Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 တစ်နေ့​သောအခါ နှစ်ခြင်းဆရာ​ယောဟန်​၏ တပည့်များ​သည် ယေရှု​ထံသို့​လာ​၍ “အကျွန်ုပ်တို့​နှင့် ဖာရိရှဲတို့​သည် မကြာခဏ အစာရှောင်လေ့​ရှိကြ၏။ သို့ရာတွင် ဆရာတော်​၏​တပည့်များ​သည် အဘယ်ကြောင့် အစာမရှောင်ဘဲ​နေကြသနည်း” ဟု မေးလျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ထို​အ​ခါ​ယော​ဟန်​၏​တ​ပည့်​များ​သည်​ကိုယ်​တော် ၏​ထံ​သို့​လာ​ရောက်​လျက် ``အ​ကျွန်ုပ်​တို့​နှင့်​ဖာ​ရိ​ရှဲ တို့​သည်​မ​ကြာ​ခ​ဏ​အ​စာ​ရှောင်​ကြ​ပါ​၏။ သို့ ရာ​တွင်​အ​ရှင်​၏​တ​ပည့်​များ​မူ​ကား​အ​ဘယ် ကြောင့်​အ​စာ​မ​ရှောင်​ကြ​ပါ​သ​နည်း'' ဟု​မေး လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ထို့ နောက် ယော ဟန်၏ တ ပည့် တို့ သည် ကိုယ် တော့် ထံ ချဉ်း ကပ်၍ အ ကျွန်ုပ် တို့ နှင့် ဖာ ရိ ရှဲ တို့ သည် အ စာ ရှောင် လျက် ကိုယ် တော်၏ တ ပည့် တို့ မူ ကား အ ဘယ် ကြောင့် အ စာ မ ရှောင် ကြ ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​အ​ခါ ယော​ဟန်၏ တ​ပည့်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​ဖန်​တ​လဲ​လဲ အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထို့နောက် ယောဟန်​၏​တပည့်​များ​သည် အထံ​တော်​သို့ ချဉ်းကပ်​လာ​၍ “အကျွန်ုပ်​တို့​နှင့်​ဖာရိရှဲ​တို့​သည် မကြာခဏ အစာရှောင်​ကြ​သော်လည်း ကိုယ်တော်​၏​တပည့်​တော်​များ​သည် အဘယ်ကြောင့် အစာ​မ​ရှောင်​ကြ​သနည်း”​ဟု မေးလျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

14 ထို​အ​ခါ ယော​ဟန်၏ တ​ပည့်​တို့​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ကျွန်ုပ်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​ဖန်​တ​လဲ​လဲ အ​စာ​ရှောင်​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် အ​စာ​မ​ရှောင်​ဘဲ နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:14
10 ပူးပေါင်းရင်းမြစ်များ  

ထောင်​ထဲတွင်​ရှိသော နှစ်ခြင်းဆရာ​ယောဟန်​သည် ခရစ်တော်​ပြုတော်မူသော​အမှုတို့​ကို ကြားလေ၏။ ထို့ကြောင့် မိမိ​တပည့်တို့​ကို ယေရှု​ထံ စေလွှတ်​၍


သင်တို့​သည် အစာရှောင်​သောအခါ သူတော်ကောင်း​ယောင်ဆောင်သူတို့​ကဲ့သို့ မျက်နှာ​မညှိုးငယ်စေနှင့်။ ထို​သူတို့​သည် မိမိတို့​အစာရှောင်နေကြောင်း လူ​အများ​သိမြင်​စေရန် မျက်နှာသွင်ပြင်​ကို မကြည်မသာ​ဖြစ်စေကြ၏။ သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​သူတို့​သည် မိမိတို့ ခံစားရမည့် အကျိုး​အားလုံး​ကို ရရှိကြပြီ။


ထိုအခါ ယေရှု​က “သတို့သား​၏ မိတ်ဆွေ​အပေါင်းအသင်းများ​သည် ထို​သတို့သား​နှင့်အတူ​ရှိ​နေစဉ် ဝမ်းနည်းပူဆွေး​တတ်ကြသလော။ သို့သော်လည်း သတို့သား​ကို သူတို့​ထံမှ ခေါ်ယူ​သွားမည့်​အချိန် ရောက်လာ​လိမ့်မည်။ ထိုအခါ သူတို့​သည် အစာရှောင်ကြ​လိမ့်မည်။


ထိုအခါ သန့်ရှင်းစင်ကြယ်ခြင်း​ဓလေ့ထုံးတမ်း​နှင့်​ပတ်သက်၍ ယောဟန်​၏ တပည့်များ​နှင့် ဂျူး​လူမျိုး​တစ်ဦး​သည် အငြင်းပွားကြ၏။


ယေရှု​သည် ကိုယ်တိုင် နှစ်ခြင်းမင်္ဂလာ​ပေးတော်မမူ။ တပည့်တော်တို့​က​သာလျှင် ပေးကြ၏။ သို့သော်လည်း ယေရှု​သည် ယောဟန်​ထက် ပို​၍​များသော​သူတို့​ကို တပည့်တော်​ဖြစ်စေ​၍ နှစ်ခြင်းမင်္ဂလာ​ပေးတော်မူ​လျက်​ရှိသည်​ဟု ဖာရိရှဲတို့​ကြားသိကြောင်း​ကို ယေရှု​သိတော်မူ​သောအခါ ယုဒပြည်​မှ ထွက်ခွာ​၍ ဂါလိလဲပြည်​သို့ ကြွတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ