သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
ဗျာဒိတ် 11:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လက်ဝါးကပ်တိုင်ပေါ်၌ သူတို့၏သခင်ဘုရား အသေခံတော်မူရာအရပ်ဖြစ်သည့် သောဒုံနှင့် အီဂျစ်ဟု ပုံဆောင်ခေါ်ဝေါ်သောမြို့ကြီး၏ လမ်းပေါ်၌ သူတို့၏ အလောင်းများ ရှိကြလိမ့်မည်။ Common Language Bible သူတို့၏အလောင်းများသည်မြို့ကြီးများ ၏လမ်းပေါ်တွင်ကျန်ရစ်ကြလိမ့်မည်။ ထိုမြို့ ကားသူတို့၏အရှင်သခင်လက်ဝါးကပ်တိုင် တွင်တင်၍အသတ်ခံရာမြို့ဖြစ်၏။ ယင်းမြို့ သည် သောဒုံမြို့သို့မဟုတ်အီဂျစ်ပြည်ကို သရုပ်ဆောင်သောမြို့ဖြစ်သတည်း။- Garrad Bible သူ တို့ အ လောင်း များ သည် ကိုယ့် အ ရှင် ကား တင် ခံ တော် မူ ရာ အ နက် သ ဘော အ တိုင်း သော ဒုံ နှင့် အိ ဂျစ် ဟူ၍ ခေါ် သော မြို့ တော် ကြီး လမ်း ပေါ် တွင် ရှိ စဉ်၊ Judson Bible သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍လည်းကောင်း၊ အဲဂုတ္တုဟူ၍လည်းကောင်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သူတို့၏အလောင်းများသည် ဝိညာဉ်သဘောအရ သောဒုံနှင့်အီဂျစ်ဟုခေါ်သော မြို့ကြီး၏လမ်းမပေါ်တွင် ရှိကြလိမ့်မည်။ သူတို့၏သခင်သည်လည်း ထိုမြို့တွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရ၏။ |
သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် “ရှောလု၊ ရှောလု ငါ့ကို အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်သနည်း” ဟု သူ့အား ပြောဆိုသောစကားသံကို ကြားရ၏။
ထိုနည်းတူ ယေရှုသည် လူတို့ကို မိမိအသွေးအားဖြင့် စင်ကြယ်စေရန် မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
သို့ရာတွင် နောက်ပိုင်းတွင် သူတို့သည် ဘုရားသခင်ကို စွန့်၍ ကိုယ်တော်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ရိုက်လျက် လူများရှေ့မှောက်တွင် ဂုဏ်သရေပျက်စေသောသူများ ဖြစ်သောကြောင့် သူတို့ကို နောင်တရစေရန် မဖြစ်နိုင်ပေ။
ထို့နောက် သောဒုံနှင့် ဂေါမောရမြို့တို့ကို ပြာကျသည့်တိုင် မီးရှို့လျက် ပြစ်ဒဏ်စီရင်တော်မူ၍ ဘုရားတရားမဲ့သောသူတို့ထံ ကျရောက်မည့်ဘေး၏ နမူနာအဖြစ် ဖော်ပြတော်မူ၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အနီးရှိ မြို့များမှ မြို့သူမြို့သားတို့သည် လိင်မှုကျူးလွန်၍ သဘာဝနှင့် ဆန့်ကျင်သောမေထုန်ကို ပြုကြသဖြင့် ထာဝရမီးဒဏ်ကို ခံရ၏။ ထို့ကြောင့် ထိုမြို့တို့သည် သင်ခန်းစာယူစရာဖြစ်လာကြ၏။
ထိုအချိန်တွင် အလွန်ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုကျသွား၏။ ထိုငလျင်ဒဏ်ကြောင့် လူခုနစ်ထောင် သေဆုံး၍ အသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်ကာ ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြ၏။
တိုင်းနိုင်ငံအသီးသီး၊ မျိုးနွယ်စုအသီးသီး၊ လူမျိုးအသီးသီးနှင့် ဘာသာစကားအသီးသီးပြောသည့်သူများမှ လူတို့သည် သူတို့၏အလောင်းများကို သုံးရက်ခွဲကြာအောင် ကြည့်ပြီး သင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ခွင့် မပေးဘဲနေကြလိမ့်မည်။
ထိုစပျစ်သီးများကို မြို့ပြင်တွင်ရှိသော စပျစ်သီးနယ်သည့်ကျင်း၌ နယ်၏။ ထိုစပျစ်သီးနယ်ရာကျင်းမှ စီးထွက်လာသော ထိုသွေးချောင်းသည် အနက်ငါးပေခန့် ရှိပြီး အလျားတစ်ရာရှစ်ဆယ့်လေးမိုင်ခန့်ရှိ၏။
ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ထိုမြို့သည် လူမျိုးအပေါင်းတို့အား တရားနှင့် မညီသော မေထုန်ဟူသည့် သူ၏စပျစ်ဝိုင်ကို တိုက်၏” ဟု ဆို၏။
မြို့ကြီးသည် သုံးပိုင်းကွဲ၍ တိုင်းနိုင်ငံများ၏ မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဘေဘီလုံမြို့ကြီး၏ အပြစ်များကို သတိရတော်မူလျက် အမျက်တော်နှင့် ပြည့်နေသော စပျစ်ဝိုင်ကို ထိုမြို့အား တိုက်တော်မူ၏။
ဖလားခုနစ်လုံးကိုင်ဆောင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါးသည် လာ၍ ကျွန်ုပ်အား “လာလော့။ မြစ်များစွာရှိရာ၌ တည်ရှိသည့်ဆိပ်ကမ်းမြို့ကြီးဖြစ်သောပြည့်တန်ဆာမကြီး ခံရမည့် ပြစ်ဒဏ်များကို သင့်အား ငါပြမည်။
သင်မြင်ရသော အမျိုးသမီးသည် လောကီဘုရင်တို့ကို အုပ်စိုးသည့်မြို့ကြီးကို ကိုယ်စားပြု၏” ဟု ပြောလေ၏။
သူ၏နဖူးပေါ်၌ “ပြည့်တန်ဆာတို့နှင့် ကမ္ဘာလောကရှိ စက်ဆုပ်ရွံရှာဖွယ်ရာတို့၏ မိခင်၊ ဘေဘီလုံမြို့ကြီး” ဟူသော လျှို့ဝှက်နက်နဲသည့်အမည်ကို ရေးထား၏။
သူတို့သည် သူခံရသောညှဉ်းဆဲမှုကို ကြောက်၍ အဝေးမှ ရပ်လျက် “အလိုလေး… ကြီးမြတ်သောဘေဘီလုံ… တန်ခိုးကြီးသောမြို့… ဖြစ်ရလေချင်း။ သင်ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် တစ်ခဏချင်း၌ပင် ရောက်လေပြီ” ဟု ငိုကြွေးကြလိမ့်မည်။
သူ့အား လောင်ကျွမ်း၍ တက်လာသော မီးခိုးတို့ကို ကြည့်ကာ “ဤမြို့ကဲ့သို့ ခမ်းနားသောမြို့ ဘယ်မှာရှိတော့မည်နည်း” ဟု အော်ဟစ်ကြ၏။
ထိုကောင်းကင်တမန်က “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤမြို့သည် နတ်ဆိုးတို့ နေထိုင်ရာအရပ်၊ ညစ်ညမ်းသောနတ်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းသောငှက်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းမုန်းတီးဖွယ်တိရစ္ဆာန်တို့ ခိုအောင်းရာအရပ် ဖြစ်လေပြီ။
ထို့နောက် တန်ခိုးကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်တုံးကြီးတစ်တုံးကို ယူ၍ ပင်လယ်ထဲသို့ ပစ်ချလိုက်ပြီးလျှင် “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ပင် ပြင်းထန်စွာ ပစ်ချခံရပြီး မည်သည့်အခါမျှ တွေ့ရတော့မည် မဟုတ်။
ပရောဖက်များ၊ သန့်ရှင်းသောသူများနှင့် ကမ္ဘာလောက၌ အသတ်ခံရသူအပေါင်းတို့၏ သွေးတို့ကို ထိုမြို့၌ တွေ့ရ၏” ဟူ၍ ပြောလေ၏။