ အစာရှောင်လေ့​ရှိကြ၏။ သို့ရာတွင် ဆရာတော်​၏​တပည့်များ​သည် အဘယ်ကြောင့် အစာမရှောင်ဘဲ​နေကြသနည်း” ဟု မေးလျှောက်ကြ၏။


ထို့ပြင် မည်သူ​မျှ အထည်ဟောင်း​ကို ပိတ်စသစ်​ဖြင့် ဖာလေ့​မရှိ။ ထိုသို့​ဖာ​လျှင် ပိတ်စသစ်​သည် ရုန်း​သဖြင့် အထည်ဟောင်း​၏​စုတ်ပြဲရာ​အပေါက်​သည် ပို​၍ ကျယ်​လိမ့်မည်။


ထိုအခါ ယေရှု​က “သတို့သား​၏ မိတ်ဆွေ​အပေါင်းအသင်းများ​သည် ထို​သတို့သား​နှင့်အတူ​ရှိ​နေစဉ် အစာရှောင်​တတ်ကြသလော။ သတို့သား ရှိနေသည့်​ကာလပတ်လုံး သူတို့​သည် အစာမရှောင်ကြ။


သို့သော်လည်း သတို့သား​ကို သူတို့​ထံမှ ခေါ်ယူ​သွားမည့်​အချိန်ကာလ ရောက်လာ​လိမ့်မည်။ ထိုအခါ သူတို့​သည် အစာရှောင်ကြ​လိမ့်မည်။


ထို့နောက် တပည့်တော်တို့​အား “သင်တို့​မြင်တွေ့လိုသည့် လူသား​၏​နေ့ရက်များ​ထဲမှ တစ်ရက်​သည် ရောက်လာ​လိမ့်မည်။ သို့ရာတွင် ထို​နေ့ရက်​ကို သင်တို့ မြင်တွေ့ရ​လိမ့်မည် မဟုတ်ပေ။


ထိုအခါ ယေရှု​က “သတို့သား​၏​မိတ်ဆွေ​အပေါင်းအသင်းများ​ကို ထို​သတို့သား​နှင့်အတူ​ရှိ​နေစဉ် အစာရှောင်စေ​နိုင်မည်လော။


သို့သော်လည်း သတို့သား​ကို သူတို့​ထံမှ ခေါ်ယူ​သွားမည့်​အချိန် ရောက်လာ​လိမ့်မည်။ ထိုအခါ ထို​သူတို့​သည် အစာရှောင်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုသို့ မမေးသည့်​အပြင် ဤ​အကြောင်းအရာများ​ကို ငါ​ပြော​သောကြောင့် သင်တို့​အလွန်​ဝမ်းနည်းပူဆွေးကြ၏။


သတို့သမီး​ကို လက်ထပ်သော​သူ​သည် သတို့သား​ဖြစ်၏။ အနား​တွင် ရပ်​လျက်​ရှိသော​သတို့သား​၏ မိတ်ဆွေ​သည် သတို့သား​၏​အသံ​ကို ကြား​သောအခါ အလွန်​ဝမ်းမြောက်၏။ ထို​ကဲ့သို​ပင် ငါ​သည်လည်း အပြည့်အဝ ဝမ်းမြောက်​လျက်​ရှိ၏။


အသင်းတော်​တိုင်း​တွင် အကြီးအကဲများ​ကို​ခန့်ထားကြ၏။ ထို့နောက် အစာရှောင်​ဆုတောင်း​၍ ထို​အကြီးအကဲများ​ကို သူတို့​ယုံကြည်သော သခင်ဘုရား​ထံ အပ်နှံကြ၏။


လင်မယား​ဝတ်​ကို မရှောင်ကြနှင့်။ သို့သော် ဆုတောင်းချိန်​တွင် အပြည့်အဝ​ဆုတောင်း​နိုင်ရန် နှစ်ဦး​သဘောတူညီချက်​ဖြင့် သတ်မှတ်ထားသော အချိန်​အတိုင်းအတာ​အတွင်း ရှောင်ကြဉ်နိုင်၏။ လင်မယား​ဝတ်​ကို ရှောင်​လျှင် စာတန်​သည် သင်တို့​၏ မထိန်းချုပ်နိုင်ခြင်း​အပေါ် အခွင့်ကောင်း​ယူ​၍ သင်တို့​ကို သွေးဆောင်မည်​ကို စိုးရ​သောကြောင့် အချိန်စေ့​လျှင် လင်မယား​ဝတ်​ကို ပြန်​၍ ပြုကြလော့။


အလုပ်​ကို ခက်ခက်ခဲခဲ​ဖြင့် ပင်ပန်းကြီးစွာ​လုပ်ကိုင်ရခြင်း၊ မကြာခဏ​အိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏ​အစာ​ပြတ်လပ်ခြင်း၊ အအေးဒဏ်​ခံရခြင်း၊ ဝတ်စရာ​မလုံလောက်ခြင်း စသည်တို့​နှင့် ကြုံခဲ့ရ၏။


ထိုအခါ ကောင်းကင်တမန်​က “ဤ​စာ​ကို ရေးထားလော့။ သိုးသငယ်​၏​မင်္ဂလာပွဲ​သို့ ဖိတ်ကြားခံရသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏” ဟု ကျွန်ုပ်​အား ပြော၏။ ထို့နောက် “ဤ​အရာများ​သည် ဘုရားသခင်​၏ မှန်ကန်သော နှုတ်တော်ထွက်​စကားများ​ဖြစ်၏” ဟု ထပ်မံ​ပြောဆို၏။


သန့်ရှင်းသော​မြို့တော်​ဖြစ်သော ဂျေရုဆလင်​မြို့သစ်​သည် သတို့သား​အတွက် လှပ​စွာ ဝတ်ဆင်ထားသော သတို့သမီး​တစ်ဦး​ကဲ့သို့ ပြင်ဆင်​လျက် ဘုရားသခင်​ထံတော် ကောင်းကင်ဘုံ​မှ ဆင်းသက်လာသည်​ကို ကျွန်ုပ်​မြင်ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ