Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 9:44 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

44 “ငါ့​စကား​ကို မှတ်သားကြလော့။ လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

44 ``လူ​သား​သည်​လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဤ​စ​ကား​ကို​သင်​တို့​သ​တိ​ပြု​၍ မှတ်​ထား​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 တ ပည့် တော် တို့ အား ကိုယ် တော် က လူ့ သား သည် လူ တို့ လက် သို့ ပို့ အပ် ခံ ရ မည် ဟူ၍ ဤ မိန့် ဆို ချက် များ ကို နာ ယူ နား စိုက် ကြ လော့ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 ထို​သို့ ယေ​ရှု​ပြု​တော်​မူ​သ​မျှ​ကို လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ချီး​မွမ်း​ကြ​စဉ် တ​ပည့်​တော်​တို့​အား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်​မှတ်​မိ​ကြ​လော့။ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန်​နီး​ပြီ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 “ဤ​စကား​များ​ကို သင်​တို့​နား​ထဲ၌ စွဲမြဲ​စေ​ကြ​လော့။ လူ့သား​သည် လူ​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

44 ထို​သို့ ယေ​ရှု​ပြု​တော်​မူ​သ​မျှ​ကို လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ချီး​မွမ်း​ကြ​စဉ် တ​ပည့်​တော်​တို့​အား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်​မှတ်​မိ​ကြ​လော့။ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန်​နီး​ပြီ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 9:44
26 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။


“သင်တို့ သိ​နှင့်​ပြီး​ဖြစ်သည့်​အတိုင်း နှစ်ရက်​ကြာ​လျှင် ပသခါပွဲတော်​ကျရောက်မည်။ ထိုအခါ လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရန်သူ့​လက်​သို့ အပ်နှံကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို့နောက် ယေရှု​က လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏ ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူ​လိမ့်မည်​ဟူသော အကြောင်းအရာများ​ကို သွန်သင်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် တပည့်တော်တို့​ကို သွန်သင်တော်မူ​လျက် ရှိသောကြောင့်​ဖြစ်၏။ ကိုယ်တော်​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။ သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ကြားရသော​သူ​အားလုံး​သည် ထို​အကြောင်းအရာတို့​ကို စဉ်းစားဆင်ခြင်​၍ “ဤ​သူငယ်​သည် မည်သို့သော​သူ ဖြစ်လာ​လိမ့်မည်နည်း” ဟု ဆိုကြ၏။ ထာဝရဘုရား​၏​တန်ခိုးတော်​သည် သူငယ်​နှင့်အတူ ရှိတော်မူ၏။


ထို့နောက် ကိုယ်တော်​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်​၍ “နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား​၏​အကြောင်း​နှင့်​ပတ်သက်​၍ ပရောဖက်တို့​၏​ကြိုတင်​ဟောပြောချက်​ရှိသမျှတို့​သည် ဖြစ်ပျက်​လိမ့်မည်။


သို့သော်လည်း မာရိ​သည် ဤ​ဖြစ်ပျက်​သမျှ​အကြောင်းအရာ​အားလုံး​ကို မိမိ​စိတ်နှလုံး​ထဲတွင် မှတ်သား​၍ စဉ်းစားဆင်ခြင်​လျက်​နေ၏။


ထို့နောက် ယေရှု​သည် မိဘတို့​နှင့်အတူ နာဇရက်မြို့​သို့ ပြန်သွား​၍ သူတို့​၏​စကား​ကို နားထောင်​လျက် နေလေ၏။ မိခင်​သည် ဖြစ်ပျက်​ခဲ့သမျှ​ကို စိတ်နှလုံး​ထဲ​၌ မှတ်ထားလေ၏။


ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။


“လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏​ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ထမြောက်မည်” ဟု မိန့်တော်မူ၏။


ယေရှု​က “သင်​တို့ ယခု​ယုံကြပြီလော။


ဤ​အကြောင်းအရာများ​ကို သင်တို့​အား ယခု ငါ​ပြောပြီ။ သို့မှသာ ဤ​အရာများ​ဖြစ်ပျက်လာ​သောအခါ သင်တို့​အား ငါ​ပြော​နှင့်ပြီး​ဖြစ်ကြောင်း​ကို သင်တို့​သတိရကြ​လိမ့်မည်။ ယခင်​က သင်တို့​ကို ငါ​မပြောဘဲ နေခဲ့သည်​မှာ ငါ​သည် သင်တို့​နှင့်အတူ ရှိနေသေး​သောကြောင့် ဖြစ်၏။


ထိုအခါ ယေရှု​က “သင့်​ကို ဘုရားသခင် အခွင့်မပေး​လျှင် သင်​သည် ငါ့​ကို မည်သို့​မျှ မပြုနိုင်။ ထို့ကြောင့် ငါ့​ကို သင့်​ထံ အပ်နှံသော​သူ​သည် ပို​၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။


ဘုရားသခင်​၏​တိကျသော​အကြံအစည်တော်​အားဖြင့်​လည်းကောင်း၊ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အားဖြင့်​လည်းကောင်း သင်တို့​လက်​၌ အပ်နှံခံရသော​ဤ​ယေရှု​ကို သင်တို့​သည် တရားမဲ့သော​သူတို့​၏​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်တွင် အသေသတ်ခဲ့ကြ၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် လမ်းမှား​မရောက်​ရန် ကြားနာရသည့်​တရား​ကို စွဲမြဲ​စွာ ဆုပ်ကိုင်ထား​ကြရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ