၂ ကော 5:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ဤသို့ဖြင့် ဘုရားသခင်သည် လူအပေါင်းတို့၏ အပြစ်များကို မှတ်တော်မမူဘဲ ခရစ်တော်အားဖြင့် မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၏။ ကိုယ်တော်သည် ပြန်လည်သင့်မြတ်ခြင်းတရားကို ဟောပြောရန် ကျွန်ုပ်တို့အား တာဝန်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။ အခန်းကိုကြည့်ပါ။Garrad Bible19 ဤ လော က သား တို့ ကျူး လွန် မှု များ ကို မှတ် တော် မ မူ ဘဲ ခ ရစ် တော်၌ မိတ် သ ဟာ ယ ဖွဲ့ စေ တော် မူ သော ဘု ရား သ ခင် သည် ထို သို့ မိတ် သ ဟာ ရ ဖွဲ့ ခြင်း ဆိုင် ရာ တ ရား တော် ကို ငါ တို့ အား လွှဲ အပ် တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible19 ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ဆိုလိုသည်မှာ ဘုရားသခင်သည် လောကီသားတို့ကျူးလွန်သောအပြစ်များကို သူတို့အပေါ်သင့်ရောက်စေတော်မမူဘဲ သူတို့ကို ခရစ်တော်၌ မိမိနှင့်ပြန်လည်သင့်မြတ်စေတော်မူပြီး ပြန်လည်သင့်မြတ်ခြင်းတရားကို ငါတို့၌အပ်ထားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။