Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 သေလွန်သော​သူတို့ ပြန်ရှင်ခြင်း​မှာလည်း ထို​နည်း​အတိုင်း​ဖြစ်၏။ ကျွန်ုပ်တို့ သေဆုံး​သောအခါ ကျွန်ုပ်တို့​၏ ပုပ်ပျက်တတ်သော​ခန္ဓာ​သည် မြေ​၌ စိုက်ပျိုးခြင်း​ခံရ၏။ သို့သော်လည်း ထမြောက်​သောအခါ မပုပ်ပျက်နိုင်သော​ခန္ဓာ​အဖြစ် ရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 ထို​နည်း​တူ​သေ​လွန်​သူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း သည်​ဤ​အ​တိုင်း​ဖြစ်​၏။ ကိုယ်​ခန္ဓာ​သည်​မြေ​၌​မြှုပ်​နှံ ခြင်း​ခံ​ရ​သော​အ​ခါ​ပုပ်​ပျက်​တတ်​သော​အ​ဖြစ် တွင်​ရှိ​၏။ ရှင်​ပြန်​ထ​မြောက်​သော​အ​ခါ​၌​မ​ပုပ် မ​ပျက်​တတ်​သော​အ​ဖြစ်​တွင်​ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 ထို နည်း တူ ရှင် ပြန် ထ မြောက် သော သူ သေ တို့ သည် သင်္ခါ ရ အ ဖြစ် စိုက် ရာ အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 ထို​နည်း​တူ၊ သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း အ​ကြောင်း​အ​ရာ​ဖြစ်၏။ ကိုယ်​သည် စိုက်​သော​အ​ခါ၊ ပုပ်​တတ်​သော​သ​ဘော​ရှိ၏။ ထ​မြောက်​သော​အ​ခါ မ​ပုပ်​နိုင်​သော​အ​ဖြစ်၌ တည်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:42
20 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်သော​သူတို့​မှာမူ ခမည်းတော်​၏​နိုင်ငံတော်​တွင် နေ​ကဲ့သို့ တောက်ပ​လိမ့်မည်။ နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။


ကိုယ်တော်​သည် အကျွန်ုပ်​၏​ဝိညာဉ်​ကို မရဏ​နိုင်ငံ​၌ စွန့်ပစ်ထားတော်မူမည်​မဟုတ်။ ကိုယ်တော်​၏​သန့်ရှင်းသူ​ကိုလည်း ပုပ်ပျက်ခြင်း​နှင့် ကြုံတွေ့စေတော်မူမည်​မဟုတ်။


ဒါဝိဒ်မင်း​သည် ဤ​အရာ​ကို ကြိုတင်သိမြင်​သဖြင့် ခရစ်တော်​၏​ရှင်ပြန်​ထမြောက်တော်မူခြင်း​နှင့် ပတ်သက်၍ ‘သူ့​ကို မရဏ​နိုင်ငံ​၌ စွန့်ပစ်ထားတော်မူမည်​မဟုတ်၊ ကိုယ်ခန္ဓာ​ကိုလည်း ပုပ်ပျက်ခြင်း​နှင့် ကြုံတွေ့စေတော်မူမည်​မဟုတ်’ ဟု ဆိုလေ၏။


ဘုန်းကြီး​၍ ထာဝရ​အသက်ရှင်သော ဘုရားသခင်​ကို ကိုးကွယ်ရမည့်​အစား သေမျိုး​ဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်း​သတ္တဝါများ​နှင့် တွားသွား​သတ္တဝါများ​၏ ပုံတူ​ရုပ်တုများ​ကို ထုလုပ်​ကိုးကွယ်လာကြ၏။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


သို့သော် ဖန်ဆင်းခံ​လောက​သည် သေခြင်း​နှင့် ပုပ်သိုး​ဆွေးမြည့်ခြင်း​၏​အနှောင်အဖွဲ့​မှ ကင်းလွတ်​၍ ဘုရားသခင်​၏ သားသမီးများ​နှင့်အတူ ဘုန်းအသရေ​နှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်​နေ့ရက်​ကို မျှော်လင့်​လျက် နေ၏။


နေ​၏ ဘုန်းအသရေ​သည် တစ်မျိုး၊ လ​၏ ဘုန်းအသရေ​သည် တစ်မျိုး၊ ကြယ်များ​၏ ဘုန်းအသရေ​သည် တစ်မျိုး အသီးသီး​ဖြစ်၏။ ကြယ်​တစ်လုံး​နှင့် တစ်လုံး​၏ ဘုန်းအသရေ​သည်လည်း ကွဲပြားကြ၏။


လူ့​ဗီဇစိတ်​ကို အလို​လိုက်​၍ စိုက်ပျိုးသောသူ​သည် ဗီဇစိတ်​မှ ပျက်စီးခြင်း​ကို ရိတ်သိမ်းရ​လိမ့်မည်။ ဝိညာဉ်တော်​၏ အလိုတော်​အတိုင်း စိုက်ပျိုးသောသူ​သည် ဝိညာဉ်တော်​ထံမှ ထာဝရ​အသက်​ကို ရိတ်သိမ်းရ​လိမ့်မည်။


ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေ​ကိုလည်း ရရှိစေတော်မူ၏။ ဤ​အမွေ​ကို သင်တို့​အတွက် ကောင်းကင်ဘုံ​၌ ထိန်းသိမ်းထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ