ငါ့သားသည် ယခင်က သေဆုံးသော်လည်း ယခု အသက်ပြန်ရှင်ပြီ။ ယခင်က ပျောက်ဆုံးသော်လည်း ယခုပြန်တွေ့ပြီ’ ဟု ဆို၍ ပွဲကျင်းပကြလေ၏။
ကောလောသဲ 2:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က သင်တို့သည် မိမိတို့၏ အပြစ်များနှင့် လူ့ဗီဇစိတ်ကို မဖြတ်တောက်နိုင်သေးသောကြောင့် ဝိညာဉ်ရေးအရ သေလူကဲ့သို့ ဖြစ်ခဲ့ကြ၏။ သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူ၍ Common Language Bible သင်တို့သည်အခါတစ်ပါးကအပြစ်ကူး သူများဖြစ်ကြသောကြောင့်လည်းကောင်း၊ ပညတ် တရားမခံယူသောလူမျိုးခြားဖြစ်သော ကြောင့်လည်းကောင်း ဝိညာဉ်ရေးအရသေသူ များဖြစ်ကြ၏။ သို့ရာတွင်ဘုရားသခင်သည် သင်တို့အား ခရစ်တော်နှင့်အတူအသက်ရှင် စေတော်မူ၏။ ဘုရားသခင်သည်ငါတို့၏ အပြစ်ဟူသမျှကိုဖြေလွှတ်တော်မူ၍၊- Garrad Bible ၎င်း ပြင် လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ ရုပ် ခ န္ဓာ နှင့် လွန် ကျူး မှု များ ကြောင့် သေ လျက် နေ ခဲ့ သော သင် တို့ ကို ကိုယ် တော် နှင့် တ ကွ ရှင် ပြန် ထ မြောက် စေ တော် မူ သော် ငါ တို့ လွန် ကျူး မှု ရှိ သ မျှ ကို ဖြေ လွှတ်၍၊ Judson Bible ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး |
ငါ့သားသည် ယခင်က သေဆုံးသော်လည်း ယခု အသက်ပြန်ရှင်ပြီ။ ယခင်က ပျောက်ဆုံးသော်လည်း ယခုပြန်တွေ့ပြီ’ ဟု ဆို၍ ပွဲကျင်းပကြလေ၏။
သို့သော် သင့်ညီငယ်သည် ယခင်ကသေဆုံး၍ ယခုအသက်ပြန်ရှင်လာ၏၊ ယခင်ကပျောက်ဆုံး၍ ယခုပြန်တွေ့ရသောကြောင့် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
ယေရှုက ထိုသူအား “ဝိညာဉ်ရေးရာ၌ သေဆုံးနေသောသူတို့သာ မိမိတို့၏လူသေကို သင်္ဂြိုဟ်ပါစေ။ သင်သည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောလော့” ဟု မိန့်တော်မူ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။
ဖခင်ကြီးဖြစ်သည့်အရာမှာ ကျမ်းစာ၌ ဘုရားသခင်သည် အာဗြဟံအား “ငါသည် သင့်ကို လူမျိုးများစွာတို့၏ ဖခင်ကြီးဖြစ်စေပြီ” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ ထိုသို့ ဖခင်ကြီးဖြစ်ရခြင်းမှာ အာဗြဟံသည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသောအရှင်၊ မဖြစ်ဖူးသေးသည့်အရာများကို ဖြစ်ပေါ်စေတော်မူသောအရှင် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
ယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသခင်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသော ထိုဝိညာဉ်တော်အားဖြင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကိုပင် ရှင်စေတော်မူလိမ့်မည်။
အို လူမိုက်… သင်စိုက်ပျိုးသော မျိုးစေ့သည် မပျက်လျှင် အပင်အဖြစ် ပေါက်လာမည်မဟုတ်။
ကျမ်းစာ၌ “ပထမဆုံးလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံးအာဒံသည် အသက်ရှင်စေသော ဝိညာဉ်ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပဋိညာဉ်သစ်၏ အမှုကိုဆောင်ရွက်နိုင်သော စွမ်းရည်ကို ပေးတော်မူ၏။ ထိုပဋိညာဉ်သည် စာဖြင့် ရေးသားထားသောပညတ်တရားမဟုတ်၊ ဝိညာဉ်တော်နှင့်ဆိုင်သောတရားဖြစ်၏။ စာဖြင့် ရေးသားထားသောပညတ်တရားသည် အသက်ကို သေစေ၏။ ဝိညာဉ်တော်ကမူ အသက်ကို ရှင်စေတော်မူ၏။
ဤသို့ဖြင့် ဘုရားသခင်သည် လူအပေါင်းတို့၏ အပြစ်များကို မှတ်တော်မမူဘဲ ခရစ်တော်အားဖြင့် မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၏။ ကိုယ်တော်သည် ပြန်လည်သင့်မြတ်ခြင်းတရားကို ဟောပြောရန် ကျွန်ုပ်တို့အား တာဝန်ပေးတော်မူ၏။
ယခင်က သင်တို့သည် မိမိတို့၏ ဒုစရိုက်များနှင့် အပြစ်များကြောင့် သေလူကဲ့သို့ ဖြစ်ကြ၏။
သင်တို့သည် လူမျိုးခြားများအဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများက သင်တို့ကို အရေပြားမလှီးသောသူများဟု ခေါ်ကြ၏။ ထိုသူတို့သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသူများဟု ခေါ်ကြ၏။ ထိုသူတို့၏ အရေပြားလှီးခြင်းသည် ကိုယ်ခန္ဓာပေါ်တွင် လူ့လက်ဖြင့် ပြုလုပ်သော အရာသာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အလင်း၌ ဖော်ပြခံရသော အရာအားလုံးသည် အလင်း ဖြစ်လာသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာမှ ထလော့။ ခရစ်တော်သည် သင့်အပေါ် ထွန်းလင်းတော်မူလိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။
သင်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သဖြင့် သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်စေတော်မူခြင်းကို ခံကြရ၏။
အရာအားလုံးကိုအသက်ရှင်စေတော်မူသည့်ဘုရားသခင်၏ ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ ရှေ့၌ ကောင်းသောဝန်ခံချက်ဖြင့် သက်သေခံတော်မူသော ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း တိုင်တည်၍ ကျွန်ုပ် သင့်ကို ညွှန်ကြားလိုက်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သက်ဆိုင်သော အခြေခံသွန်သင်ချက်များကို ထားရစ်ကာ ရင့်ကျက်ခြင်းသို့ တက်လှမ်းကြစို့။ သေခြင်းသို့ ပို့ဆောင်ပေးသောအကျင့်အတွက် နောင်တရခြင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်း၊
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
ထိုနည်းတူပင် ယုံကြည်ခြင်းတစ်ပါးတည်းသာဖြစ်လျှင် လုပ်ဆောင်ခြင်းမရှိသောကြောင့် အသေဖြစ်၏။
အို လူမိုက်… လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသုံးမဝင်ကြောင်း အထောက်အထား လိုအပ်သလော။
ဝိညာဉ်မရှိသော ကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသေဖြစ်၏။
သားသမီးတို့… သင်တို့သည် ကိုယ်တော်၏ နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းခံထားရသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။