Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 16:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏​လက် တွင်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ကို​လည်း​ကောင်း၊ သုံး​ရက်​မြောက်​သော​နေ့​၌​သေ ခြင်း​မှ​ထ​မြောက်​တော်​မူ​မည့်​အ​ကြောင်း​ကို လည်း​ကောင်း​တ​ပည့်​တော်​တို့​အား​ထို​အ​ချိန် မှ​စ​၍​ပွင့်​လင်း​စွာ​ဖော်​ပြ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထို ကာ လ က စ၍ ယေ ရှု ခ ရစ် သည် ယေ ရု ရှ လင် မြို့ သို့ သွား ရ မည့် အ ကြောင်း လူ ကြီး များ၊ ပ ရော ဟိတ် ကြီး များ နှင့် ကျမ်း တတ် ဆ ရာ များ လက် တွင် ဒု က္ခ များ စွာ ခံ ရ မည့် အ ကြောင်း အ သေ ခံ ပြီး နောက် သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ မည့် အ ကြောင်း များ ကို တ ပည့် တော် တို့ အား ဖော် ပြ တော် မူ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်​မြို့​သို့​သွား​၍ သက်ကြီးဝါကြီး​များ၊ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​၏​လက်​၌ ဒုက္ခ​ဝေဒနာ​များစွာ​ခံစား​ရ​ပြီး အသေ​သတ်​ခြင်း​ခံရ​ကာ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​ရ​မည်​ဖြစ်ကြောင်း​ကို တပည့်​တော်​တို့​အား စတင်​ဖော်ပြ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 16:21
31 ပူးပေါင်းရင်းမြစ်များ  

ယောန​သည် ငါး​ကြီး​၏ ဝမ်းတွင်း​၌ သုံးရက်​နှင့် သုံးည​တိုင် နေရ​သကဲ့သို့ လူသား​သည် မြေကြီး​ထဲ​၌ သုံးရက်​နှင့် သုံးည နေရ​လိမ့်မည်။


ထိုအခါ ပေတရု​သည် ယေရှု​အား သီးခြား​ခေါ်​၍ “သခင်… ထိုသို့​မဖြစ်ပါစေနှင့်။ ဤ​အဖြစ်​သည် သခင့်​ထံ၌ လုံးဝ​မကျရောက်စေရ” ဟု ဆို​ကာ အပြစ်တင်သော​စကား​ကို လျှောက်လေ၏။


ငါ​အမှန်​ဆိုရ​လျှင် လူသား​သည် ဘုရင်​အဖြစ် အုပ်စိုး​ရန် ကြွလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဧလိယ​သည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့​သည် သူ့​ကို မသိကြဘဲ သူ့​အပေါ် ပြုလို​သမျှ​ပြုခဲ့ကြ၏။ ထိုနည်းတူ လူသား​သည်လည်း သူတို့​လက်အောက်​တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။


တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား​သည် သေခြင်း​မှ မထမြောက်​မီ​အထိ သင်တို့​မြင်တွေ့ခဲ့ရသော ရူပါရုံ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု သူတို့​အား မှာကြားတော်မူ၏။


လူသား​ပင်လျှင် သူတစ်ပါး​ကို​စေခိုင်း​ရန် ကြွလာသည်​မဟုတ်။ သူတစ်ပါး​အား အစေခံ​ရန်​နှင့် မိမိ​အသက်​ကို စွန့်​၍ လူများ​အား ရွေးနုတ်​ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။


“သင်တို့ သိ​နှင့်​ပြီး​ဖြစ်သည့်​အတိုင်း နှစ်ရက်​ကြာ​လျှင် ပသခါပွဲတော်​ကျရောက်မည်။ ထိုအခါ လူသား​ကို လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ရန်သူ့​လက်​သို့ အပ်နှံကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုသို့ မိန့်တော်မူ​စဉ် တပည့်တော်​ဆယ့်နှစ်ပါး​အနက် တစ်ပါး​ဖြစ်သော ယုဒ​သည် တုတ်​နှင့်​ဓားများ​ကို ကိုင်ဆောင်သော​လူအုပ်ကြီး​နှင့်အတူ ရောက်လာ၏။ ထို​သူတို့​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲတို့​က လွှတ်လိုက်သော​လူအုပ် ဖြစ်၏။


သို့သော် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် လူထု​အကြီးအကဲများ​၏ စွပ်စွဲချက်များ​ကို ယေရှု​သည် တစ်ခွန်း​မျှ တုံ့ပြန်တော်မမူပေ။


“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။


ထို​အရှင်​သည် ဤ​နေရာ​တွင် မရှိပါ။ မိန့်တော်မူခဲ့သည့်​အတိုင်း သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူပြီ။ အလောင်းတော်​ထားသည့် နေရာ​ကို လာ​၍ ကြည့်ကြလော့။


ထို့နောက် ယေရှု​က လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏ ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူ​လိမ့်မည်​ဟူသော အကြောင်းအရာများ​ကို သွန်သင်တော်မူ၏။


ယေရှု​က “ဧလိယ​သည် အရာအားလုံး​ကို ပြန်လည်​တည်ထောင်​ရန် စော​၍ လာမည်​မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ​၌ လူသား​သည် ဒုက္ခ​များစွာ​နှင့် ကဲ့ရဲ့​ပစ်ပယ်ခံရမည်​ဟု အဘယ်ကြောင့်​ရေးထားသနည်း။


သို့ရာတွင် သူ​သည် များပြားလှသော​ဝေဒနာ​ကို ဦး​စွာ ခံရမည်​ဖြစ်ပြီး ဤ​မျိုးဆက်​၏​ငြင်းပယ်ခြင်း​ကို ခံရမည်။


ယေရှု​က “ကျမ်းစာတော်​တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်​သည် အသေခံ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ