Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 18:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သူတို့​သည် သူ​ခံရသော​ညှဉ်းဆဲမှု​ကို ကြောက်​၍ အဝေး​မှ ရပ်​လျက် “အလိုလေး… ကြီးမြတ်သော​ဘေဘီလုံ… တန်ခိုးကြီးသော​မြို့… ဖြစ်ရလေချင်း။ သင်​ခံရမည့် ပြစ်ဒဏ်စီရင်ခြင်း​သည် တစ်ခဏချင်း​၌ပင် ရောက်လေပြီ” ဟု ငိုကြွေးကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သူ​တို့​သည်​သူ​ခံ​ရ​သ​ကဲ့​သို့​ခံ​ရ​မည်​ကို ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး​မှ​ရပ်​လျက်``တန်​ခိုး ကြီး​သည့်​မြို့၊ ကြီး​မြတ်​သည့်​ဗာ​ဗု​လုန်​မြို့၊ ဖြစ် ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ သင်​သည်​တစ်​နာ​ရီ အ​တွင်း​၌​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို ညှဉ်း ဆဲ ခြင်း ကို ကြောက် ရွံ့၍ အ ဝေး က ရပ် နေ လျက် ဗာ ဗု လုန် မြို့ ကြီး မြို့ ခိုင် သည် အ မင်္ဂ လာ၊ အ မင်္ဂ လာ ရှိ လေ စွ။ တစ် နာ ရီ ချင်း တွင် စီ ရင် ဒဏ် သင့် ရောက် ပြီ တ ကား ဟု ငို ကြွေး ရင် တီး လျက် ဆို ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သူ​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ဝေ​ဒ​နာ​ကို ကြောက်၍ အ​ဝေး​က​ရပ်​လျက်၊ ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ဗာ​ဗု​လုန်​မြို့​ကြီး၊ မြို့​စွမ်း၊ သင်​သည် တစ်​နာ​ရီ​ချင်း​တွင် အ​ပြစ်​စီ​ရင်​ခြင်း​သို့ ရောက်​ပါ​ပြီ​တ​ကား​ဟူ၍ သူ့​ကြောင့် ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို​သူ​တို့​သည် သူ​ခံရ​သည့်​ညှဉ်းဆဲ​ခြင်း​ကို​ကြောက်​ကြ​သောကြောင့် အဝေး​မှ​ရပ်​လျက် ‘ကြီးမား​သော​မြို့၊ အားကြီး​သော​ဘေဘီလုံ​မြို့၊ သင်​သည် စိတ်​မချမ်းမြေ့​ဖွယ်၊ စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ပါ​သည်​တကား။ အဘယ်ကြောင့်​ဆိုသော် သင်​ခံရ​သည့်​တရား​စီရင်​ခြင်း​သည် တိုတောင်း​သော​အချိန်​တစ်​ခု​အတွင်း​၌ ကျရောက်​လေ​ပြီ’​ဟု ဆို​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 18:10
17 ပူးပေါင်းရင်းမြစ်များ  

လက်ဝါးကပ်တိုင်​ပေါ်၌ သူတို့​၏​သခင်ဘုရား အသေခံတော်မူရာ​အရပ်​ဖြစ်သည့် သောဒုံ​နှင့် အီဂျစ်​ဟု ပုံဆောင်​ခေါ်ဝေါ်သော​မြို့ကြီး​၏ လမ်း​ပေါ်၌ သူတို့​၏ အလောင်းများ ရှိကြ​လိမ့်မည်။


ထို့နောက် ဒုတိယ​ကောင်းကင်တမန်​သည် လိုက်လာ​၍ “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ထို​မြို့​သည် လူမျိုး​အပေါင်းတို့​အား တရား​နှင့် မညီသော မေထုန်​ဟူသည့် သူ​၏​စပျစ်ဝိုင်​ကို တိုက်၏” ဟု ဆို၏။


မြို့ကြီး​သည် သုံးပိုင်း​ကွဲ​၍ တိုင်းနိုင်ငံများ​၏ မြို့များ​သည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်​သည် ဘေဘီလုံမြို့ကြီး​၏ အပြစ်များ​ကို သတိရတော်မူ​လျက် အမျက်တော်​နှင့် ပြည့်နေသော စပျစ်ဝိုင်​ကို ထို​မြို့​အား တိုက်တော်မူ၏။


သင်​မြင်ရသည့် သားရဲ​၏ ဦးချို​ဆယ်ချောင်း​သည် မင်း​အာဏာစက်​ကို မရသေးသော​ဘုရင်​ဆယ်ပါး​ကို ကိုယ်စားပြု၏။ ထို​ဘုရင်တို့​သည် သားရဲ​နှင့်အတူ ခဏ​မျှသာ နန်းစံခွင့် ရကြ​လိမ့်မည်။


သူ့​အား လောင်ကျွမ်း​၍ တက်လာသော မီးခိုးတို့​ကို ကြည့်​ကာ “ဤ​မြို့​ကဲ့သို့ ခမ်းနားသော​မြို့ ဘယ်မှာ​ရှိတော့မည်နည်း” ဟု အော်ဟစ်ကြ၏။


သူတို့​သည် ဖုန်မှုန့်များ​ကို မိမိတို့​၏ ခေါင်း​ပေါ်တွင် ကြဲပြီး “အလိုလေး… ဖြစ်ရလေချင်း။ မိမိ​၏​စည်းစိမ်​ဥစ္စာများ​ကြောင့် ပင်လယ်ကူး​သင်္ဘောပိုင်ရှင်များ​ကို ချမ်းသာစေခဲ့သော မြို့ကြီး… သင်​သည် တစ်ခဏချင်း​၌ ပျက်စီးလေပြီ” ဟု ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။


ထို့နောက် တန်ခိုးကြီးသော​ကောင်းကင်တမန်​တစ်ပါး​သည် ကြိတ်ဆုံကျောက်​ကဲ့သို့သော ကျောက်တုံးကြီး​တစ်တုံး​ကို ယူ​၍ ပင်လယ်​ထဲသို့ ပစ်ချလိုက်​ပြီးလျှင် “ဘေဘီလုံမြို့ကြီး​သည် ဤ​ကဲ့သို့​ပင် ပြင်းထန်​စွာ ပစ်ချခံရပြီး မည်သည့်​အခါ​မျှ တွေ့ရတော့မည် မဟုတ်။


သို့ဖြစ်၍ သူ​ခံရမည့်​ဘေးဒဏ်များ​ဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်း​တို့​သည် သူ့​အပေါ်သို့ တစ်ရက်​အတွင်း ကျရောက်လာ​လိမ့်မည်။ မီး​သည် သူ့​ကို လောင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့​ကို တရားစီရင်တော်မူသော​အရှင် ဘုရားသခင်​သည် တန်ခိုးကြီးတော်မူ​သောကြောင့်​ဖြစ်သည်” ဟူ၍​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ