ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
ကောလောသဲ 4:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သခင်ဘုရား ပေးအပ်တော်မူသော အမှုတော်ကို ပြီးစီးအောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုကို ပြောကြလော့။ Common Language Bible သခင်ဘုရားပေးအပ်ခြင်းခံရသည့်အမှုတော် ကိုအပြီးတိုင်ဆောင်ရွက်ရန်အာခိပ္ပုအားပြော ကြားကြလော့။ Garrad Bible အ ရှင် ဘု ရား ရှေ့ ခံ ရ သော အ မှု တော် ကို ဂ ရု ပြု ဆောင် ရွက် ရန် အာ ခိ ပ္ပု အား ကြား ပြော ကြ လော့။ Judson Bible အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံခြင်းငှာ သတိပြုပါဟု ပြောကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အာခိပ္ပုအား “သခင်ဘုရား၌ရရှိထားသောအမှုတော်လုပ်ငန်းကို အလေးဂရုပြုလျက် ပြီးမြောက်အောင်ဆောင်ရွက်ပါ”ဟု ပြောကြားကြလော့။ |
ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
ခရစ်တော်သည် တချို့ကို တမန်တော်အဖြစ်လည်းကောင်း၊ တချို့ကို ပရောဖက်အဖြစ်လည်းကောင်း တချို့ကို သတင်းကောင်းဟောပြောသူအဖြစ်လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် ဆရာအဖြစ်လည်းကောင်း ခန့်ထားတော်မူ၏။
ပရောဖက်ပြုဟောပြောခြင်းကြောင့် သင်းအုပ်တို့သည် သင့်အပေါ် လက်တင်မင်္ဂလာပေးသောအခါ သင်ရရှိသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
သင်သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ မိမိသွန်သင်ချက်တို့ကိုလည်းကောင်း သတိပြု၍ ထိုအပေါ်ရပ်တည်လော့။ ထိုသို့ပြုလျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်သာမက သင်၏သွန်သင်ချက်ကို နားထောင်သောသူတို့ကိုလည်း ကယ်တင်လိမ့်မည်။
ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။
တိမောသေ… သင့်ထံ အပ်နှင်းထားသည့်အရာကို စောင့်ရှောက်လော့။ ဘုရားတရားမဲ့သည့် အကျိုးမရှိသောစကားများနှင့် အသိပညာဟု လွဲမှားစွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်အယူအဆများကို ရှောင်ကြဉ်လော့။
ထို့ကြောင့် သင့်အပေါ် ကျွန်ုပ်လက်တင်စဉ်က ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူးကို ပြန်လည်တောက်လောင်စေရန် လှုံ့ဆော်လော့ဟု ကျွန်ုပ်သတိပေး၏။
အသိသက်သေများစွာ ရှေ့၌ ကျွန်ုပ်သွန်သင်သည့်အရာများကို သင်ကြားသိရ၏။ ထိုအရာများကို ယုံကြည်စိတ်ချရ၍ သွန်သင်တတ်သောသူတို့အား လက်ဆင့်ကမ်းလော့။
ကျွန်ုပ်တို့၏နှမအပ္ပိ၊ ကျွန်ုပ်တို့၏ရဲဘော်ရဲဘက်အာခိပ္ပုနှင့်တကွ ဖိလေမုန်အိမ်၌ စုဝေးကြသောအသင်းသားများထံသို့ ပို့လိုက်သောစာ ဖြစ်၏။