ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
လုကာ 24:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။ Garrad Bible ထို နောက် ကိုယ် တော် က သင် တို့ နှင့် အ တူ ရှိ နေ သေး စဉ် ငါ မိန့် ဆို ခဲ့ သည် မှာ မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း၊ ဆာ လံ ကျမ်း များ တွင် ငါ နှင့် စပ် လျဉ်း သော အ ချက် ချက် သည် ပြည့် စုံ ရ မည် ဟူ၍ တည်း ဟု မိန့် ဆို လျက်၊ Judson Bible တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က“သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။ မြန်မာ တစ်ဖန် မိန့်တော်မူသည်ကား၊ မောရှေ၏ ပညတ္တိကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တို့၏ ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌လည်းကောင်း၊ ငါ့ကိုရည်မှတ်၍ ရေးထားသမျှသောအချက်တို့သည် ပြည့်စုံရမည်ဟု ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ သင်တို့အား ဟောပြောသောအကြောင်းအရာတို့ကား ဤအကြောင်းအရာပေတည်းဟု မိန့်တော်မူ၏။- |
ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများလက်တွင် ဒုက္ခများစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူမည်ဟူသောအကြောင်းအရာများကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
သို့ရာတွင် ငါသည် ဤသို့ပြုလျှင် ကျမ်းစာ၌ ဖော်ပြထားသည်မှာ မည်သို့ဖြစ်လာနိုင်မည်နည်း” ဟု မိန့်တော်မူ၏။
သို့သော် ဤအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့် ပရောဖက်တို့၏ဟောပြောချက်အတိုင်း ဖြစ်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်ရှိသမျှတို့သည် ယေရှုကို စွန့်ခွာ၍ ထွက်ပြေးကြ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် တပည့်တော်တို့ကို သွန်သင်တော်မူလျက် ရှိသောကြောင့်ဖြစ်၏။ ကိုယ်တော်က “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။ သူတို့သည် လူသားကို သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဤနေ့ရက်များသည် ဘုရားသခင် ပြစ်ဒဏ်စီရင်သည့်နေ့ရက်များ ဖြစ်ပြီး ကျမ်းစာတွင်ရေးသားထားသော အရာများသည် ဖြစ်ပျက်လာရမည်ဖြစ်သောကြောင့်ပင်။
သင်တို့အား ငါပြောဆိုသည်မှာ ‘သူသည် ရာဇဝတ်ကျူးလွန်သူများ စာရင်းတွင် ထည့်သွင်းခြင်းခံရ၏’ ဟူသော ကျမ်းစကားသည် ငါ၌ဖြစ်ပျက်လာရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့အားရည်ညွှန်းသည့်အရာသည် ဖြစ်ပျက်လျက်ရှိနေသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ယေရှုက “ကျမ်းစာတော်တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူမည်။
“လူသားသည် ပြင်းစွာသောဒုက္ခဝေဒနာကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့၏ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ထမြောက်မည်” ဟု မိန့်တော်မူ၏။
“ငါ့စကားကို မှတ်သားကြလော့။ လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
မောရှေသည် တောကန္တာရ၌ ကြေးမြွေရုပ်ကို တိုင်ထိပ်တွင် မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းခံရလိမ့်မည်။
သင်တို့သည် ကျမ်းစာက ထာဝရအသက်ပေးသည်ဟု ထင်မှတ်၍ ကျမ်းစာကို လေ့လာတတ်ကြ၏။ ထိုကျမ်းစာကပင် ငါ့အကြောင်း သက်သေခံ၏။
မောရှေသည် ငါ့အကြောင်းကို ရေးသား၏။ ထို့ကြောင့် သင်တို့သည် မောရှေကို ယုံကြည်လျှင် ငါ့ကိုလည်း ယုံကြည်ကြလိမ့်မည်။
ဘုရားသခင်သည် ယေရှုကို ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ဘိုးဘေးတို့၏သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့အတွက် ထိုကတိတော်ကို ပြည့်စုံစေတော်မူ၏။ ဒုတိယမြောက်ဆာလံကျမ်းတွင် ‘သင်သည် ငါ၏သားဖြစ်၏။ ယနေ့တွင် သင့်ကို ငါ၏သား ဖြစ်စေပြီ’ ဟူ၍ ရေးသားထား၏။
ထို့ကြောင့် ပရောဖက်များဟောပြောခဲ့သည့်အရာသည် သင်တို့တွင် မဖြစ်စေရန် သတိပြုကြလော့။ ထိုပရောဖက်များ ဟောပြောသည်မှာ
ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်။
သို့ရာတွင် ခရစ်တော်သည် ဆင်းရဲဒုက္ခခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ဘုရားသခင်ကြိုတင်မှာကြားခဲ့သောအမှုများကို ဤသို့ဖြစ်လာစေတော်မူခဲ့၏။
ထိုမောရှေမှာ ‘ဘုရားသခင် ထာဝရဘုရားသည် သင်တို့၏အမျိုးထဲမှ ငါကဲ့သို့သော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူလိမ့်မည်’ ဟု အစ္စရေးလူမျိုးတို့အား ပြောခဲ့သူဖြစ်၏။
ပညတ်တရားသည် ပုံသဏ္ဌာန်အစစ်အမှန်များမဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုးများ၏ အရိပ်မျှသာဖြစ်၏။ ထို့ကြောင့် ထိုတူညီသောယဇ်ကို နှစ်စဉ်မပြတ် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုသူတို့ကို ပြီးပြည့်စုံစေရန် လုံးဝမတတ်နိုင်ပေ။
မောရှေသည် အစေခံ တစ်ဦးအနေဖြင့် ဘုရားသခင်၏ အိမ်တော်တစ်ခုလုံးအပေါ် သစ္စာရှိပြီး အနာဂတ်တွင် ဘုရားသခင်ဟောပြောမည့်အရာအတွက် သက်သေတစ်ဦးဖြစ်၏။
ဤမေလခိဇေဒက်သည် ရှာလင်မြို့၏ဘုရင်ဖြစ်ပြီး အမြင့်မြတ်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်၏။ အာဗြဟံသည် ရှင်ဘုရင်များကို အနိုင်ရပြီး အောင်ပွဲခံ၍ ပြန်လာသောအခါ မေလခိဇေဒက်သည် အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။
ဤစည်းမျဉ်းအရ တဲတော်၏ ပထမအခန်း တည်ရှိနေသရွေ့ အသန့်ရှင်းဆုံးဌာနတော်ဖြစ်သည့် ဒုတိယအခန်းသို့ ဝင်သည့်လမ်း မပွင့်သေးကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြတော်မူ၏။
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။