Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 9:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် တပည့်တော်တို့​ကို သွန်သင်တော်မူ​လျက် ရှိသောကြောင့်​ဖြစ်၏။ ကိုယ်တော်​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။ သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ``လူ​တို့ ၏​လက်​တွင်း​သို့​လူ​သား​ကို​အပ်​နှံ​ကြ​လိမ့်​မည်။ သူ့​ကို​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက်​ကြာ သော်​သူ​သည်​သေ​ခြင်း​မှ​ထ​မြောက်​လိမ့်​မည်'' ဟု တ​ပည့်​တော်​တို့​အား​သွန်​သင်​တော်​မူ​လျက်​ရှိ သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 အ​ကြောင်း​မူ​ကား၊ လူ​သား​သည် လူ​တို့​လက်​သို့ အပ်​နှံ​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​က တပည့်​တော်​တို့​အား သွန်သင်​လျက်“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ သို့သော် အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​ကြာ​သောအခါ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 အ​ကြောင်း​မူ​ကား၊ လူ​သား​သည် လူ​တို့​လက်​သို့ အပ်​နှံ​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 9:31
19 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။


ယေရှု​က “ဧလိယ​သည် အရာအားလုံး​ကို ပြန်လည်​တည်ထောင်​ရန် စော​၍ လာမည်​မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ​၌ လူသား​သည် ဒုက္ခ​များစွာ​နှင့် ကဲ့ရဲ့​ပစ်ပယ်ခံရမည်​ဟု အဘယ်ကြောင့်​ရေးထားသနည်း။


ထို့နောက် ယေရှု​က လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏ ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူ​လိမ့်မည်​ဟူသော အကြောင်းအရာများ​ကို သွန်သင်တော်မူ၏။


ခရစ်တော်​သည် ဤ​ဒုက္ခများ​ကို ခံ​၍ မိမိ​၏​ဘုန်းတော်​သို့ စံမြန်း​ရမည်​မဟုတ်လော” ဟု မိန့်တော်မူ၏။


“သင်တို့ သိ​နှင့်​ပြီး​ဖြစ်သည့်​အတိုင်း နှစ်ရက်​ကြာ​လျှင် ပသခါပွဲတော်​ကျရောက်မည်။ ထိုအခါ လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရန်သူ့​လက်​သို့ အပ်နှံကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


လူသား​ပင်လျှင် သူတစ်ပါး​ကို​စေခိုင်း​ရန် ကြွလာသည်​မဟုတ်။ သူတစ်ပါး​အား အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​အား ရွေးနုတ်​ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။


ဆင်းရဲဒုက္ခ​ကို ခံနိုင်​လျှင် ကိုယ်တော်​နှင့်အတူ စိုးစံရ​လိမ့်မည်။ ကိုယ်တော်​ကို ငြင်းပယ်​လျှင် ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​ကို ငြင်းပယ်​လိမ့်မည်။


မည်သူ​ကမျှ ငါ့​အသက်​ကို စွန့်စေသည်​မဟုတ်။ မိမိ​သဘော​ဖြင့်သာ ငါ​စွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့​အသက်​ကို စွန့်​ရန်​နှင့် ပြန်ယူ​ရန် ငါ့​ထံ၌ အခွင့်အာဏာ​ရှိ​သောကြောင့်​ဖြစ်၏။ ထို​အမိန့်​ကို ခမည်းတော်​ထံမှ ငါ​ရရှိ၏” ဟု မိန့်တော်မူ၏။


မောရှေ​သည် တောကန္တာရ​၌ ကြေးမြွေရုပ်​ကို တိုင်ထိပ်​တွင် မြှောက်ထား​သကဲ့သို့ လူသား​သည်လည်း မြှောက်ထားခြင်း​ခံရ​လိမ့်မည်။


ယေရှု​က “ဤ​ဗိမာန်တော်​ကို ဖြိုဖျက်လော့။ သုံးရက်​အတွင်း ငါ​ပြန်လည်​တည်ဆောက်မည်” ဟု မိန့်တော်မူ၏။


“ငါ့​စကား​ကို မှတ်သားကြလော့။ လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။


သူတို့​သည် လူသား​ကို ပြက်ရယ်ပြု​၍ တံတွေး​နှင့် ထွေးကြ​လိမ့်မည်။ ကြိမ်ဒဏ်ပေး​၍ ရိုက်နှက်ကြပြီး အသေသတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟူ၍ မိမိ​၌ ဖြစ်ပျက်မည့်​အကြောင်းအရာတို့​ကို မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ