Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:37 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

37 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ‘သူ​သည် ရာဇဝတ်​ကျူးလွန်သူများ စာရင်း​တွင် ထည့်သွင်းခြင်း​ခံရ၏’ ဟူသော ကျမ်းစကား​သည် ငါ​၌​ဖြစ်ပျက်လာ​ရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့​အား​ရည်ညွှန်းသည့်​အရာ​သည် ဖြစ်ပျက်​လျက်​ရှိနေ​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 သင်​တို့​အား​ငါ​ဆို​သည်​ကား `ထို​သူ​သည်​ရာ​ဇ​ဝတ် မှု​ကူး​လွန်​သူ​များ​စာ​ရင်း​တွင်​ပါ​ဝင်​ရ​၏' ဟူ သော​ကျမ်း​စ​ကား​အ​တိုင်း​ငါ​၌​ဖြစ်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​အ​ကြောင်း​ရေး သား​ထား​သည့်​ကျမ်း​စ​ကား​အ​ရ​ဖြစ်​ပျက် လျက်​ရှိ​နေ​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ငါ ဆို သည် မှာ ငါ နှင့် စပ် လျဉ်း သော အ ချက် ချက် ပြီး စီး ရ မည့် အ လျောက် မ တ ရား သူ တို့ စာ ရင်း သွင်း ပြီ ဟူ သော ကျမ်း ချက် လည်း ငါ၌ ပြည့် စုံ ရ မည် ဟု မိန့် တော် မူ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် ငါ၌ ယ​ခု​ပင် ပြည့်​စုံ​ရ​မည်။ ငါ့​အ​မှု​အ​ရာ​တို့​သည် ပြီး​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 သင်​တို့​အား ငါ​ဆို​သည်​ကား ‘သူ​သည် တရားမဲ့​သော​သူ​တို့​၏​စာရင်း​တွင် ထည့်သွင်း​ခြင်း​ခံရ​၏’ဟု ရေး​ထား​သော​အရာ​သည် ငါ​၌​ပြည့်စုံ​ရ​မည်။ အမှန်စင်စစ် ငါ​နှင့်​ပတ်သက်​သော​အရာ​သည် ဆုံးခန်း​သို့​ရောက်​နေ​ပြီ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

37 အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် ငါ၌ ယ​ခု​ပင် ပြည့်​စုံ​ရ​မည်။ ငါ့​အ​မှု​အ​ရာ​တို့​သည် ပြီး​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:37
17 ပူးပေါင်းရင်းမြစ်များ  

ဓားပြ​နှစ်ဦး​ကိုလည်း ယေရှု​နှင့်အတူ လက်ယာတော်ဘက်​တွင် တစ်ဦး၊ လက်ဝဲတော်ဘက်​တွင် တစ်ဦး လက်ဝါးကပ်တိုင်​တွင် ရိုက်ထားကြ၏။


သို့ဖြစ်၍ “သူ​သည် ရာဇဝတ်​မှု ကျူးလွန်သူများ​စာရင်း​တွင် ထည့်သွင်းခြင်း​ခံရ၏” ဟူသော ကျမ်းချက်​အတိုင်း ဖြစ်လာလေ၏။


ထို့နောက် ကိုယ်တော်​သည် တပည့်တော်​ဆယ့်နှစ်ပါးတို့​ကို ခေါ်​၍ “နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား​၏​အကြောင်း​နှင့်​ပတ်သက်​၍ ပရောဖက်တို့​၏​ကြိုတင်​ဟောပြောချက်​ရှိသမျှတို့​သည် ဖြစ်ပျက်​လိမ့်မည်။


သတ်မှတ်ထားသည့်​အတိုင်း လူသား​သည် သွားရမည်။ သို့သော်လည်း လူသား​ကို​သစ္စာဖောက်သော​သူ​သည် အမင်္ဂလာ​ရှိ၏” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရှု​က “သို့သော် ယခု​တွင်​မူ ပိုက်ဆံအိတ်​ရှိ​လျှင် ယူခဲ့လော့။ ခရီးဆောင်အိတ်​ရှိ​လျှင်​လည်း ယူခဲ့လော့။ ဓား​မရှိသော​သူ​သည် မိမိ​အဝတ်​ကို ရောင်း​၍ ဓား​တစ်လက်​ဝယ်ယူလော့။


ထို့နောက် ယေရှု​သည် မိမိ​အား​ဖမ်းဆီး​ရန် ရောက်ရှိလာသော ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ဗိမာန်တော်​အစောင့်များ​၏​ခေါင်းဆောင်များ​နှင့် အကြီးအကဲများ​အား “ဓားပြ​တစ်ဦး​ကို ဖမ်းဆီး​သကဲ့သို့ ငါ့​ကို​ဖမ်းဆီး​ရန် တုတ်များ၊ ဓားများ​နှင့် လာကြရသလော။


လူတို့​သည် အခြားသော ရာဇဝတ်သား​နှစ်ဦး​ကိုလည်း ကိုယ်တော်​နှင့်အတူ သေဒဏ်ပေး​ရန် ခေါ်ဆောင်သွားကြ၏။


ထို့နောက် ယေရှု​သည် မောရှေ​၏​ကျမ်းများ​မှ​စ​၍ ပရောဖက်ကျမ်းများ​ထဲမှ မိမိ​နှင့်​ပတ်သက်သော​ကျမ်းပိုဒ်များ​၏​အနက်အဓိပ္ပာယ်တို့​ကို​ရှင်းပြတော်မူ၏။


ကျမ်းစာတော်​ကို မပယ်ဖျက်နိုင်ကြောင်း​ကို သင်တို့​သိကြ၏။ ထို့ကြောင့် ဘုရားသခင်​က မိမိ​၏ နှုတ်ကပတ်တော်​ကို လက်ခံရရှိသောသူတို့​ကို ဘုရားများ​ဟု ခေါ်ဆိုတော်မူ​လျှင်


အကျွန်ုပ်​သည် ကိုယ်တော်​မှာကြားတော်မူ​သမျှတို့​ကို ပြီးမြောက်စေ​၍ ဤ​လောက​တွင် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှားစေပါပြီ။


ဘုရားသခင်​သည် ကျွန်ုပ်တို့​အတွက် အပြစ်ကင်းသော​အရှင်​ကို အပြစ်​ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်း​မှာ ထို​အရှင်​အားဖြင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​ရန်​ဖြစ်၏။


“သစ်တိုင်​ပေါ်တွင် ဆွဲထားခြင်း​ခံရသောသူ​တိုင်း ကျိန်စာသင့်သူ​ဖြစ်၏” ဟု ကျမ်းစာ​၌ ရေးသားထားသည့်​အတိုင်း ခရစ်တော်​သည် ကျွန်ုပ်တို့​ကိုယ်စား ကျိန်စာသင့်သူ​အဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့​ကို ပညတ်တရား​၏ ကျိန်စာသင့်ခြင်း​ထဲမှ လွတ်မြောက်စေတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ