Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 သင်တို့​အား မိမိ​၏​သားတော်၊ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​နှင့် မိတ်သဟာယဖွဲ့​ပေါင်းဖော်​စေရန် ရွေးကောက်တော်မူသော ဘုရားသခင်​သည် သစ္စာရှိတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ငါ​တို့​သ​ခင်​တည်း​ဟူ​သော သား​တော်​မြတ် သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ဆက်​ဆံ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 မိမိ​၏​သား​တော်​တည်းဟူသော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​မိတ်သဟာယ​ဖွဲ့​ခြင်း​ထဲသို့ သင်​တို့​ကို​ခေါ်​တော်မူ​သော​ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:9
43 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။


အို အဖ… အကျွန်ုပ်​နှင့် ကိုယ်တော်​သည် တစ်သားတည်း​ဖြစ်သကဲ့သို့ သူတို့​သည် တစ်သားတည်း​ဖြစ်​ရန် ဆုတောင်းပါ၏။ ကိုယ်တော်​သည် အကျွန်ုပ်​၌ တည်တော်မူ​၍ အကျွန်ုပ်​သည်လည်း ကိုယ်တော်​၌ တည်​သကဲ့သို့ သူတို့​ကို အကျွန်ုပ်တို့​၌ တည်စေတော်မူပါ။ ဤသည်​မှာ အကျွန်ုပ်​အား ကိုယ်တော်​စေလွှတ်တော်မူကြောင်း​ကို လောကီသားတို့ ယုံကြည်လာ​နိုင်စေရန်​ဖြစ်၏။


အချို့သော​အကိုင်းအခက်များ ခုတ်ဖြတ်​ခံရပြီး သံလွင်ပင်​အရိုင်း​ဖြစ်သော သင့်​ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခု​သင်​သည် သံလွင်ပင်​အမြစ်​၏ အဆီအနှစ်​ကို မျှဝေခံစားရ၏။


ဘုရားသခင်​ကို ချစ်​၍ အကြံအစည်တော်​နှင့်အညီ ရွေးကောက်ခြင်း​ခံရသော​သူတို့ တွေ့ကြုံ​ခံစားရသော အမှုခပ်သိမ်းတို့​မှ ကောင်းကျိုး​ထွက်ပေါ်​စေရန် ဘုရားသခင်​သည် သူတို့​နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့​သိကြ၏။


ထိုသို့ ဘုရားသခင်​သည် မိမိ​ရွေးကောက်ထားသော​သူတို့​ကို ခေါ်တော်မူ၏။ ခေါ်တော်မူ​ပြီးနောက် ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ​ပြီးနောက် ဘုန်းအသရေ​ကို ပေးတော်မူ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဂျူးလူမျိုးများ​ထဲမှ​သာမက လူမျိုးခြားများ​ထဲမှ​လည်း ရွေးကောက်ထားတော်မူ၏။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


သင်တို့​ဘဝ​တွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများ​သည် အခြားသူများ ကြုံတွေ့ရသော​စုံစမ်းနှောင့်ယှက်မှုများ​နှင့် မခြားနားပါ။ ဘုရားသခင်​သည် သစ္စာ​ရှိတော်မူသည်​ဖြစ်​၍ သင်တို့ ခံနိုင်သည်​ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်း​ကို သင်တို့​အား ခံစေတော်မူမည်​မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း​ကို သင်တို့​ကြုံတွေ့ရ​သောအခါ ဘုရားသခင်​သည် သင်တို့​ခံနိုင်​ရန်အတွက် လွတ်မြောက်မည့်လမ်း​ကို ပြင်ဆင်ပေးတော်မူ​လိမ့်မည်။


ကောင်းချီး​မင်္ဂလာ​ခွက်​ကို ကျွန်ုပ်တို့​ကောင်းချီးပေး​၍ သောက်သည်​မှာ ခရစ်တော်​၏ အသွေးတော်​ကို မျှဝေခံယူကြခြင်း​ဖြစ်သည် မဟုတ်လော။ မုန့်​ကို ဖဲ့​၍ စားသည်​မှာ ခရစ်တော်​၏ ကိုယ်ခန္ဓာ​ကို မျှဝေခံယူကြခြင်း​ဖြစ်သည် မဟုတ်လော။


ဘုရားသခင်​သစ္စာ​ရှိတော်မူသည်​နှင့်အမျှ သင်တို့​အား ပြောဆိုသော ကျွန်ုပ်တို့​၏ စကား​သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ဟူ၍ နှစ်ခွ​ဖြစ်သည် မဟုတ်။


သို့သော် မိခင်​ဗိုက်ထဲ​၌ ရှိစဉ်​ကပင် ဘုရားသခင်​သည် ကျွန်ုပ်​ကို ကျေးဇူးတော်​အားဖြင့် ရွေးချယ်တော်မူ​၍ အစေခံ​ရန် ခေါ်တော်မူ၏။


ကျွန်ုပ်​သည် ခရစ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​၌ သတ်ခြင်း​ခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်​သည် အသက်​မရှင်တော့ဘဲ ခရစ်တော်​သာလျှင် ကျွန်ုပ်​ထဲ၌ အသက်ရှင်တော်မူ၏။ ယခု​ကိုယ်ခန္ဓာ​၌ ကျွန်ုပ်​အသက်ရှင်သည်​မှာ ကျွန်ုပ်​ကို ချစ်​၍ ကျွန်ုပ်​အတွက် အသက်ပေးတော်မူသော ဘုရားသခင်​၏ သားတော်​ကို ယုံကြည်ခြင်း​ဖြင့် အသက်ရှင်ခြင်း ဖြစ်၏။


ထို​လျှို့ဝှက်​နက်နဲသော​အရာ​မှာ လူမျိုးခြားတို့​သည် သတင်းကောင်း​ကို ယုံကြည်​သောကြောင့် ဂျူးလူမျိုးတို့​နှင့် အတူတကွ အမွေခံ​ဖြစ်ခြင်း၊ ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဂျူးလူမျိုးတို့​နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှု​ခရစ်တော်​ကြောင့် ရရှိသော ကတိတော်​ကို ဂျူးလူမျိုးတို့​နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


ထိုသို့ ကယ်တင်ခံရ​ရန် ဘုရားသခင်​သည် ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​ဖြင့် သင်တို့​ကို ခေါ်တော်မူ၏။ ဤသို့​ခေါ်ခြင်း​သည် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ဘုန်းအသရေ​ကို သင်တို့​ခံစားရရှိ​နိုင်ရန် ဖြစ်၏။


သို့ရာတွင် သခင်ဘုရား​သည် သစ္စာရှိသော​အရှင် ဖြစ်တော်မူသည်​နှင့်အညီ သင်တို့​ကို ကြံ့ခိုင်စေ​၍ မာရ်နတ်​ထံက ကာကွယ်ပေးတော်မူ​လိမ့်မည်။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ကယ်တင်တော်မူ​ပြီး သန့်ရှင်းသော​ဘဝ​၌ အသက်ရှင်​နေထိုင်​ရန် ခေါ်ယူတော်မူသည်​မှာ ကျွန်ုပ်တို့​၏ လုပ်ဆောင်မှု​ကြောင့် မဟုတ်ဘဲ ကိုယ်တော်​၏ အကြံအစည်တော်​နှင့် ကျေးဇူးတော်​ကြောင့် ဖြစ်၏။ ကိုယ်တော်​သည် ရှေးယခင်​မတိုင်မီ​ကပင် ယေရှု​ခရစ်တော်​အားဖြင့် ထို​ကျေးဇူးတော်​ကို ကျွန်ုပ်တို့​အား ပေးသနားတော်မူ၏။


ကျွန်ုပ်တို့ သစ္စာ​မရှိ​လျှင်ပင် ကိုယ်တော်​သည် မိမိကိုယ်မိမိ မငြင်းပယ်နိုင်​သောကြောင့် သစ္စာစောင့်တော်မူ​လိမ့်မည်။


ထာဝရ​အသက်​ရ​ရန်လည်း သူတို့​မျှော်လင့်​နိုင်ကြမည်။ လိမ်လည်ခြင်း​နှင့် ကင်းစင်တော်မူသည့် ဘုရားသခင်​သည် ဤ​ထာဝရ​အသက်​ကို ပေး​ရန် ရှေးယခင်​မတိုင်မီ​ကပင် ကတိပြုတော်မူခဲ့၏။


ကတိပေးတော်မူသော​အရှင်​သည် သစ္စာရှိတော်မူ​သောကြောင့် ကျွန်ုပ်တို့​ဝန်ခံသော​မျှော်လင့်ချက်​ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။


မြုံသော​စာရာ​သည် အသက်​အရွယ်​လွန်​သော်လည်း ယုံကြည်ခြင်း​ဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်​ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသော​အရှင်​မှာ သစ္စာ​ရှိသည်​ဟု သူ​မှတ်ယူ​သောကြောင့် ဖြစ်၏။


ထို့ကြောင့် ကိုယ်တော်​သည် အရာရာတိုင်း​၌ မိမိ​ညီအစ်ကို​မောင်နှမတို့​နှင့် တူရ၏။ ဤ​နည်း​ဖြင့် ကိုယ်တော်သည် လူတို့​၏​အပြစ်များ​ကို ဖြေလွှတ်ပေး​ရန် ဘုရားသခင်​၏​အမှုတော်​တွင် ကရုဏာ​နှင့် သစ္စာ​ရှိသော ယဇ်ပုရောဟိတ်မင်း​ဖြစ်လာရ၏။


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


ဘုရားသခင်​သည် မည်သည့်​အခါမျှ မုသား​မပြော​သောကြောင့် မပြောင်းလဲသော​အရာ​နှစ်ခု​ဖြစ်သည့် ကတိပြုခြင်း​နှင့် သစ္စာဆိုခြင်းတို့​ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်​ထံ ခိုလှုံရာ​ရှာသော ကျွန်ုပ်တို့​သည် ဘုရားသခင်​ပေးသနားတော်မူသော မျှော်လင့်ချက်​ကို စွဲမြဲစွာ​ခံယူထား​နိုင်ရန် အထူး​ယုံကြည်​စိတ်ချကြ၏။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့​မြင်ရ၊ ကြားရသော အရာများ​ကို သင်တို့​အား ပြောပြရခြင်း​မှာ သင်တို့​သည် ကျွန်ုပ်တို့​နှင့် မိတ်သဟာယဖွဲ့​စေရန် ဖြစ်၏။ ကျွန်ုပ်တို့​၏ မိတ်သဟာယဖွဲ့ခြင်း​မှာ ခမည်းတော်​နှင့်​လည်းကောင်း၊ သားတော် ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း မိတ်သဟာယဖွဲ့ခြင်း​ဖြစ်၏။


သို့ရာတွင် ဘုရားသခင်​သည် အလင်း​တွင် ရှိတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း အလင်း​တွင် ကျင်လည်ကြ​လျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း​ရှိ​သဖြင့် သားတော်​ယေရှု​၏​အသွေးတော်​သည် ကျွန်ုပ်တို့​ကို အပြစ်​အားလုံး​မှ ကင်းစင်စေတော်မူ၏။


ဘုရားသခင်​သည် မိမိ​၏​ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​အား ပေးတော်မူ​သောကြောင့် ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ထိုအခါ ကောင်းကင်ဘုံ​သည် ပွင့်​လျက်​ရှိသည်​ကို ကျွန်ုပ်​မြင်၏။ ထို​နေရာ​၌ မြင်းဖြူ​တစ်ကောင်​ရှိ၏။ ထို​မြင်းဖြူ​ကို စီးတော်မူသောသူ​သည် သစ္စာရှိသူ​နှင့် ဖြောင့်မှန်သူ​ဟု အမည်​ရ၏။ သူ​သည် ဖြောင့်မှန်​စွာ တရားစီရင်​၍ ဖြောင့်မှန်​စွာ စစ်တိုက်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ