Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 5:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 သင်တို့​ကို ခေါ်တော်မူသော​အရှင်​သည် သစ္စာရှိသော ဘုရား​ဖြစ်​သောကြောင့် ကတိ​ထားသည့်​အတိုင်း ပြုတော်မူမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သင်​တို့​အား​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​ရှိ​တော်​မူ​သည်​ဖြစ်​၍​ဤ​သို့ ပြု​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သင်​တို့​ကို​ခေါ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ထို​သို့​ပြု​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သင်​တို့​ကို ခေါ်ယူ​တော်မူ​သော​အရှင်​သည် သစ္စာ​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ထိုသို့​ပြု​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 5:24
35 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ပညတ်တရား​ကို မောရှေ​အားဖြင့် ပေးတော်မူ​သောကြောင့်​ဖြစ်၏။ သို့သော် ကျေးဇူးတရား​နှင့် သစ္စာတရား​ကို ယေရှု​ခရစ်တော်​အားဖြင့် ပေးတော်မူ၏။


ထို​အရှင်​၏ သက်သေ​ကို လက်ခံသော​သူ​ကမူ ဘုရားသခင်​သည် ဖြောင့်မှန်တော်မူသည်​ဟု သတ်မှတ်၏။


ထိုသို့ ဘုရားသခင်​သည် မိမိ​ရွေးကောက်ထားသော​သူတို့​ကို ခေါ်တော်မူ၏။ ခေါ်တော်မူ​ပြီးနောက် ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ​ပြီးနောက် ဘုန်းအသရေ​ကို ပေးတော်မူ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဂျူးလူမျိုးများ​ထဲမှ​သာမက လူမျိုးခြားများ​ထဲမှ​လည်း ရွေးကောက်ထားတော်မူ၏။


သင်တို့​အား မိမိ​၏​သားတော်၊ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​နှင့် မိတ်သဟာယဖွဲ့​ပေါင်းဖော်​စေရန် ရွေးကောက်တော်မူသော ဘုရားသခင်​သည် သစ္စာရှိတော်မူ၏။


သင်တို့​ဘဝ​တွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများ​သည် အခြားသူများ ကြုံတွေ့ရသော​စုံစမ်းနှောင့်ယှက်မှုများ​နှင့် မခြားနားပါ။ ဘုရားသခင်​သည် သစ္စာ​ရှိတော်မူသည်​ဖြစ်​၍ သင်တို့ ခံနိုင်သည်​ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်း​ကို သင်တို့​အား ခံစေတော်မူမည်​မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း​ကို သင်တို့​ကြုံတွေ့ရ​သောအခါ ဘုရားသခင်​သည် သင်တို့​ခံနိုင်​ရန်အတွက် လွတ်မြောက်မည့်လမ်း​ကို ပြင်ဆင်ပေးတော်မူ​လိမ့်မည်။


သို့သော် မိခင်​ဗိုက်ထဲ​၌ ရှိစဉ်​ကပင် ဘုရားသခင်​သည် ကျွန်ုပ်​ကို ကျေးဇူးတော်​အားဖြင့် ရွေးချယ်တော်မူ​၍ အစေခံ​ရန် ခေါ်တော်မူ၏။


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


ထိုသို့ ကယ်တင်ခံရ​ရန် ဘုရားသခင်​သည် ကျွန်ုပ်တို့​ဟောပြောသော သတင်းကောင်း​ဖြင့် သင်တို့​ကို ခေါ်တော်မူ၏။ ဤသို့​ခေါ်ခြင်း​သည် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ဘုန်းအသရေ​ကို သင်တို့​ခံစားရရှိ​နိုင်ရန် ဖြစ်၏။


သို့ရာတွင် သခင်ဘုရား​သည် သစ္စာရှိသော​အရှင် ဖြစ်တော်မူသည်​နှင့်အညီ သင်တို့​ကို ကြံ့ခိုင်စေ​၍ မာရ်နတ်​ထံက ကာကွယ်ပေးတော်မူ​လိမ့်မည်။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ကယ်တင်တော်မူ​ပြီး သန့်ရှင်းသော​ဘဝ​၌ အသက်ရှင်​နေထိုင်​ရန် ခေါ်ယူတော်မူသည်​မှာ ကျွန်ုပ်တို့​၏ လုပ်ဆောင်မှု​ကြောင့် မဟုတ်ဘဲ ကိုယ်တော်​၏ အကြံအစည်တော်​နှင့် ကျေးဇူးတော်​ကြောင့် ဖြစ်၏။ ကိုယ်တော်​သည် ရှေးယခင်​မတိုင်မီ​ကပင် ယေရှု​ခရစ်တော်​အားဖြင့် ထို​ကျေးဇူးတော်​ကို ကျွန်ုပ်တို့​အား ပေးသနားတော်မူ၏။


ကျွန်ုပ်တို့ သစ္စာ​မရှိ​လျှင်ပင် ကိုယ်တော်​သည် မိမိကိုယ်မိမိ မငြင်းပယ်နိုင်​သောကြောင့် သစ္စာစောင့်တော်မူ​လိမ့်မည်။


ထာဝရ​အသက်​ရ​ရန်လည်း သူတို့​မျှော်လင့်​နိုင်ကြမည်။ လိမ်လည်ခြင်း​နှင့် ကင်းစင်တော်မူသည့် ဘုရားသခင်​သည် ဤ​ထာဝရ​အသက်​ကို ပေး​ရန် ရှေးယခင်​မတိုင်မီ​ကပင် ကတိပြုတော်မူခဲ့၏။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


အသက်ရှင်ခြင်း​နှင့် ဘုရားတရား​ကိုင်းရှိုင်းခြင်း​တို့​နှင့် ဆိုင်သည့် လိုအပ်သမျှ​အရာ​အားလုံး​ကို ကိုယ်တော်​သည် မိမိ​၏​ဘုရား​တန်ခိုးတော်​ဖြင့် ကျွန်ုပ်တို့​အား ပေးတော်မူ၏။ ဘုန်းအသရေတော်​နှင့် ကောင်းမြတ်တော်မူခြင်း​ကို ခံစား​စေရန် ကျွန်ုပ်တို့​အား ရွေးကောက်တော်မူသော​အရှင်​ကို သိခြင်း​အားဖြင့် ဤ​အရာ​အားလုံး​ကို ကျွန်ုပ်တို့​လက်ခံရရှိကြ၏။


သူတို့​သည် သိုးသငယ်တော်​ကို တိုက်ကြ​လိမ့်မည်။ သို့ရာတွင် သိုးသငယ်တော်​သည် ဘုရင်​တကာ​တို့​၏ ဘုရင်၊ သခင်​တကာ​တို့​၏ သခင်​ဖြစ်တော်မူ​သောကြောင့် သူတို့​ကို အောင်နိုင်​လိမ့်မည်။ သိုးသငယ်တော်​နှင့်အတူ ရှိသောသူတို့​သည် ခေါ်ဖိတ်ခံရသူများ၊ ရွေးကောက်ခံရသူများ၊ သစ္စာရှိသူများ​ဖြစ်ကြ၏” ဟု ကျွန်ုပ်​အား ပြော၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ