Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 2:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ကိုယ်တော်​သည် အကျွန်ုပ်​၏​ဝိညာဉ်​ကို မရဏ​နိုင်ငံ​၌ စွန့်ပစ်ထားတော်မူမည်​မဟုတ်။ ကိုယ်တော်​၏​သန့်ရှင်းသူ​ကိုလည်း ပုပ်ပျက်ခြင်း​နှင့် ကြုံတွေ့စေတော်မူမည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အား သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 အ သို့ ဆို သော် ကိုယ် တော် သည် အ ကျွန်ုပ် အ သက် ဝိ ညာဉ် ကို မ ရ ဏာ့ နိုင် ငံ တွင် ပစ် ထား တော် မ မူ၊ သီး သန့် ထား တော် မူ သော သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌​ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊ အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်။ ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 2:27
26 ပူးပေါင်းရင်းမြစ်များ  

အို ကပေရနောင်မြို့… သင်​သည် ကောင်းကင်​တိုင်အောင် ချီးမြှောက်​ခံရပါမည်လော။ မခံရပါ။ သင်​သည် မရဏ​နိုင်ငံ​တိုင်အောင် နှိမ့်ချ​ခံရ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်​၌ ငါ​ပြုခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို ဆိုးသွမ်းသည့် သောဒုံမြို့​တွင် ပြုခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ဆဲ​ရှိမည်​ဖြစ်​သောကြောင့်​ပင် ဖြစ်၏။


“နာဇရက်မြို့သား​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်တို့​နှင့် မည်သို့​သက်ဆိုင်သနည်း။ အကျွန်ုပ်တို့​ကို ဖျက်ဆီး​ရန် ကြွလာတော်မူသလော။ ကိုယ်တော်​သည် မည်သူ​ဖြစ်သည်​ကို အကျွန်ုပ်​သိပါ၏။ ကိုယ်တော်​သည် ဘုရားသခင်​၏ သန့်ရှင်းတော်မူသော​သူ ဖြစ်ပါ၏” ဟု အော်ဟစ်​ပြောဆိုလေ၏။


ကောင်းကင်တမန်​က “သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင့်​အပေါ်​၌ သက်ရောက်တော်မူ​၍ အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​တန်ခိုးတော်​သည် သင့်​ကို လွှမ်းခြုံ​လိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသော​သူငယ်​သည် ဘုရားသခင်​၏​သား​ဟု ခေါ်ဝေါ်ခြင်း​ကို ခံရ​လိမ့်မည်။


သူ​သည် မရဏ​နိုင်ငံ​တွင် ပြင်းစွာသော​ဝေဒနာ​ကို ခံစားရ​သဖြင့် အပေါ်​သို့ မျှော်ကြည့်​ရာ လာဇရု​သည် အာဗြဟံ​ရင်ခွင်​၌ ရှိသည်​ကို အဝေး​မှ မြင်လေ၏။


ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။


ယေရှု​က “ကျောက်တုံး​ကို ရွှေ့ကြလော့” ဟု မိန့်တော်မူ၏။ ထိုအခါ သေလွန်သူ​၏ အစ်မ​ဖြစ်သူ မာသ​က “သခင်… လာဇရု​သေသည်​မှာ လေးရက်​ရှိပါပြီ။ ထို့ကြောင့် ယခု​ဆိုလျှင် အနံ့​ထွက်နေပါ​လိမ့်မည်” ဟု လျှောက်လေ၏။


ထို့ကြောင့် ငါ့​စိတ်နှလုံး​သည် ရွှင်လန်း​၍ ငါ့​နှုတ်​သည် ချီးမွမ်းလေ၏။ ထိုမျှ​မက ငါ့​ကိုယ်ခန္ဓာ​သည်လည်း မျှော်လင့်​လျက် အသက်ရှင်​လိမ့်မည်။


ကိုယ်တော်​သည် ကျွန်ုပ်​အား အသက်​လမ်းတို့​ကို ဖော်ပြတော်မူပြီ​ဖြစ်​၍ ကိုယ်တော်​၏​ရှေ့တော်​၌ ဝမ်းမြောက်ခြင်း​နှင့် ပြည့်ဝစေ​လိမ့်မည်’ ဟု ဆို၏။


ဒါဝိဒ်မင်း​သည် ဤ​အရာ​ကို ကြိုတင်သိမြင်​သဖြင့် ခရစ်တော်​၏​ရှင်ပြန်​ထမြောက်တော်မူခြင်း​နှင့် ပတ်သက်၍ ‘သူ့​ကို မရဏ​နိုင်ငံ​၌ စွန့်ပစ်ထားတော်မူမည်​မဟုတ်၊ ကိုယ်ခန္ဓာ​ကိုလည်း ပုပ်ပျက်ခြင်း​နှင့် ကြုံတွေ့စေတော်မူမည်​မဟုတ်’ ဟု ဆိုလေ၏။


သင်တို့​သည် သန့်ရှင်း​ဖြောင့်မတ်သော​သူ​ကို ငြင်းပယ်​၍ လူသတ်သမား​တစ်ဦး​ကို လွှတ်ပေး​ရန် တောင်းဆိုကြ၏။


ဤ​မြို့​၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်း​နှင့်တကွ လူမျိုးခြားများ​နှင့် အစ္စရေးလူမျိုးတို့​သည် အရှင်​ဘိသိက်ပေးတော်မူသော​သူ၊ အရှင်​၏​သန့်ရှင်းတော်မူသော​အစေခံ​ယေရှု​ကို အတူတကွ​စုရုံး​လျက် ဧကန်အမှန် ဆန့်ကျင်ဘက်​ပြုခဲ့ကြ၏။


“အို သေမင်း… သင်​၏ အောင်မြင်ခြင်း​သည် အဘယ်မှာနည်း။ အို သေမင်း… သင်​၏ အစွယ်​သည် အဘယ်မှာနည်း။”


သို့သော် သင်တို့​မှာမူ သန့်ရှင်းသော​အရှင်​ထံမှ ဘိသိက်ပေးခြင်း​ခံရ​သဖြင့် သမ္မာတရား​ကို သိကြ၏။


ငါ​သည် အသက်ရှင်သော​သူ​ဖြစ်၏။ ငါ​သည် သေခဲ့၏။ ယခု​တွင်မူ အစဉ်​ထာဝရ​အသက်ရှင်၏။ ငါ​သည် သေခြင်းတရား​နှင့် မရဏ​နိုင်ငံ​ကို အစိုးရ၏။


ပင်လယ်​ရှိ သေလွန်သော​သူတို့​သည် ဘုရားသခင်​ရှေ့တော်​သို့ ရောက်လာကြ၏။ အရပ်ရပ်​ရှိ သေလွန်သော​သူတို့​နှင့် မရဏ​နိုင်ငံ​ရှိ သေလွန်သော​သူတို့​သည်လည်း ဘုရားသခင်​ရှေ့တော်​သို့ ရောက်လာကြ၏။ လူအပေါင်းတို့​သည် မိမိတို့​၏​အကျင့်​နှင့်အညီ တရားစီရင်​ခံရ၏။


ဖိလဒေလဖိမြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ သန့်ရှင်း​၍ မှန်သော​စကား​ကို​ပြောသူ၊ ဒါဝိဒ်​မင်း​၏​အခွင့်အာဏာ​သော့​ကို ရရှိထားသူ၊ မည်သူ​မျှ​မပိတ်​နိုင်အောင် ဖွင့်​၍ မည်သူ​မျှ​မဖွင့်​နိုင်အောင် ပိတ်သူ​က ဤသို့​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ