လုကာ 15:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ငါ့သားသည် ယခင်က သေဆုံးသော်လည်း ယခု အသက်ပြန်ရှင်ပြီ။ ယခင်က ပျောက်ဆုံးသော်လည်း ယခုပြန်တွေ့ပြီ’ ဟု ဆို၍ ပွဲကျင်းပကြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ငါ့သားသည်ယခင်ကသေသော်လည်းယခု ပြန်၍အသက်ရှင်လာပြီ။ ယခင်ကပျောက်ဆုံး သော်လည်းယခုပြန်၍တွေ့ပြီ' ဟုမိမိ၏လုပ် သားတို့အားဆို၏။ ထိုနောက်သူတို့သည်ပျော် ရွှင်ပွဲကိုဆင်နွှဲကြကုန်၏။ အခန်းကိုကြည့်ပါ။Garrad Bible24 ငါ့ သား သည် သေ ရာ မှ ရှင် ပြန် ပြီး။ ပျောက် ရာ မှ တွေ့ ပြီ ဟု ဆို လျက် ပျော် မွေ့ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible24 ငါ့သားသည် အထက်ကသေ၏။ ယခု ရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုပြန်တွေ့၏ဟု အစေအပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကို ပြုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 အကြောင်းမူကား ငါ၏ဤသားသည် သေဆုံးခဲ့သော်လည်း ပြန်ရှင်လာပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီ’ဟု ဆိုလေ၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကိုအစပြုကြလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ24 ငါ့သားသည် အထက်ကသေ၏။ ယခု ရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုပြန်တွေ့၏ဟု အစေအပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကို ပြုကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။