ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
၁ သက် 2:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိနိုင်ငံတော်နှင့် ဘုန်းတော်အတွက် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်၏လူဖြစ်သည့်အလျောက် ဘုရားသခင်၏လူပီသစွာ ပြုမူနေထိုင်ရန် အားပေးနှစ်သိမ့်၍ တိုက်တွန်းနှိုးဆော်ကြ၏။ Common Language Bible ငါတို့သည်သင်တို့ကိုအားပေးစကားပြော ကြားခဲ့ကြ၏။ စိတ်သက်သာမှုကိုရရှိစေခဲ့ ကြ၏။ ကိုယ်တော်၏နိုင်ငံတော်သို့ဝင်ခွင့်နှင့် ဘုန်းအသရေကိုခံယူခွင့်ရနိုင်စိမ့်သောငှာ သင်တို့အားခေါ်ယူရွေးကောက်တော်မူသော ဘုရားသခင်နှစ်သက်တော်မူသည့်အကျင့် မျိုးကိုကျင့်ကြစေရန်တိုက်တွန်းနှိုးဆော်ခဲ့ ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိနိုင်ငံတော်နှင့်ဘုန်းအသရေတော်သို့ သင်တို့ကိုခေါ်ယူတော်မူသောဘုရားသခင်နှင့် ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သင်တို့တစ်ဦးစီကို တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပေးကာ သတိပေးခဲ့ကြ၏။ |
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ထိုသို့ ဘုရားသခင်သည် မိမိရွေးကောက်ထားသောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူပြီးနောက် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူပြီးနောက် ဘုန်းအသရေကို ပေးတော်မူ၏။
သင်တို့အား မိမိ၏သားတော်၊ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်နှင့် မိတ်သဟာယဖွဲ့ပေါင်းဖော်စေရန် ရွေးကောက်တော်မူသော ဘုရားသခင်သည် သစ္စာရှိတော်မူ၏။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း ပြုမူနေထိုင်ကြရန် သင်တို့အား ကျွန်ုပ်ပြောလို၏။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့သည် လူ့ဗီဇစိတ်အလိုကို မလိုက်ဘဲ နေကြလိမ့်မည်။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
သင်တို့သည် ယခင်က အမှောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သခင်ဘုရား၏ လူများ ဖြစ်လာကြသောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏ သားသမီးများကဲ့သို့ ပြုမူနေထိုင်ကြလော့။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
ထို့ကြောင့် သင်တို့သည် ယေရှုခရစ်တော်ကို သခင်အဖြစ် လက်ခံကြသည့်အားလျော်စွာ ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောသူများအနေဖြင့် ဆက်လက် ပြုမူနေထိုင်ကြလော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ထိုသို့ သင်တို့၏ နေ့စဉ်ပြုမူနေထိုင်ခြင်းကို မယုံကြည်သူများက မြင်သောအခါ သင်တို့ကို လေးစားလာကြမည်။ သင်တို့သည်လည်း မည်သူ့ကိုမျှ မှီခိုရန် လိုအပ်တော့မည်မဟုတ်။
သင်တို့ကို ခေါ်တော်မူသောအရှင်သည် သစ္စာရှိသော ဘုရားဖြစ်သောကြောင့် ကတိထားသည့်အတိုင်း ပြုတော်မူမည်။
ကြွလာတော်မူသောနေ့၌ ကိုယ်တော်သည် ယုံကြည်သူတို့အတွက် ပြုသောအမှုကြောင့် ယုံကြည်သောသူအားလုံးအလယ်၌ ဘုန်းထင်ရှား၍ အံ့အားသင့်ခံရလိမ့်မည်။ သင်တို့သည် ထိုအရှင်အကြောင်း ကျွန်ုပ်တို့၏ သက်သေခံချက်ကို ယုံကြည်သဖြင့် ထိုသူတို့အထဲတွင် ပါဝင်ကြ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။
သို့သော် သင်တို့မှာမူ ရွေးကောက်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ ဘုရားသခင်ပိုင်ဆိုင်သောလူမျိုးဖြစ်ကြ၏။ ဤသည်မှာ သင်တို့ကို အမှောင်ထဲမှ အံ့ဖွယ်အလင်းထဲသို့ ခေါ်တော်မူသောဘုရားသခင်ပြုသည့် အံ့ဩဖွယ်အမှုများကို ကြွေးကြော်ရန်ဖြစ်၏။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
သို့သော် ဘုရားသခင်သည် သင်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် မိမိ၏ထာဝရတည်သောဘုန်းအသရေတော်ကို မျှဝေခံစားစေရန် ရွေးကောက်တော်မူ၏။ ထိုကျေးဇူးတော်အပေါင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ခဏတာ ဆင်းရဲဒုက္ခခံပြီးသော သင်တို့အား ပြီးပြည့်စုံစေ၍ ကြံ့ကြံ့ခိုင် ရပ်တည်မြဲမြံစေတော်မူလိမ့်မည်။
အသက်ရှင်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့နှင့် ဆိုင်သည့် လိုအပ်သမျှအရာအားလုံးကို ကိုယ်တော်သည် မိမိ၏ဘုရားတန်ခိုးတော်ဖြင့် ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းကို ခံစားစေရန် ကျွန်ုပ်တို့အား ရွေးကောက်တော်မူသောအရှင်ကို သိခြင်းအားဖြင့် ဤအရာအားလုံးကို ကျွန်ုပ်တို့လက်ခံရရှိကြ၏။
ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြောင်း ကြွေးကြော်သောသူသည် ယေရှုကဲ့သို့ အသက်ရှင်နေထိုင်ရမည်။
ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရီးဆက်နိုင်ကြစေရန် ကူညီလျှင် ကောင်းမှုပြုခြင်း ဖြစ်လိမ့်မည်။