Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ယော 1:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို​သူတို့​သည် သင်​၏​ချစ်ခြင်းမေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့၌ သက်သေခံကြ၏။ သင်​သည် ထို​သူတို့​ကို ဘုရားသခင်​၏ အလိုတော်​နှင့်အညီ ခရီးဆက်​နိုင်ကြ​စေရန် ကူညီ​လျှင် ကောင်းမှုပြုခြင်း ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထို​သူ​တို့​သည်​သင်​၏​မေတ္တာ​အ​ကြောင်း​ကို ဤ အ​သင်း​တော်​ရှေ့​၌​သက်​သေ​ခံ​ကြ​လေ​ပြီ။ သူ တို့​သည်​ရှေ့​သို့​ခ​ရီး​ဆက်​နိုင်​ကြ​စေ​ရန်​သူ တို့​အား​ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သည့် အ​တိုင်း​ကူ​ညီ​မ​စ​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အ သင်း တော် ရှေ့ သူ တို့ သက် သေ ခံ ကြ၏။ သူ တို့ ကို ဘု ရား သ ခင် နှင့် ထိုက် လျော် စွာ သင် ပို့ လိုက် လျှင် သင့် မြတ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သူ​တို့​သည် သင်၏​ချစ်​ခြင်း​မေ​တ္တာ​အ​ကြောင်း​ကို အ​သင်း​တော်​ရှေ့၌ သက်​သေ​ခံ​ကြ၏။ သင်​သည် ထို​သူ​တို့​ကို ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ပို့​လိုက်​ပြန်​လျှင်၊ ကောင်း​သော​အ​မှု​ကို ပြု​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​သူ​တို့​သည် သင်​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့​၌ သက်သေခံ​ကြ​၏။ သင်​သည် ထို​သူ​တို့​ကို ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆက်လက်​ပို့ဆောင်​ပေး​လျှင် ကောင်း​သော​အမှု​ပြု​ခြင်း​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ယော 1:6
15 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် ရုပ်တုများ​အား ပူဇော်ထားသော​အစားအစာ​ကို စားသုံးခြင်း၊ သွေး​ကို စားသုံးခြင်း၊ လည်​ညှစ်သတ်သော​တိရစ္ဆာန်များ​၏​အသား​ကို စားသုံးခြင်း​နှင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်ရမည်။ သင်တို့​သည် ထို​အရာများ​နှင့် ကင်းရှင်း​လျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။


ထို့နောက် အသင်းသားများ​သည် ထို​သူတို့​ကို မြို့ပြင်​ထိ လိုက်ပို့ကြ၏။ ပေါလု​နှင့် ဗာနဗ​တို့​သည် ဖိုနီးရှားပြည်​နှင့် ရှမာရိပြည်​ကို ဖြတ်သွား​စဉ် လူမျိုးခြားများ​၏​ပြောင်းလဲခြင်း​အကြောင်း​ကို ပြန်ပြောပြကြ​သဖြင့် ယုံကြည်သူများ​သည်လည်း အလွန်​ဝမ်းမြောက်ကြ၏။


ခုနစ်ရက်​ပြည့်​သောအခါ ကျွန်ုပ်တို့​သည် ခရီးဆက်ကြ၏။ တပည့်တော်​အားလုံးတို့​သည် ဇနီး၊ သားသမီးများ​နှင့်အတူ ကျွန်ုပ်တို့​ကို မြို့ပြင်​ထိ​လိုက်ပို့ကြ၏။ ကမ်းခြေ​သို့​ရောက်​သောအခါ ကျွန်ုပ်တို့​သည် ဒူးထောက်​၍ ဆုတောင်းကြ၏။


စပိန်ပြည်​သို့ ကျွန်ုပ်​သွား​သောအခါ သင်တို့​ထံ ဝင်ရောက်​တွေ့ဆုံမည်​ဟု စီစဉ်ထား၏။ သင်တို့​ထံ ဝမ်းမြောက်​စွာ ခေတ္တ​တည်းခိုနေထိုင်​ပြီးနောက် ခရီးဆက်​နိုင်ရန်​အတွက်​လည်း သင်တို့ ကူညီမည်​ဟု မျှော်လင့်ပါ၏။


မာကေဒေါနိပြည်​သို့ အသွား​၌ ဦးစွာ တစ်ကြိမ်၊ အပြန်​၌ တစ်ကြိမ် ဝင်ရောက်​လည်ပတ်​ပြီးနောက် သင်တို့​၏​အကူအညီ​ဖြင့် ယုဒပြည်​သို့ သွား​ရန် စီစဉ်ထား၏။


သို့သော်လည်း ကျွန်ုပ်​ဆင်းရဲဒုက္ခ​ကြုံ​သောအခါ သင်တို့​ပါဝင်​ကူညီခြင်း​သည် အလွန်​ကောင်းသည့် လုပ်ဆောင်ချက်​ဖြစ်၏။


သို့မှသာ သင်တို့​သည် ကောင်းမှု​အမျိုးမျိုး​ဖြစ်သော အသီးအပွင့်များ သီးပွင့်​ကာ ဘုရားသခင်​ကို ပိုမို​သိကျွမ်းသည်​နှင့်အညီ သခင်ဘုရား​၏ လူ​ဖြစ်သည့်​အလျောက် သခင်ဘုရား​၏ လူ​ပီသ​စွာ ပြုမူနေထိုင်​၍ သခင်ဘုရား​ကို နှစ်သက်စေ​နိုင်မည်​ဖြစ်၏။


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


ကျမ်းတတ်​ပညာရှင် ဇေန​နှင့် အာပေါလု​တို့ကို အတတ်နိုင်ဆုံး​ကူညီ​၍ လမ်းခရီး​တွင် သူတို့​လိုအပ်သမျှ အရာ​အားလုံး​ကို ဖြည့်ဆည်းပေးလော့။


သင်တို့​သည် ပြစ်မှား​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် မည်သည့်​ဂုဏ်ယူစရာ​ရှိမည်နည်း။ သို့သော် ကောင်းမှု​ပြု​၍ ရိုက်နှက်​ခံရ​သောအခါ သည်းခံ​လျှင် ဘုရားသခင်​ရှေ့တော်​၌ ချီးကျူးထိုက်ဖွယ်​ဖြစ်၏။


ဒေမေတရိ​၏ ကောင်းကြောင်း​ကို လူတိုင်း​သာမက သမ္မာတရား​ကိုယ်တိုင်​က သက်သေခံ၏။ ကျွန်ုပ်တို့​သည်လည်း သက်သေခံကြ၏။ ကျွန်ုပ်တို့​၏ သက်သေခံချက် မှန်ကန်ကြောင်း သင်​သိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ