Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 20:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ မြေရှင်​တစ်ဦး​သည် မိမိ​၏​စပျစ်ခြံ​အတွက် လုပ်သားများ​ငှား​ရန် နံနက်​စောစော ထွက်သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​စ​ပျစ်​ဥ​ယျာဉ်​ပိုင် ရှင်​တစ်​ဦး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​နှင့် တူ​၏။ သူ​သည်​အ​လုပ်​သ​မား​များ​ငှား​ရန်​နံ​နက် စော​စော​ထွက်​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အ သို့ ဆို သော် ကောင်း ကင် နိုင် ငံ တော် သည် စ ပျစ် ဥ ယျာဉ် တွင် လုပ် ကိုင် စေ ရန် နံ နက် စော စော လုပ် သား ငှား သွား သော မြေ့ ရှင် နှင့် တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဥ​ပ​မာ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် စ​ပျစ်​ဥ​ယျာဉ်​ကို လုပ်​ဆောင်​သော​သူ​တို့​ကို ငှား​ခြင်း​ငှာ နံ​နက်​စော​စော ထွက်​သွား​သော အိမ်​ရှင်​နှင့်​တူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​၏​စပျစ်ခြံ​အတွက် အလုပ်သမား​များ​ကို​ငှား​ရန် နံနက်​စောစော​ထွက်သွား​သည့် ခြံ​ပိုင်ရှင်​နှင့်​တူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 ဥ​ပ​မာ​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် စ​ပျစ်​ဥ​ယျာဉ်​ကို လုပ်​ဆောင်​သော​သူ​တို့​ကို ငှား​ခြင်း​ငှာ နံ​နက်​စော​စော ထွက်​သွား​သော အိမ်​ရှင်​နှင့်​တူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 20:1
22 ပူးပေါင်းရင်းမြစ်များ  

အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ လယ်သမား​တစ်ဦး​သည် ကောင်းသော​မျိုးစေ့​ကို လယ်​၌ ကြဲ၏။


အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​သည် စိုက်ခင်း​တွင် စိုက်ထားသော​မုန်ညင်းစေ့​နှင့် တူ၏။


အခြား​ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “ကောင်းကင်​နိုင်ငံတော်​သည် အမျိုးသမီး​တစ်ဦး မုန့်​လုပ်​ရာတွင် သုံးသည့်​တဆေး​နှင့်​တူ၏။ ထို​အမျိုးသမီး​က ဂျုံမှုန့်​သုံးတင်း​ထဲသို့ တဆေး​အနည်းငယ်​ကိုသာ ထည့်​သော်လည်း ထို​တဆေး​သည် မုန့်​အားလုံး​ကို ဖောင်းကြွစေသည်” ဟူ၍ ဖြစ်၏။


တစ်ဖန် ကောင်းကင်​နိုင်ငံတော်​သည် ပင်လယ်​ထဲသို့​ချ​၍ ငါး​မျိုးစုံ​ကို ဖမ်းမိသော​ပိုက်ကွန်​နှင့် တူ၏။


ထို​သူ​သည် လုပ်သားတို့​အား နေ့စားခ​ငွေဒင်္ဂါး​တစ်ပြား ပေး​ရန် သဘောတူ​ပြီးနောက် မိမိ​စပျစ်ခြံ​သို့ စေလွှတ်လိုက်၏။


ထို့နောက် ယေရှု​က “ဤ​အကြောင်းအရာ​ကို သင်တို့ မည်သို့​ထင်ကြသနည်း။ လူတစ်ယောက်​၌ သား​နှစ်ယောက်​ရှိ၏။ သူ​သည် သားကြီး​ထံသို့​သွား​၍ ‘ငါ့​သား… ယနေ့ စပျစ်ခြံ​သို့ သွား​၍ အလုပ်လုပ်လော့’ ဟု ပြော၏။


ယေရှု​က “ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ ဘုရင်တစ်ပါး​သည် မိမိ​သား​အတွက် မင်္ဂလာဧည့်ခံပွဲ​ကို ကျင်းပပေး၏။


အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်​သည် ပရောဖက်များ​ကို သတ်ဖြတ်​၍ သင့်​ထံသို့ ဘုရားသခင်​စေလွှတ်တော်မူသော တမန်တော်များ​ကို ကျောက်ခဲ​နှင့် ပေါက်သတ်၏။ ကြက်မ​သည် ကြက်ကလေးများ​ကို သူ​၏ တောင်ပံ​အောက်​၌ အုပ်​၍ ကာကွယ်​သကဲ့သို့ သင်​၏ သားသမီးတို့​ကို စုစည်း​စေရန် အကြိမ်ကြိမ် ငါ​အလိုရှိ၏။ သို့သော်လည်း သင်​သည် ထိုသို့ အလို​မရှိ။


ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ အပျိုရံ​ဆယ်ဦးတို့​သည် ဆီမီးခွက်များ​ကို ကိုင်ဆောင်​လျက် သတို့သား​အား ကြိုဆို​ရန် ထွက်သွားကြ၏။


တစ်ဖန် ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ ခရီးထွက်​မည့် လူတစ်ဦး​သည် မိမိ​၏ အစေခံများ​ကို ခေါ်​၍ သူ​၏ ဥစ္စာပစ္စည်းများ​ကို အပ်လေ၏။


“ကောင်းကင်​နိုင်ငံတော် ပေါ်ထွန်းချိန်​နီးပြီ​ဖြစ်​သောကြောင့် သင်တို့​၏​အပြစ်များ​အတွက် နောင်တရ​၍ ဘုရားသခင်​ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။


လူသား​ကြွလာခြင်း​အကြောင်း​သည် ခရီး​ထွက်မည့် လူ​တစ်ဦး​က မိမိ​အိမ်​မှ မထွက်ခွာမီ သူ​၏ အစေခံများ​အား လုပ်ဆောင်​ရန် တာဝန်များ​ကို ပေးအပ်​၍ တံခါးစောင့်​အား မိမိ​ပြန်လာချိန်​ကို စောင့်ရမည်​ဟု မှာကြားသည်​နှင့် တူ၏။


ယေရှု​က “ငါ​သည် စစ်မှန်သော​စပျစ်ပင် ဖြစ်၏။ ငါ့​ခမည်းတော်​သည် ဥယျာဉ်မှူး​ဖြစ်တော်မူ၏။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… မြဲမြံ​စွာ ရပ်တည်​၍ မရွေ့လျား​မပြောင်းလဲကြနှင့်။ ဘုရားသခင်​အတွက် သင်တို့ လုပ်ဆောင်​သမျှ​သည် အချည်းနှီး​မဖြစ်ကြောင်း သင်တို့​သိကြသည့်​အတိုင်း ဘုရားသခင်​အတွက် အစဉ်အမြဲ စိတ်အားထက်သန်​စွာ လုပ်ဆောင်ကြလော့။


မိမိ​နှစ်သက်တော်မူသော အရာ​ကို ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​တွင် ပြုတော်မူပါစေသော။ ကိုယ်တော်​၏ အလိုတော်​ကို သင်တို့​ဆောင်ရွက်​နိုင်ရန် ကောင်းမှု​အမျိုးမျိုးတို့​ဖြင့် သင်တို့​ကို ပြီးပြည့်စုံ​စေတော်မူပါ​စေသော။ ထို​သခင် ယေရှု​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ