Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 11:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ကျွန်ုပ်​သည် ဘုရားသခင်​၏ သဝန်တိုခြင်း​မျိုး​ဖြင့် သင်တို့​ကို သဝန်တို၏။ ကျွန်ုပ်​သည် သင်တို့​ကို စင်ကြယ်သော​အပျိုစင်​အဖြစ် တစ်ဦးတည်းသော​ခင်ပွန်း​ဟူသော ခရစ်တော်​ထံ အပ်နှင်း​ရန် ကတိပြုထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ဘု​ရား​သ​ခင်​သည်​သင်​တို့​ကို​မ​နာ​လို​စိတ်​ရှိ တော်​မူ​သ​ကဲ့​သို့ ငါ​သည်​သင်​တို့​ကို​မ​နာ​လို စိတ်​ရှိ​၏။ သင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဦး​တည်း နှင့်​စုံ​ဖက်​ထိမ်း​မြား​ရန် ငါ​က​တိ​ပြု​ထား​သည့် အ​ပျို​စင်​နှင့်​တူ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို သီ​လ​နှင့်​ပြည့်​စုံ​သော သ​တို့​သ​မီး​က​ညာ​ကဲ့​သို့ ခ​ရစ်​တော်​အား ဆက်​အံ့​သော​ငှာ၊ သင်​တို့​ကို လင်​တစ်​ဦး​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​သော​ကြောင့် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း စိုး​ရိမ်​သော​စိတ်​နှင့် သင်​တို့​ကို စောင့်​ရှောက်​လျက် နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဤသို့​ဆို​ရ​ခြင်း​မှာ ငါ​သည် ဘုရားသခင်​၏​သဝန်တို​စိတ်​မျိုး​ဖြင့် သင်​တို့​ကို သဝန်တို​၏။ အကြောင်းမူကား ငါ​သည် သင်​တို့​ကို ဖြူစင်​သန့်ရှင်း​သော​အပျို​ကညာ​အဖြစ် ခရစ်တော်​အား​ဆက်သ​လျက် ထို​တစ်ဦးတည်း​သော​ခင်ပွန်း​နှင့်​စေ့စပ်​ကြောင်းလမ်း​ထား​ပြီ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 11:2
19 ပူးပေါင်းရင်းမြစ်များ  

သတို့သမီး​ကို လက်ထပ်သော​သူ​သည် သတို့သား​ဖြစ်၏။ အနား​တွင် ရပ်​လျက်​ရှိသော​သတို့သား​၏ မိတ်ဆွေ​သည် သတို့သား​၏​အသံ​ကို ကြား​သောအခါ အလွန်​ဝမ်းမြောက်၏။ ထို​ကဲ့သို​ပင် ငါ​သည်လည်း အပြည့်အဝ ဝမ်းမြောက်​လျက်​ရှိ၏။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ခရစ်တော်​နှင့်အတူ သေ​သဖြင့် ပညတ်တရား​အောက်၌ အသက်ရှင်ရသော​ဘဝ​ကိုလည်း အဆုံးသတ်ပြီ​ဖြစ်၏။ ယခု သင်တို့​သည် ဘုရားသခင်​အတွက် ကောင်းသော​အကျင့်​ကို ကျင့်​နိုင်ရန် သေခြင်း​မှ​ရှင်ပြန်ထမြောက်တော်မူသော အရှင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြ၏။


သင်တို့​အား ခရစ်တော်​အကြောင်း​ကို သင်ပေးမည့်​ဆရာပေါင်း တစ်သောင်း ရှိ​လျှင်​ပင် ဝိညာဉ်ရေးရာ​ဖခင်​မှာ တစ်ဦးတည်း​ရှိ၏။ ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြောခြင်း​အားဖြင့် ယေရှု​ခရစ်တော်​၌ သင်တို့​၏​ဖခင်​ဖြစ်လာ၏။


သခင်​ယေရှု​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကိုလည်း ယေရှု​ထမြောက်တော်မူသည်​နည်းတူ ထမြောက်စေ​ပြီးလျှင် သင်တို့​နှင့်အတူ ရှေ့တော်မှောက်​သို့ ခေါ်သွင်းတော်မူမည်​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


သင်တို့​အတွက် ကျွန်ုပ်​ကြိုးစား​လုပ်ဆောင်ခဲ့သော အရာများ အချည်းနှီး​ဖြစ်သွားမည်​ကို ကျွန်ုပ်​စိုးရိမ်၏။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ မေတ္တာ​ကရုဏာ​မျိုး​ဖြင့် သင်တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်ကြောင်း ဘုရားသခင်​သိတော်မူ၏။


ကျွန်ုပ်တို့​သည် လူတိုင်း​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​၍ ရင့်ကျက်သောသူများ​အဖြစ် ဘုရားသခင်​ထံ ဆက်သ​နိုင်ရန် လူတိုင်း​ကို သတိပေး​ဆုံးမ​ကာ ရှိသမျှသော​ဉာဏ်ပညာ​ဖြင့် လူတိုင်း​ကို သွန်သင်​လျက် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။


သင်တို့​သိကြသည့်​အတိုင်း ဖခင်​သည် သားသမီးများ​အပေါ် ပြုမူဆက်ဆံ​သကဲ့သို့ ကျွန်ုပ်တို့​သည် သင်တို့ တစ်ယောက်ချင်းစီ​တိုင်း​အပေါ် ပြုမူဆက်ဆံကြ၏။


ဤ​လူတို့​သည် အမျိုးသမီးများ​နှင့် မေထုန်​အမှု မညစ်ညူးသည့် လူပျိုစင်များ​ဖြစ်​ပြီး သိုးသငယ်တော် သွားလေရာ​အရပ်​သို့ လိုက်ပါသူများ​ဖြစ်ကြ၏။ ထို​သူတို့​သည် ဘုရားသခင်​နှင့် သိုးသငယ်တော်​အတွက် အဦးဆုံးသော​အသီး​ကဲ့သို့ ပူဇော်​ခံရ​ရန် လူတို့​ထဲမှ ရွေးနုတ်​ကယ်တင်​ခံထားရသော​သူများလည်း ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ