Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 3:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သို့ရာတွင် ခရစ်တော်​သည် ဆင်းရဲဒုက္ခခံစားရမည်​ဟု ပရောဖက်​အပေါင်းတို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​ကြိုတင်​မှာကြားခဲ့သော​အမှုများ​ကို ဤ​သို့​ဖြစ်လာ​စေတော်မူခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 မေ​ရှိ​ယ​သည်​အ​သေ​ခံ​တော်​မူ​ရ​မည်​ဖြစ် ကြောင်း ပ​ရော​ဖက်​အ​ပေါင်း​တို့​အား​ဖြင့်၊ ဘု​ရား သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​ဖြစ် ပျက်​ရ​ခြင်း​ကား​ထို​ဗျာ​ဒိတ်​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဘု ရား သ ခင် လည်း ပ ရော ဖက် အ ပေါင်း တို့၏ နှုတ် ဖြင့် တင် ကူး ဖော် ပြ တော် မူ ခဲ့ သည့် အ တိုင်း၊ ဘိ သိက် တော် ခံ မင်း ခံ ရ သော အ ဖြစ် အ ပျက် များ ကို ထို သို့ ပင် အ တည် ပြု တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် ဟော​ပြော၍၊ ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​နှင့်​သော​အ​မှု​ကို ထို​သို့​အား​ဖြင့် ပြီး​စီး​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့သော် ဘုရားသခင်​သည် မိမိ​၏​ခရစ်တော်​ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ဟု ပရောဖက်​အပေါင်း​တို့​၏​နှုတ်​အားဖြင့် ကြိုတင်​ဖော်ပြ​ထား​သော​အရာ​တို့​ကို ထိုသို့​ပြည့်စုံ​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 3:18
19 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။


ယေရှု​ခရစ်တော်​ကို ယုံကြည်သော​သူ​တိုင်း​သည် သူ​၏​အမည်​နာမ​အားဖြင့် အပြစ်တရား​မှ ခွင့်လွှတ်ခြင်း​ခံရမည်​ဟု ထို​အရှင်​နှင့် ပတ်သက်သည့်​အကြောင်း​ကို ပရောဖက်​အားလုံး​က သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။


ဘုရားသခင်​၏​တိကျသော​အကြံအစည်တော်​အားဖြင့်​လည်းကောင်း၊ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အားဖြင့်​လည်းကောင်း သင်တို့​လက်​၌ အပ်နှံခံရသော​ဤ​ယေရှု​ကို သင်တို့​သည် တရားမဲ့သော​သူတို့​၏​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်တွင် အသေသတ်ခဲ့ကြ၏။


ထို့နောက် သူတို့​သည် ပေါလု​နှင့်​တွေ့ဆုံ​ရန် ရက်ချိန်း​ရွေး​ကြ၏။ ချိန်းသည့်​နေ့​ရောက်သော် သူတို့​သည် လူပေါင်း​များစွာ​နှင့်တကွ ပေါလု​တည်းခိုရာ​နေရာ​သို့​ရောက်လာကြ၏။ ပေါလု​သည် နံနက်​အချိန်​မှ ည​အချိန်​တိုင်အောင် ထို​သူတို့​အား ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံလေ၏။ မောရှေ​၏​ပညတ်တရား​နှင့် ပရောဖက်ကျမ်းများ​ကိုလည်း ကိုးကား​၍ ယေရှု​အကြောင်း​ကို လက်ခံယုံကြည်​လာရန် ကြိုးစား​ဟောပြောလေ၏။


အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြု​ဟောပြောချက်​သည် မည်သည့်​အခါ​မျှ လူ့​အလို​အရ ဖြစ်ပေါ်လာသည်​မဟုတ်ဘဲ သန့်ရှင်းသော​ဝိညာဉ်တော်​၏ နှိုးဆော်ခြင်း​ကို ခံရသော​သူတို့​သည် ဘုရားသခင်​ထံမှ လာသော​စကား​ကို ဟောပြော​သောကြောင့်​ဖြစ်၏။


ထိုအခါ ကျွန်ုပ်​သည် ထို​ကောင်းကင်တမန်​ကို ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ဝပ်တွား၏။ သို့သော် သူ​က “ထိုသို့​မပြုနှင့်။ ငါ​သည် သင်​မှစ၍ ယေရှု​အကြောင်း သက်သေခံချက်​ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်​ညီအစ်ကို​မောင်နှမများ​၏ အစေခံချင်း​လည်း ဖြစ်၏။ ဘုရားသခင်​ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်​၏​အနှစ်သာရ​သည် ယေရှု​အကြောင်း သက်သေခံချက်​ပင် ဖြစ်၏” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ