Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာ​ဒိတ် 18:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထို့နောက် တန်ခိုးကြီးသော​ကောင်းကင်တမန်​တစ်ပါး​သည် ကြိတ်ဆုံကျောက်​ကဲ့သို့သော ကျောက်တုံးကြီး​တစ်တုံး​ကို ယူ​၍ ပင်လယ်​ထဲသို့ ပစ်ချလိုက်​ပြီးလျှင် “ဘေဘီလုံမြို့ကြီး​သည် ဤ​ကဲ့သို့​ပင် ပြင်းထန်​စွာ ပစ်ချခံရပြီး မည်သည့်​အခါ​မျှ တွေ့ရတော့မည် မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထို​နောက်​ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​သည်​ကြိတ်​ဆုံ​ကျောက်​ကြီး​ခန့်​ရှိ​သော ကျောက်​တုံး​တစ်​ခု​ကို​ယူ​၍​ပင်​လယ်​ထဲ​သို့​ပစ် ချ​လိုက်​ပြီး​လျှင်``ဗာ​ဗု​လုန်​မြို့​ကြီး​သည်​ဤ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​ထို မြို့​ကို​ပြန်​၍​တွေ့​မြင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 တစ် ဖန် ခွန် အား ကြီး သော စေ တ မန် တော် တစ် ပါး သည် ကြိတ် ဆုံ ကြီး ခန့် ရှိ ကျောက် တစ် လုံး ကို ယူ၍ သ မု ဒ္ဒ ရာ ထဲ သို့ ပစ် ချ ပြီး လျှင် ဗာ ဗု လုန် မြို့ ကြီး ကို ဤ သို့ ပြင်း ထန် စွာ ပစ် ချ သ ဖြင့် တွေ့ တော့ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ခွန်​အား​ကြီး​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကြီး​စွာ​သော ကြိတ်​ဆုံ​ကျောက်​ကဲ့​သို့​သော ကျောက်​ကို ချီ​ယူ၍ ပင်​လယ်​ထဲ​သို့ ချ​ပစ်​ပြီး​လျှင် ထို​နည်း​တူ၊ ဗာ​ဗု​လုန်​မြို့​ကြီး​ကို ပြင်း​ထန်​စွာ ချ​ပစ်၍ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထို့နောက် ခွန်အား​ကြီး​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် ကြီးမား​သည့်​ကြိတ်ဆုံ​ကဲ့သို့သော​ကျောက်တုံး​တစ်​တုံး​ကို​ချီယူ​၍ ပင်လယ်​ထဲသို့​ပစ်ချ​ကာ “ဘေဘီလုံ​မြို့​ကြီး​သည် ဤကဲ့သို့ ကြမ်းတမ်း​စွာ​ပစ်ချ​ခြင်း​ကို​ခံရ​၍ လုံးဝ​တွေ့​ရ​တော့​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 18:21
14 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ တန်ခိုးကြီးသော ကောင်းကင်တမန်​တစ်ပါး​က “မည်သူ​သည် တံဆိပ်​ခုနစ်ခု​ကို ခွာ​ပြီး စာလိပ်​ကို ဖွင့်​ရန် ထိုက်တန်​သနည်း” ဟု ကျယ်လောင်​စွာ ကြွေးကြော်နေသည်​ကို ကျွန်ုပ်​မြင်ရ၏။


ထိုအခါ ရာဇပလ္လင်​ဖြူကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ကို ကျွန်ုပ်​မြင်ရ၏။ မြေကြီး​နှင့် ကောင်းကင်​သည် ထို​အရှင်​ရှေ့မှ ပျောက်ကွယ်သွား​၍ ၎င်းတို့​အတွက် နေရာ​မရှိတော့ပေ။


စောင်းသမား၊ ဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့​၏ တီးမှုတ်သံ​ကို​လည်း သင့်​ထဲ​၌ မည်သည့်​အခါ​မျှ ကြားရတော့မည် မဟုတ်။ အမျိုးမျိုးသော လက်မှု​အတတ်​ပညာရှင်များ​ကို​လည်း သင့်​ထဲ​၌ မည်သည့်​အခါ​မျှ တွေ့ရတော့မည် မဟုတ်။ ကြိတ်ဆုံ​သံများ​ကို​လည်း သင့်​ထဲ​၌ မည်သည့်​အခါ​မျှ ကြားရတော့မည် မဟုတ်။


ထိုအခါ ကျွန်းများ​အားလုံး​သည် ပျောက်ကွယ်သွား​၍ တောင်များ​သည်​လည်း ပျောက်ပျက်ကုန်၏။


အရေးနိမ့်​သဖြင့် ကောင်းကင်​မှ နှင်ထုတ်ခံရ၏။


သူတို့​သည် သူ​ခံရသော​ညှဉ်းဆဲမှု​ကို ကြောက်​၍ အဝေး​မှ ရပ်​လျက် “အလိုလေး… ကြီးမြတ်သော​ဘေဘီလုံ… တန်ခိုးကြီးသော​မြို့… ဖြစ်ရလေချင်း။ သင်​ခံရမည့် ပြစ်ဒဏ်စီရင်ခြင်း​သည် တစ်ခဏချင်း​၌ပင် ရောက်လေပြီ” ဟု ငိုကြွေးကြ​လိမ့်မည်။


ထို့နောက် တန်ခိုးကြီးသော ကောင်းကင်တမန်​တစ်ပါး​သည် မိုးတိမ်​ခြုံလွှမ်း​လျက် ကောင်းကင်ဘုံ​မှ ဆင်းသက်လာသည်​ကို ကျွန်ုပ်​မြင်ရ၏။ သူ​၏​ဦးခေါင်း​ပေါ်တွင် သက်တံ​တည်ရှိ၏။ သူ​၏​မျက်နှာ​သည် နေ​ကဲ့သို့​ဖြစ်ပြီး ခြေတို့​သည် မီးတိုင်​ကဲ့သို့​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ