ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ဂလာတိ 6:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူ့ဗီဇစိတ်ကို အလိုလိုက်၍ စိုက်ပျိုးသောသူသည် ဗီဇစိတ်မှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၏ အလိုတော်အတိုင်း စိုက်ပျိုးသောသူသည် ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။ Common Language Bible လူ့ဇာတိမြေ၌မျိုးကြဲသောသူသည်သေခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်မြေ၌မျိုးကြဲသူ သည်ဝိညာဉ်တော်မှ ထာဝရအသက်ကိုရိတ်သိမ်း ရလိမ့်မည်။- Garrad Bible ရုပ် ခ န္ဓာ အ လို့ ငှာ စိုက် ပျိုး သူ သည် ရုပ် ခ န္ဓာ ဆိုင် ရာ ပုပ် ပျက် ခြင်း ကို၄င်း၊ ဝိ ညာဉ် တော် အ လို့ ငှာ စိုက် ပျိုး သူ သည် ဝိ ညာဉ် တော် မှ ထာ ဝ ရ အ သက် ရှင် ခြင်း ကို၄င်း၊ ရိတ် သိမ်း ရ လိမ့် မည်။ Judson Bible မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း မိမိသွေးသားဇာတိ၌စိုက်ပျိုးသောသူသည် သွေးသားဇာတိထံမှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၌စိုက်ပျိုးသောသူမူကား ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။ |
ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသူသည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက နောင်ဘဝတွင်လည်း ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါပေးသောရေကို သောက်သောသူမှာ မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ့အတွင်း၌ အစဉ်စီးထွက်သော စမ်းရေဖြစ်၍ သူ့ကို ထာဝရအသက်ရှင်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ဆုံးရလိမ့်မည်။ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ရှင်၍ ငြိမ်းချမ်းမှုကို ရလိမ့်မည်။
သေလွန်သောသူတို့ ပြန်ရှင်ခြင်းမှာလည်း ထိုနည်းအတိုင်းဖြစ်၏။ ကျွန်ုပ်တို့ သေဆုံးသောအခါ ကျွန်ုပ်တို့၏ ပုပ်ပျက်တတ်သောခန္ဓာသည် မြေ၌ စိုက်ပျိုးခြင်းခံရ၏။ သို့သော်လည်း ထမြောက်သောအခါ မပုပ်ပျက်နိုင်သောခန္ဓာအဖြစ် ရှိလိမ့်မည်။
ယူဆမှုမလွဲကြနှင့်။ ဘုရားသခင်ကို မည်သူမျှ လှည့်စား၍ မရ။ လူသည် မိမိစိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်။
သို့သော်လည်း ယေရှုခရစ်တော်သည် အဆိုးဆုံးဖြစ်သူ ကျွန်ုပ်အပေါ် သူ၏ အဆုံးမဲ့သည်းခံခြင်းကို ဖော်ပြရန် ရည်ရွယ်သောကြောင့် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်းသည် ကိုယ်တော်ကို ယုံကြည်၍ ထာဝရအသက်ကို ရရှိကြမည့်သူများအတွက် ကျွန်ုပ်ကို စံနမူနာအဖြစ် ထားရန်ဖြစ်၏။
ဤသည်မှာ ကျွန်ုပ်တို့သည် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရအသက်ကို အမွေခံနိုင်ရန်ဖြစ်၏။
ငြိမ်းချမ်းခြင်းမျိုးစေ့ကို ကြဲသော ငြိမ်းချမ်းရေးဖော်ဆောင်သူများသည် ဖြောင့်မတ်ခြင်း၏ အသီးအနှံကို ရိတ်ကြရ၏။
သူတို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရန်အတွက် ပေါက်ဖွားလာပြီး ပင်ကိုဗီဇအရ ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြ၍ မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များကဲ့သို့ပင် ပျက်စီးကြလိမ့်မည်။
သူတို့သည် ထိုသူတို့ကို လွတ်လပ်ခွင့်ရမည်ဟု ကတိပေးသော်လည်း သူတို့ကိုယ်တိုင် ပျက်စီးခြင်း၏ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူသည် မိမိကို အနိုင်ယူစိုးမိုးသောအရာဟူသမျှ၏ ကျွန်ဖြစ်ရသောကြောင့်ဖြစ်၏။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆက်လက်ခံစား၍ ထာဝရအသက်ကို ရရှိစေမည့် ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်ကြလော့။
မတရားမှုပြုသောသူက ဆက်၍ ပြုပါစေ။ ညစ်ညမ်းသောသူက ဆက်၍ ညစ်ညမ်းပါစေ။ ဖြောင့်မတ်သောသူက ဆက်၍ ဖြောင့်မတ်ပါစေ။ သန့်ရှင်းသောသူက ဆက်၍ သန့်ရှင်းပါစေ” ဟုကျွန်ုပ်အား ပြော၏။