Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ကော​လော​သဲ 4 - Garrad Bible

1 အ ရှင် ဖြစ် သူ တို့ သင် တို့ အ ပေါ် တွင် လည်း ကောင်း ကင် ဘုံ၌ အ ရှင် ရှိ တော် မူ ကြောင်း သိ ကြ သည့် အ လျောက် ကိုယ့် ကျွန် များ အား သ မာ သ မ ရာ ဖြစ် စေ ကြ လော့။

2 အ မြဲ ပ ဌ နာ ပြု၍ ကျေး ဇူး တော် ကို ချီး မွမ်း လျက် စောင့် နေ ကြ လော့။

3-4 ခ ရစ် တော်၏ နက် နဲ ရာ ကြောင့် အ ကျဉ်း ခံ ရ သော ငါ သည် ကြား ပြော သင့် သည် နှင့် အ ညီ၊ ဖော် ပြ ရန် ဓ မ္မ တံ ခါး ကို ဘု ရား သ ခင် ဖွင့် ထား တော် မူ ပါ မည့် အ ကြောင်း ငါ တို့ အ ဘို့ လည်း ပ ဌ နာ ပြု ကြ လော့။

5 အ ခါ အ ခွင့် ကို ဝယ် ယူ လျက် သာ သ နာ ပ တို့ ရှေ့ လိ မ္မာ စွာ ကျင့် ကြံ ပြု မူ ကြ လော့။

6 အ သီး အ သီး တို့ အား မည် သို့ ဖြေ ဆို သင့် ကြောင်း သိ စေ ခြင်း ငှာ ယဉ် ကျေး သော စ ကား ကို သင် တို့ အ ပြော အ ဆို တွင် ဆား သ ဖွယ် ခတ် ကြ လော့။

7 ချစ် လှ စွာ သော ညီ အစ် ကို၊ အ ရှင် ဘု ရား၌ သ စ္စာ စောင့် သော အ မှု တော် ဆောင် ကျွန် ချင်း ဖြစ် သူ တု ခိတ် သည် ငါ့ အ ဖြစ် အ ပျက် ရှိ သ မျှ ကို ကြား ပြော လိမ့် မည်။

8 ငါ တို့ အ ဖြစ် အ နေ ကို သိ သ ဖြင့် သင် တို့ စိတ် နှစ် သိမ့် စေ အံ့ သော ငှာ

9 ထို သူ နှင့် တ ကွ သင် တို့ အ ပါ အ ဝင် သ စ္စာ စောင့် သူ ချစ် လှ စွာ သော ညီ အစ် ကို သြ နေ သိမ် ကို လည်း ငါ စေ လွှတ် ပြီ။ ၎င်း တို့ သည် ဤ ဒေ သ၌ ဖြစ် ပျက် သ မျှ ကို ကြား ပြော ကြ လိမ့် မည်။

10 ငါ နှင့် အ တူ အ ကျဉ်း ခံ ရ သူ အာ ရိ တ္တာ ခု၊ ယု တ္တု ခေါ် ယေ ရှု ပါ ရောက် လာ လျှင် လက် ခံ ကြ လော့ ဟု ငါ မှာ ဘူး သော ဗာ န ဗ၏ ညီ တော် သူ မာ ကု တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။

11 လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ပြီး သူ တို့ အ နက် ထို သူ တို့ သာ လျှင် ဘု ရား သ ခင့် နိုင် ငံ တော် အ လို့ ငှာ ငါ့ လုပ် ဖော် ဆောင် ဖက် ငါ့ ကို နှစ် သိမ့် စေ သူ များ ဖြစ် ကြ၏။

12 သင် တို့ အ ပါ အ ဝင် ခ ရစ် တော်၏ ကျွန် ဧ ပ ဖြ က သင် တို့ သည် ဘု ရား သ ခင် အ လို တော် ရှိ သ မျှ၌ စုံ လင်၍ စိတ် ချ စွာ တည် နေ ကြ စေ ခြင်း ငှာ အ စဉ် လုံ့ လ နှင့် ပ ဌ နာ ပြု လျက် နှုတ် ဆက် လိုက်၏။

13 ထို သူ သည် သင် တို့ နှင့် လော ဒိ ကိ မြို့၊ ဟေ ရ ပေ လိ မြို့ များ၌ ရှိ နေ သူ တို့ အ တွက် များ စွာ ပင် ပန်း ခံ ကြောင်း ငါ သက် သေ ခံ၏။

14 ချစ် လှ စွာ သော ဆေး သ မား လု ကာ နှင့် ဒေ မ တို့ လည်း နှုတ် ဆက် လိုက် ကြ၏။

15 နုမ် ဖ မှ စ၍ သူ့ အိမ် ရှိ အ သင်း တော် ပါ လော ဒိ ကိ မြို့ နေ ညီ အစ် ကို တို့ ကို နှုတ် ဆက် ကြ လော့။

16 ဤ စာ ကို သင် တို့ ဖတ် ပြီး နောက် လော ဒိ ကိ အ သင်း တော် ဖတ် စေ ကြ လော့။ ထို အ သင်း တော် တ ဆင့် ပို့ လိုက် မည့် စာ ကို လည်း သင် တို့ နှင့် ဖတ် ကြ လော့။

17 အ ရှင် ဘု ရား ရှေ့ ခံ ရ သော အ မှု တော် ကို ဂ ရု ပြု ဆောင် ရွက် ရန် အာ ခိ ပ္ပု အား ကြား ပြော ကြ လော့။

18 ငါ ပေါ လု သည် နှုတ် ဆက် စ ကား ကို ကိုယ် တိုင် ရေး လိုက်၏။ ငါ အ ကျဉ်း ခံ ရ ခြင်း ကို သ တိ ရ ကြ လော့။ ကျေး ဇူး တော် သည် သင် တို့ နှင့် အ တူ တည် ရှိ စေ သ တည်း။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ