Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ သက် 1:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ကြွလာတော်မူသော​နေ့​၌ ကိုယ်တော်​သည် ယုံကြည်သူတို့​အတွက် ပြုသော​အမှု​ကြောင့် ယုံကြည်သောသူ​အားလုံး​အလယ်​၌ ဘုန်းထင်ရှား​၍ အံ့အားသင့်​ခံရ​လိမ့်မည်။ သင်တို့​သည် ထို​အရှင်​အကြောင်း ကျွန်ုပ်တို့​၏ သက်သေခံချက်​ကို ယုံကြည်​သဖြင့် ထို​သူတို့​အထဲ​တွင် ပါဝင်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ သက် 1:10
40 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


သို့သော် ထို​အရာများ​သည် မည်သည့်​နေ့ရက်၊ မည်သည့်​အချိန်နာရီ​၌ ဖြစ်ပျက်​လာမည်​ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံ​ရှိ ကောင်းကင်တမန်များ​လည်း မသိ။ သားတော်​လည်း မသိ။ ခမည်းတော်​တစ်ပါးတည်း​သာလျှင် သိတော်မူ၏။


လူသား​သည် မိမိ​၏​ဘုန်းအသရေ​ကို ဆောင်​၍ ကောင်းကင်တမန်များ​ခြံရံ​လျက် ကြွလာ​သောအခါ ဘုန်းအသရေ​နှင့် ပြည့်စုံသော သူ​၏ ရာဇပလ္လင်​ပေါ်​တွင် ထိုင်တော်မူ​လိမ့်မည်။


တရားစီရင်သော​နေ့​တွင် ‘သခင်… သခင်… အကျွန်ုပ်တို့​သည် သခင်​၏​အမည်​နာမတော်​အားဖြင့် ဟောပြော​သွန်သင်ခဲ့ကြသည်​မဟုတ်လော။ သခင်​၏​အမည်​နာမတော်​အားဖြင့် နတ်ဆိုးတို့​ကို နှင်ထုတ်ခဲ့ကြသည်​မဟုတ်လော။ သခင်​၏​အမည်​နာမတော်​အားဖြင့် အံ့ဖွယ်တန်ခိုး​များစွာ​ကို ပြခဲ့ကြသည်​မဟုတ်လော’ ဟူ၍ လူတို့​သည် ငါ့​အား လျှောက်ကြ​လိမ့်မည်။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ တရားစီရင်သော​နေ့​တွင် သောဒုံမြို့​ထက် ထို​မြို့​သည် ပို၍​အပြစ်ဒဏ်ခံရ​လိမ့်မည်။


ထို​သတင်း​ကို ယေရှု ကြားတော်မူ​သောအခါ “ဤ​ဖျားနာခြင်း​သည် သေစေမည့်​ဖျားနာခြင်း​မဟုတ်ဘဲ ဘုရားသခင်​၏ ဘုန်းတော်​ကို ထင်ရှားစေမည့် ဖျားနာခြင်း​ဖြစ်၏။ ဤ​ဖျားနာခြင်း​ကြောင့် ဘုရားသခင်​၏​သားတော်​သည်လည်း ဘုန်းတော်​ထင်ရှား​လိမ့်မည်” ဟု မိန့်တော်မူ၏။


အကျွန်ုပ်​ပိုင်သော​သူ ရှိသမျှတို့​ကို ကိုယ်တော်​ပိုင်တော်မူ​၍ ကိုယ်တော်​ပိုင်တော်မူသော​အရာ မှန်​သမျှတို့​ကိုလည်း အကျွန်ုပ်​ပိုင်ပါ၏။ ထို့ကြောင့် ထို​အရာများ​အားဖြင့် အကျွန်ုပ်​သည် ဘုန်းထင်ရှားပါ၏။


ထိုသို့ဖြင့် သင်တို့​အား ကျွန်ုပ်​ဟောပြောခဲ့သည့် ခရစ်တော်​နှင့်​ပတ်သက်သော အကြောင်းအရာများ မှန်ကန်ကြောင်း​ကို ဘုရားသခင်​သည် အတည်ပြု​ပေးတော်မူ၏။


ထို​သူ​အသီးသီးတို့​၏ လုပ်ဆောင်မှု​သည် ပေါ်​လာ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာ​နေ့​၌ ထို​သူတို့​၏ လုပ်ဆောင်မှု​ကို မီး​သည် ဖော်ပြမည်​ဖြစ်သောကြောင့်​ပင်။ ထို​မီး​သည် လူ​အသီးသီးတို့​၏ လုပ်ဆောင်မှု​အရည်အသွေး​ရှိမရှိ​ကို စစ်ဆေး​လိမ့်မည်။


ထိုအခါ သူတို့​သည် ကျွန်ုပ်​ကြောင့် ဘုရားသခင်​ကို ချီးမွမ်းကြ၏။


ဤသည်​မှာ ခရစ်တော်​ကို ဦးစွာ မျှော်လင့်ထားခဲ့သော ဂျူးလူမျိုး ဖြစ်သည့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်းကြ​ရန် ဖြစ်၏။


ထို​ဝိညာဉ်တော်​သည် ဘုရားသခင်​၏​လူများ ရွေးနုတ်တော်မူခြင်း​ခံရမည့်​ကာလ မရောက်မချင်း ကျွန်ုပ်တို့​၏ အမွေ​အတွက် အာမခံချက်​ပေး​လျက် စရန်​အဖြစ် ရှိတော်မူ၏။ ဤသည်​မှာ ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်းကြ​ရန် ဖြစ်၏။


ဘုရားသခင် ရွေးချယ်တော်မူ​သဖြင့် သင်တို့ မျှော်လင့်ရသော​အရာ​သည် မည်သည့်​အရာ​ဖြစ်သည်​ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်​၏ ဘုန်းအသရေ​သည် မည်မျှ​ကြွယ်ဝသည်​ကို​လည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့​အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်​တန်ခိုးတော်​သည် မည်မျှ​ကြီးမားသည်​ကို​လည်းကောင်း သင်တို့​သိ​စေရန် သင်တို့​၏ ဉာဏ်​မျက်စိ​ကို ပွင့်စေတော်မူပါ​ဟု ကျွန်ုပ်​ဆုတောင်း၏။


ထို့ကြောင့် ချစ်တော်မူသော သားတော်​အားဖြင့် ကျွန်ုပ်တို့​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုန်းကြီးသော​ကျေးဇူးတော်​အတွက် ကျွန်ုပ်တို့​သည် ဘုရားသခင်​ကို ချီးမွမ်းကြရမည်​ဖြစ်၏။


ဤသည်​မှာ ယေရှု​ခရစ်တော်​အားဖြင့် ကျွန်ုပ်တို့​အပေါ် ကျေးဇူးပြု​၍ သာလွန်ထူးကဲသော ကျေးဇူးတော်​၏​ကြွယ်ဝခြင်း​ကို အနာဂတ်​အစဉ်အဆက်​တွင် ဖော်ပြ​ရန် ဖြစ်၏။


ဤသို့​ပြုခြင်း​သည် ကောင်းကင်​အရပ်​ရှိ အုပ်ချုပ်သူများ​နှင့် အာဏာရှိသူများ​က အဘက်ဘက်​၌ ပြည့်စုံသော ဘုရားသခင်​၏ ပညာတော်​ကို အသင်းတော်​မှတစ်ဆင့် သိမြင်လာကြ​စေရန် ဖြစ်၏။


ဘုရားသခင်​၏ ဘုန်းတော် ကြွယ်ဝသည်​နှင့်အညီ သင်တို့​၏ အတွင်း​စိတ်​ကို ဝိညာဉ်တော်​မှတစ်ဆင့် တန်ခိုးတော်​ဖြင့် ကြံ့ခိုင်​သန်မာ​စေတော်မူ​ရန် ဆုတောင်း၏။


ကျွန်ုပ်တို့​သည် သတင်းကောင်း​ကို စကား​သက်သက်​ဖြင့် မဟောပြောဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ တန်ခိုးတော်​ဖြင့်​လည်းကောင်း၊ ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့်​လည်းကောင်း သင်တို့​ထံ ဟောပြောကြ၏။ ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိ​စဉ်အခါက သင်တို့​အကျိုး​ကို ထောက်​၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့​အသိ​ပင် ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​ထံ ကျွန်ုပ်တို့​ရောက်လာခဲ့ခြင်း​သည် အချည်းနှီး​မဖြစ်ခဲ့ကြောင်း သင်တို့​ကိုယ်တိုင်​သိကြ၏။


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


သင်တို့​သည် ကျွန်ုပ်တို့​ထံမှ ကြားနာသော ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို လူ့​စကား​အဖြစ် မဟုတ်ဘဲ ဘုရားသခင်​၏ နှုတ်ကပတ်တော်​အဖြစ် လက်ခံ​သောကြောင့် ဘုရားသခင်​ကို ကျွန်ုပ်တို့ အစဉ်အမြဲ​ကျေးဇူးတင်ကြ၏။ ထို​နှုတ်ကပတ်တော်​သည် အမှန်​ပင်လည်း ဘုရားသခင်​၏ နှုတ်ကပတ်တော်​ဖြစ်​၍ ခရစ်တော်​ကို ယုံကြည်သော​သင်တို့​အထဲ​တွင် သက်ဝင်​လှုပ်ရှားတော်မူ၏။


ဤသို့​ဆုတောင်းခြင်း​က ကျွန်ုပ်တို့ ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ဖြင့် ကျွန်ုပ်တို့​သခင်​ယေရှု​၏ အမည်​နာမတော်​သည် သင်တို့​နေထိုင်​ပြုမူပုံ​ကြောင့် ဘုန်းထင်ရှား​လျက် သင်တို့​သည်လည်း ကိုယ်တော်​အားဖြင့် ဘုန်းထင်ရှားကြ​ရန် ဖြစ်၏။


သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့​သည် သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​နှင့် သမ္မာတရား​ကို ယုံကြည်ခြင်း​တို့​ဖြင့် ကယ်တင်ခံရ​ရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစု​တွင် ပါဝင်​သောကြောင့် ဖြစ်၏။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​တရား နက်နဲ​ဆန်းကြယ်ပုံ​သည် အမှန်တကယ်​ကြီးမြတ်​လှ၏။ သခင်ဘုရား​သည် လူသား​အဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်​၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်​အားဖြင့် ဖော်ပြခြင်း​ခံရတော်မူ၏။ ကိုယ်တော်​ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်​အကြောင်း​ကို လူမျိုးခြားတို့​ထံ ဟောပြောကြ၏။ ကိုယ်တော်​ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်​ကို ဘုန်းအသရေ​နှင့်တကွ ကောင်းကင်ဘုံ​သို့ ဘုရားသခင်​ခေါ်ယူတော်မူ၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


ဧဖက်မြို့​၌ ကျွန်ုပ်​ရှိစဉ် သူ​သည် မည်မျှ​အကူအညီ​ပေးခဲ့သည်​ကို သင်​ကောင်းစွာ​သိ၏။ သခင်ဘုရား ပြန်ကြွလာတော်မူမည့် ထို​နေ့​၌ သခင်ဘုရား​သည် သူ့​အား ကရုဏာတော်​ခံစားရသော​အခွင့်​ကို ပေးသနားတော်မူပါစေသော။


ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။


သို့သော် သင်တို့​မှာမူ ရွေးကောက်ခံရသော​အမျိုး၊ တော်ဝင်​ယဇ်ပုရောဟိတ်​အမျိုး၊ သန့်ရှင်းသော​လူမျိုး၊ ဘုရားသခင်​ပိုင်ဆိုင်သော​လူမျိုး​ဖြစ်ကြ၏။ ဤသည်​မှာ သင်တို့​ကို အမှောင်​ထဲမှ အံ့ဖွယ်​အလင်း​ထဲသို့ ခေါ်တော်မူသော​ဘုရားသခင်​ပြုသည့် အံ့ဩဖွယ်​အမှုများ​ကို ကြွေးကြော်​ရန်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ