Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 သို့သော်လည်း ယေရှု​ခရစ်တော်​သည် အဆိုးဆုံး​ဖြစ်သူ ကျွန်ုပ်​အပေါ် သူ​၏ အဆုံးမဲ့​သည်းခံခြင်း​ကို ဖော်ပြ​ရန် ရည်ရွယ်​သောကြောင့် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်း​သည် ကိုယ်တော်​ကို ယုံကြည်​၍ ထာဝရ​အသက်​ကို ရရှိကြမည့်သူများ​အတွက် ကျွန်ုပ်​ကို စံနမူနာ​အဖြစ် ထားရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သို့ ရာ တွင် ထာ ဝ ရ အ သက် အ လို့ ငှါ ယေ ရှု ခ ရစ် ကို ယုံ ကြည် အံ့ သူ တို့ အ ဖို့ ပုံ စံ ဖြစ် စေ ရန် ခပ် သိမ်း သော စိတ် တော် ရှည် ခြင်း ကို ငါ့ အား ဖြင့် လွန် ကဲ စွာ ပြ သ တော် မူ လို၍ က ရု ဏာ တော် ကို ငါ ခံ ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သို့​သော်​လည်း၊ ထာ​ဝ​ရ​အ​သက်​အ​လို​ငှာ ယုံ​ကြည်​လ​တ္တံ့​သော​သူ​တို့ လိုက်​စ​ရာ​ပုံ​သက်​သေ ဖြစ်​စေ​ခြင်း​ငှာ၊ အ​ကြီး​ဆုံး​သော​အ​ပြစ်​ရှိ​သော ငါ၌၊ ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ခ​န္တီ​တော်​ကို ပြ​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​ကို​သ​နား​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သို့သော် ငါ​သည် ကရုဏာ​တော်​ကို​ခံစား​ရ​သည့်​အကြောင်းမှာ ခရစ်တော်​ယေရှု​သည် အဆိုးဆုံး​ဖြစ်​သော​ငါ​၌ ခပ်သိမ်း​သော​စိတ်ရှည်​သည်းခံ​ခြင်း​ကို​ပြသ​တော်မူ​ခြင်း​အားဖြင့် ကိုယ်တော်​ကို​ယုံကြည်​၍ ထာဝရ​အသက်​ရရှိ​မည့်​သူ​များ​အတွက် ငါ့​ကို​စံနမူနာ​ဖြစ်​စေရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:16
37 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောဆိုသည်​မှာ ထို​နည်းတူ အပြစ်သား​တစ်ဦး နောင်တရ​သောအခါ ဘုရားသခင်​၏​ကောင်းကင်တမန်များ ဝမ်းမြောက်ကြသည်” ဟူ၍ ဖြစ်၏။


ထိုအခါ ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ယနေ့ သင်​သည် ငါ​နှင့်အတူ ပရဒိသုဘုံ​တွင်​ရှိ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် သင့်​အား ငါ​ပြောလိုသည်​မှာ သူ​၏​အပြစ်​သည် အလွန်များပြားလှ​သော်လည်း သူ​သည် ခွင့်လွှတ်ခြင်း​ကို ခံရပြီ။ ထို့ကြောင့် သူ​သည် ငါ့​ကို များစွာ ချစ်တော်မူ၏။ အနည်းငယ်သော​အပြစ်လွှတ်ခြင်း​ကို ခံရသောသူ​သည် အနည်းငယ်​သာ​ချစ်တော်မူ၏” ဟု မိန့်တော်မူ၏။


သို့သော် ယေရှု​သည် ဘုရားသခင်​၏ သားတော် ခရစ်တော်​ဖြစ်ကြောင်း သင်တို့​ယုံကြည်ကြ​စေရန်​နှင့် ထိုသို့ ယုံကြည်​၍ နာမတော်​၏​တန်ခိုး​အားဖြင့် အသက်​ကို ရရှိကြ​စေရန် ဤ​ကျမ်းစာ​ကို ရေးသားရခြင်း​ဖြစ်၏။


သားတော်​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ သားတော်​၏​စကား​ကို နားမထောင်သော​သူ​မှာမူ ထာဝရ​အသက်​ကို မရဘဲ ဘုရားသခင်​၏ အမျက်တော်​သည်​သာ ထို​သူ​အပေါ်​၌ တည်နေမည်​ဖြစ်၏” ဟု ဟောလေ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​စကား​ကို နားထောင်​၍ ငါ့​ကို စေလွှတ်တော်မူသော​ဘုရား​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ ထို​သူ​သည် ပြစ်ဒဏ်​စီရင်ခြင်း​မခံရဘဲ သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းရသော​သူ​ဖြစ်၏။


ငါ့​ကို ခမည်းတော်​ပေးအပ်တော်မူသော သူတို့​သည် ငါ့​ထံသို့ လာကြ​လိမ့်မည်။ ငါ့​ထံသို့ လာသော​သူ​ကို ငါ​သည် ငြင်းပယ်မည်​မဟုတ်ပါ။


သို့ဖြစ်၍ သားတော်​ကို မြင်​၍ ယုံကြည်သောသူ​အပေါင်းတို့​သည် ထာဝရ​အသက်​ကို ရ​စေရန် ငါ့​ခမည်းတော်​အလိုရှိ၏။ ငါ​သည်လည်း ထို​သူတို့​ကို နောက်ဆုံးသော​နေ့​၌ သေရာ​မှ ထမြောက်စေမည်” ဟု မိန့်တော်မူ၏။


ငါ့​အသား​ကို စား​၍ ငါ့​အသွေး​ကို သောက်သောသူ​သည် ထာဝရ​အသက်​ကို ရ၏။ နောက်ဆုံးသော​နေ့​၌ ထို​သူ​ကို သေရာ​မှ​ထမြောက်စေမည်။


ထို​အရှင်​ကို ယုံကြည်သော​သူ​ရှိသမျှတို့​သည် မောရှေ​၏​ပညတ်တရား​အရ မလွှတ်နိုင်သော​အပြစ်များ​မှ လွတ်ခွင့်ရသည်​ကို​လည်းကောင်း သင်တို့​သိမှတ်ကြလော့။


ထိုသို့ ကျမ်းစာ​၌ ယခင်က ရေးသားခဲ့သော​အရာများ​သည် ကျွန်ုပ်တို့​ကို သွန်သင်​ရန် ရေးသားထားခြင်း​ဖြစ်ပြီး ထို​ကျမ်းစာ​မှ ရရှိသော သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​အားဖြင့် ကျွန်ုပ်တို့​တွင် မျှော်လင့်ချက်​ရှိစေရန် ဖြစ်၏။


အပြစ်​၏​အဖိုးအခ​သည် သေခြင်း​ဖြစ်၏။ ဘုရားသခင် အခမဲ့​ပေးတော်မူသော​ဆုကျေးဇူး​မှာ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော​ထာဝရ​အသက်​ဖြစ်၏။


အိမ်ထောင်​မပြုသေးသူများ​နှင့်​ပတ်သက်၍ သခင်ဘုရား​ထံမှ လာသော​ပညတ်​ကို ကျွန်ုပ်​မရ​သော်လည်း သခင်ဘုရား​၏ ကျေးဇူးတော်​ကို ခံစားရသည့် ယုံကြည်ထိုက်သူ​တစ်ဦး​အနေဖြင့် ကျွန်ုပ်​၏ ထင်မြင်ချက်​ကို ပေးပါမည်။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ကရုဏာတော်​ကို ခံစားရသည်​နှင့်အညီ ဤ​အမှုတော်​ကို ဆောင်ရွက်ရ​သောကြောင့် စိတ်ပျက်​အားလျော့ခြင်း​မရှိကြပေ။


ဤသည်​မှာ ခရစ်တော်​ကို ဦးစွာ မျှော်လင့်ထားခဲ့သော ဂျူးလူမျိုး ဖြစ်သည့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်းကြ​ရန် ဖြစ်၏။


ထို့ကြောင့် ချစ်တော်မူသော သားတော်​အားဖြင့် ကျွန်ုပ်တို့​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုန်းကြီးသော​ကျေးဇူးတော်​အတွက် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချီးမွမ်းကြရမည်​ဖြစ်၏။


ဤသည်​မှာ ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​အပေါ် ကျေးဇူးပြု​၍ သာလွန်ထူးကဲသော ကျေးဇူးတော်​၏​ကြွယ်ဝခြင်း​ကို အနာဂတ်​အစဉ်အဆက်​တွင် ဖော်ပြ​ရန် ဖြစ်၏။


ကြွလာတော်မူသော​နေ့​၌ ကိုယ်တော်​သည် ယုံကြည်သူတို့​အတွက် ပြုသော​အမှု​ကြောင့် ယုံကြည်သောသူ​အားလုံး​အလယ်​၌ ဘုန်းထင်ရှား​၍ အံ့အားသင့်​ခံရ​လိမ့်မည်။ သင်တို့​သည် ထို​အရှင်​အကြောင်း ကျွန်ုပ်တို့​၏ သက်သေခံချက်​ကို ယုံကြည်​သဖြင့် ထို​သူတို့​အထဲ​တွင် ပါဝင်ကြ၏။


တစ်ချိန်က ကျွန်ုပ်​သည် ခရစ်တော်​ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများ​ကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်း​ကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထို​အချိန်​တွင် ကျွန်ုပ်​သည် ခရစ်တော်​ကို မယုံကြည်​သေး​သောကြောင့် ကျွန်ုပ်​ပြုသော​အမှု​သည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရား​သည် ကျွန်ုပ်​အပေါ် ကရုဏာ​ထားတော်မူ၏။


ထို့ကြောင့် ကိုယ်တော်​သည် မိမိ​ကို​အမှီပြု​၍ ဘုရားသခင်​ထံသို့ ချဉ်းကပ်လာ​သူများ​ကို အပြည့်အဝ​ကယ်တင်​နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် သူတို့​အတွက် အသနားခံပေး​ရန် ထာဝရ​အသက်ရှင်နေ​သောကြောင့်​ဖြစ်၏။


ထို​ဝိညာဉ်များ​မှာ နောဧ​သည် သင်္ဘော​ဆောက်​စဉ် ဘုရားသခင် စိတ်ရှည်​စွာ စောင့်ဆိုင်းတော်မူ​သော်လည်း နောင်တ​မရသည့် မယုံကြည်သော​သူများ​ဖြစ်ကြ၏။ ထို​အချိန်​တွင် သင်္ဘော​ထဲမှ အနည်းငယ်​ဖြစ်သော လူ​ရှစ်ဦး​သာ ရေ​လွှမ်းမိုးခြင်း​မှ ကယ်တင်ခံခဲ့ကြ၏။


ကျွန်ုပ်တို့​၏ ချစ်ရသော​ညီအစ်ကို​ပေါလု​သည်လည်း ကျွန်ုပ်တို့​၏​သခင်ဘုရား​ပေးတော်မူသော ဉာဏ်ပညာ​ဖြင့် သင်တို့​ထံ စာရေးခဲ့သည့်​အတိုင်း ကျွန်ုပ်တို့​၏​သခင်ဘုရား​၏ စိတ်ရှည်တော်မူခြင်း​သည် သင်တို့​ကယ်တင်ခံရ​ရန် ဖြစ်ကြောင်း မှတ်ယူကြလော့။


လူတချို့ ထင်မှတ်​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​ကတိတော်​အတိုင်း​ပြု​ရန် နှောင့်နှေးတော်မူသည်​မဟုတ်။ ကိုယ်တော်​သည် မည်သူ​မျှ မပျက်စီးဘဲ လူတိုင်း နောင်တရ​စေရန် အလိုတော်​ရှိ​၍ သင်တို့​အပေါ် စိတ်ရှည်တော်မူခြင်း​သာ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ