Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 သို့သော် အပျော်အပါး​မက်သော မုဆိုးမ​မှာမူ အသက်ရှင်​လျက်ပင် အသေ​ကဲ့သို့ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ရာ​တွင်​အ​ပျော်​အ​ပါး​မက်​သော​မု​ဆိုး မ​မူ​ကား အ​သက်​ရှင်​လျက်​ပင်​ရှိ​သော်​လည်း အ​သေ​ကဲ့​သို့​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အ ပျော် အ ပါး မက် သော မု ဆိုး မ မူ ကား အ သက် ရှင် လျက် ပင် အ သေ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ကာ​မ​ဂုဏ်​စည်း​စိမ်၌​ပျော်​မွေ့​သော မု​ဆိုး​မ​မူ​ကား၊ အ​သက်​ရှိ​လျက်​ပင် အ​သေ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 အပျော်အပါး​လိုက်စား​သော​မုဆိုးမ​မူကား အသက်ရှင်​လျက်​ပင် သေဆုံး​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:6
29 ပူးပေါင်းရင်းမြစ်များ  

သို့သော် ယေရှု​က “ယခု​ပင် ငါ့​နောက်သို့ လိုက်လော့။ ဝိညာဉ်ရေးရာ​၌ သေဆုံးနေသော​သူတို့​သာ မိမိတို့​၏​လူသေ​ကို သင်္ဂြိုဟ်ပါစေ” ဟု မိန့်တော်မူ၏။


ငါ့​ကိုယ်​ငါ​လည်း “အို မိတ်ဆွေ… သင့်​ထံ​၌ နှစ်ပေါင်းများ​စွာ​ဇိမ်ခံ​ရန် ပစ္စည်းဥစ္စာများ အလျှံပယ်​ရှိပြီ​ဖြစ်၍ အပန်းဖြေ​လျက် စားသောက်​လျက် ပျော်မြူးပါလော့” ဟူ၍​ပြောမည်’ ဟု ဆိုလေ၏။


ရက်​အနည်းငယ်​ကြာသော် သားငယ်​သည် မိမိ​ပိုင်ဆိုင်​သမျှ​ကို ထုပ်ပိုး​ကာ ဝေးသော​တိုင်းပြည်​သို့ ထွက်သွား၏။ ထို​ပြည်​သို့ ရောက်​သောအခါ သူ​သည် ပျော်ပါး​သောက်စား​၍ အသက်ရှင်​လျက် ယူဆောင်လာ​သမျှ စည်းစိမ်များ​ကို ဖြုန်းတီးလေ၏။


ငါ့​သား​သည် ယခင်​က သေဆုံး​သော်လည်း ယခု အသက်​ပြန်ရှင်ပြီ။ ယခင်​က ပျောက်ဆုံး​သော်လည်း ယခု​ပြန်တွေ့ပြီ’ ဟု ဆို​၍ ပွဲ​ကျင်းပကြလေ၏။


သို့သော် သင့်​ညီငယ်​သည် ယခင်​က​သေဆုံး​၍ ယခု​အသက်​ပြန်ရှင်လာ၏၊ ယခင်က​ပျောက်ဆုံး​၍ ယခု​ပြန်တွေ့ရ​သောကြောင့် သူ့​အတွက် ဝမ်းမြောက်​ပျော်ရွှင်ကြရမည်’ ဟူ၍ ဆိုလေသည်” ဟု​မိန့်တော်မူ၏။


တစ်ခါက သူဌေး​တစ်ဦး​ရှိ၏။ သူ​သည် အဖိုးတန် ခရမ်းရောင်​ပိတ်ချော​အဝတ်​ကို ဝတ်ဆင်​ကာ စည်းစိမ်​ခံစား​၍ နေ့တိုင်း ပျော်ပါး​လျက်​နေ၏။


သို့မဟုတ် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် သွားကြသနည်း။ အဖိုးတန်​အဝတ်အထည်တို့​ကို ဝတ်ဆင်သော​သူ​ကို​လော။ ဝတ်ကောင်းစားလှ​ကို ဝတ်ဆင်​လျက် စည်းစိမ်​ခံစား​၍​နေသောသူတို့​သည် နန်းတော်များ​၌သာ နေကြ၏။


ယခင်က သင်တို့​သည် မိမိတို့​၏ ဒုစရိုက်များ​နှင့် အပြစ်များ​ကြောင့် သေလူ​ကဲ့သို့ ဖြစ်ကြ၏။


အပြစ်များ​ကြောင့် သေ​လျက်​ရှိသော ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်း​ခံရသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်​သာ ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် အလင်း​၌ ဖော်ပြခံရသော အရာ​အားလုံး​သည် အလင်း ဖြစ်လာ​သောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာ​မှ ထလော့။ ခရစ်တော်​သည် သင့်​အပေါ် ထွန်းလင်းတော်မူ​လိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။


ယခင်က သင်တို့​သည် မိမိတို့​၏ အပြစ်များ​နှင့် လူ့​ဗီဇ​စိတ်​ကို မဖြတ်တောက်​နိုင်သေး​သောကြောင့် ဝိညာဉ်ရေး​အရ သေလူ​ကဲ့သို့ ဖြစ်ခဲ့ကြ၏။ သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်စေတော်မူ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ အပြစ်များ​အားလုံး​ကို ခွင့်လွှတ်တော်မူ​၍


အဘယ်ကြောင့်ဆိုသော် သူတို့​ထဲမှ တချို့​သည် အိမ်များ​သို့ လှည့်စား​ဝင်ရောက်​၍ အညှာလွယ်သော​အမျိုးသမီးတို့​ကို အလွယ်တကူ သိမ်းသွင်းတတ်ကြ၏။ ထို​အမျိုးသမီးတို့​သည် အပြစ်​ဝန်ပိနေပြီး တပ်မက်မှု​အမျိုးမျိုး​၏ ဆွဲဆောင်ရာ​နောက်သို့ လိုက်သူများ​ဖြစ်၏။


သင်တို့​သည် ဤ​လောက​တွင် စည်းစိမ်ခံစား​လျက် ဇိမ်ကျကျ နေကြပြီ။ အသတ်​ခံကြရမည့်​နေ့​အတွက် မိမိ​ကိုယ်ကိုယ် ဆူဖြိုး​အောင် ကျွေးမွေးခဲ့ကြပြီ။


သူ​သည် မိမိကိုယ်ကိုယ် ချီးမြှောက်​၍ စည်းစိမ်​ခံစားခဲ့သည်​နှင့်အညီ သူ့​ကို ညှဉ်းဆဲ​၍ ဝမ်းနည်း​ပူဆွေးစေကြလော့။ အဘယ်ကြောင့်ဆိုသော် သူ​က ‘ငါ​သည် မိဖုရား​ကဲ့သို့ အုပ်စိုး၏။ ငါ​သည် မုဆိုးမ မဟုတ်။ ငါ​သည် မည်သည့်​အခါ​မျှ ဝမ်းနည်း​ပူဆွေး​ရမည် မဟုတ်’ ဟု မိမိ​စိတ်​ထဲ၌ ပြောဆို​သောကြောင့်​ဖြစ်၏။


သာဒိမြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ ဘုရားသခင်​၏ ဝိညာဉ်​ခုနစ်ပါး​နှင့် ကြယ်​ခုနစ်လုံး​ရှိသောသူ​က ဤသို့​မိန့်တော်မူ၏။ သင်​၏​အပြုအမူ​ကို ငါ​သိ၏။ သင်​သည် အသက်ရှင်သည်​ဟု နာမည်ခံထား​သော်လည်း သေ​လျက်​နေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ