Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ပေ 2:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို့နောက် သောဒုံ​နှင့် ဂေါမောရမြို့​တို့​ကို ပြာကျသည့်​တိုင် မီးရှို့​လျက် ပြစ်ဒဏ်​စီရင်တော်မူ​၍ ဘုရားတရားမဲ့သော​သူတို့​ထံ ကျရောက်မည့်​ဘေး​၏ နမူနာ​အဖြစ် ဖော်ပြတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဘု​ရား​သ​ခင်​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့ တို့​ကို​မီး​လောင်​ကျွမ်း​စေ​သော​အား​ဖြင့်​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ်​တော် သည်​နောင်​အ​ခါ​တွင် ဆိုး​သွမ်း​ယုတ်​မာ​သူ​တို့ မည်​ကဲ့​သို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို​န​မူ​နာ အ​ဖြစ်​ပြ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဘု ရား တ ရား မဲ့ နေ သူ တို့ အား ပုံ စံ ထား ရန် သော ဒုံ နှင့် ဂေါ မော ရ မြို့ များ ကို ဒဏ် ခတ် သ ဖြင့် ပြာ ပုံ အ ဖြစ် ဖြို လှဲ တော် မူ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့ပြင် သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​ကို ပြစ်ဒဏ်​စီရင်​လျက် ပြာ​ပုံ​အဖြစ်​သို့ ပျက်သုဉ်း​စေ​ကာ ဘုရား​တရား​မဲ့​ဖြစ်လာ​မည့်​သူ​တို့​အတွက် နမူနာ​ဖြစ်စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 2:6
20 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​အမှန်​ဆို၏။ တရားစီရင်သော​နေ့​တွင် ထို​မြို့​သည် ဆိုးသွမ်းသည့်​သောဒုံမြို့​နှင့် ဂေါမောရမြို့​ထက် ပို၍​အပြစ်ဒဏ်ခံရ​လိမ့်မည်။


အို ကပေရနောင်မြို့… သင်​သည် ကောင်းကင်​တိုင်အောင် ချီးမြှောက်​ခံရပါမည်လော။ မခံရပါ။ သင်​သည် မရဏ​နိုင်ငံ​တိုင်အောင် နှိမ့်ချ​ခံရ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်​၌ ငါ​ပြုခဲ့သော အံ့ဖွယ်တန်ခိုးတို့​ကို ဆိုးသွမ်းသည့် သောဒုံမြို့​တွင် ပြုခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ဆဲ​ရှိမည်​ဖြစ်​သောကြောင့်​ပင် ဖြစ်၏။


ထို့ပြင် ဟေရှာယ​က “ကောင်းကင်ဗိုလ်ခြေ​အရှင် ထာဝရဘုရား​သည် ကျွန်ုပ်တို့​အတွက် မျိုးဆက်​ကို ချန်ထားတော်မမူခဲ့​လျှင် ကျွန်ုပ်တို့​သည် သောဒုံမြို့​ကဲ့သို့ ဖယ်ရှားခြင်း​ခံရ​၍ ဂေါမောရမြို့​ကဲ့သို့ ဖျက်ဆီးခြင်း​ကို ခံရကြ​လိမ့်မည်” ဟု ပရောဖက်ပြု​ဟောပြောခဲ့၏။


သူတို့​၌ ဖြစ်ပျက်ခဲ့သည့် ဤ​အခြင်းအရာများ​သည် ကျွန်ုပ်တို့​အတွက် သင်ခန်းစာများ​ဖြစ်၏။ ထို​အကြောင်းအရာများ​ကို ရေးသားရခြင်း​မှာ ကမ္ဘာ​ကုန်ဆုံး​ရန် နီးချိန်​တွင် အသက်ရှင်​ကြသော ကျွန်ုပ်တို့​ကို သတိပေး​ရန်အတွက်​ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ထို​စံမြန်း​နားခိုရာ​နေရာ​သို့ ဝင်​ရန် ကြိုးစား​ကြစို့။ ထိုသို့​မဟုတ်​လျှင် တစ်ချိန်​က အစ္စရေးလူမျိုးတို့​သည် မနာခံ​သောကြောင့် ထို​စံမြန်း​နားခိုရာ​နေရာ​သို့ မဝင်နိုင်ကြ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဝင်နိုင်ကြမည် မဟုတ်။


လူ​အပေါင်းတို့​ကို တရားစီရင်တော်မူ​လိမ့်မည်။ ဘုရားတရားမဲ့သော​သူတို့​၏ ဘုရားတရားမဲ့သော​အပြုအမူ​တိုင်း​အတွက်​လည်းကောင်း၊ ဘုရားတရားမဲ့သော​အပြစ်သားတို့​သည် ဘုရားသခင်​ကို ပြစ်မှား​၍ ကြမ်းတမ်း​စွာ ပြောဆိုခြင်း​အတွက်​လည်းကောင်း ပြစ်ဒဏ်​စီရင်တော်မူ​ရန်​ဖြစ်သည်” ဟူ၍ ပရောဖက်ပြု​ဟောပြောခဲ့၏။


ထို​ကဲ့သို့​ပင် သောဒုံမြို့၊ ဂေါမောရမြို့​နှင့် အနီး​ရှိ မြို့များ​မှ မြို့သူမြို့သားတို့​သည် လိင်မှု​ကျူးလွန်​၍ သဘာဝ​နှင့် ဆန့်ကျင်သော​မေထုန်​ကို ပြုကြ​သဖြင့် ထာဝရ​မီး​ဒဏ်​ကို ခံရ၏။ ထို့ကြောင့် ထို​မြို့တို့​သည် သင်ခန်းစာ​ယူစရာ​ဖြစ်လာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ