နေကို အမိန့်ပေးတော်မူသဖြင့် နေမထွက်။ ကြယ်တို့ကိုလည်း ချိပ်ပိတ်ထားတော်မူ၏။
အာမုတ် 4:13 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။ Common Language Bible တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။ Garrad Bible နာ ခံ ကြ ဦး။ တောင် များ ကို ပြု ပြင် တော် မူ ထ သော၊ လေ ကို ဖန် ဆင်း တော် မူ ထ သော၊ ပြ ဋ္ဌာန်း တော် မူ ချက် ကို လူ တို့ အား ဖော် ပြ တော် မူ ထ သော၊ နေ အ ရုဏ် ကို မှောင် စေ တော် မူ ထ သော၊ မြေ ပ ထ ဝီ ရှိ မြင့် မြတ် ရာ များ ၌ စက် တော် ဖြန့် တော် မူ သော အ ရှင်၏ နာမ တော် ကား၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် ပေ တည်း။ Judson Bible တောင်တို့ကို လုပ်၍ လေကိုဖန်ဆင်းထသော၊ လူစိတ်အကြံအစည်ကို လူအားဖော်ပြထသော၊ နံနက်အလင်းကို အမိုက်ဖြစ်စေထသော၊ မြင့်သောမြေအရပ်တို့ကို နင်းသောသူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ |
နေကို အမိန့်ပေးတော်မူသဖြင့် နေမထွက်။ ကြယ်တို့ကိုလည်း ချိပ်ပိတ်ထားတော်မူ၏။
ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။
အကျွန်ုပ်၏ထိုင်ခြင်းနှင့် ထခြင်းကို သိတော်မူ၏။ အကျွန်ုပ်၏အတွေးအကြံကို အဝေးကပင် သိနားလည်တော်မူ၏။
ကိုယ်တော်သည် မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ ၎င်းတို့ကို အရည်ပျော်စေတော်မူ၏။ မိမိ၏လေကိုတိုက်စေတော်မူသောအခါ ရေတို့သည် စီးဆင်းကြ၏။
ကိုယ်တော်သည် မိမိကိုယ်မိမိ အစွမ်းတန်ခိုးတော်နှင့်ပတ်စည်းလျက် တောင်များကို မိမိ၏တန်ခိုးတော်ဖြင့် တည်စေတော်မူ၏။
သို့ဖြစ်၍ မောရှေသည် မိမိလက်ကို ကောင်းကင်သို့ဆန့်လိုက်ရာ အီဂျစ်ပြည်တစ်ပြည်လုံး၌ သုံးရက်ပတ်လုံးအမှောင်ထုကြီးကျရောက်၏။
ထိုသို့ မိုးတိမ်သည် အီဂျစ်တပ်နှင့် အစ္စရေးတပ်ကြားသို့ရောက်၍ တစ်ဖက်၌အမှောင်ကိုဖြစ်စေပြီး တစ်ဖက်၌ညအချိန်တွင် အလင်းကိုပေး၏။ ထို့ကြောင့် တစ်ညလုံး တစ်ဖက်နှင့်တစ်ဖက်မချဉ်းကပ်နိုင်ကြ။
ရေကို လက်ခုပ်ဖြင့် ခြင်တွယ်သောသူ၊ ကောင်းကင်ကို လက်ဖြင့်တိုင်းထွာသောသူ၊ မြေမှုန့်ကို ခြင်တောင်းဖြင့်ချင့်သောသူ၊ တောင်ကြီးကို ကတ္တားဖြင့်လည်းကောင်း၊ တောင်ငယ်ကို ချိန်ခွင်ဖြင့်လည်းကောင်း ချိန်တွယ်သောသူကား မည်သူနည်း။
ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
ငါတို့ကို ရွေးနုတ်သောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
မိမိကိုယ်မိမိ သန့်ရှင်းသောမြို့သားဟု ခံယူသောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟု အမည်ရှိသော အစ္စရေးလူမျိုး၏ဘုရားသခင်ကို အမှီပြုသောသူတို့ ဖြစ်ကြ၏။
ထိုနေ့ရက်တွင် သူတို့သည် သမုဒ္ဒရာမြည်ဟည်းသကဲ့သို့ မာန်ဖီကြလိမ့်မည်။ ထိုပြည်ကိုကြည့်လျှင် ဆင်းရဲဒုက္ခအမှောင်ထုသာရှိ၏။ မိုးတိမ်များကြောင့် အလင်းသည် မှောင်မိုက်လေ၏။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “အကယ်စင်စစ် ငါအသက်ရှင်သည်နှင့်အညီ တောင်များတွင် တာဗော်တောင်ကဲ့သို့၊ ပင်လယ်ကမ်းနားတွင် ကရမေလတောင်ကဲ့သို့ ထင်ပေါ်သောသူတစ်ဦး ရောက်လာမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေတော်မူ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ ယာကုပ်အမျိုးအနွယ်သည် ကိုယ်တော်၏အမွေတော်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
အကျွန်ုပ်အား ဤနက်နဲသောအရာကို ဖွင့်ပြသည်မှာလည်း အကျွန်ုပ်သည် သက်ရှိလူသားအပေါင်းတို့ထက်ပို၍ ဉာဏ်ပညာရှိသောကြောင့်မဟုတ်ဘဲ အရှင်မင်းကြီးအား အိပ်မက်အနက်အဓိပ္ပာယ်ကို ဖော်ပြ၍ မင်းကြီးစိတ်ထဲရှိအတွေးတို့ကို မင်းကြီးအား သိစေရန် ဖြစ်၏။
သင်သည် သင်၏ဘုရားသခင်ထံသို့ ပြန်လှည့်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားတို့ကို စောင့်ထိန်းလော့။ သင်၏ဘုရားသခင်ကို အစဉ်စောင့်မျှော်လော့။
ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “နားထောင်လော့၊ ယာကုပ်အမျိုးအနွယ်တို့ကို ဆန့်ကျင်၍ သက်သေထွက်ဆိုလော့”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါသည် သင်တို့ကို ဒမတ်စကပ်မြို့နှင့်ဝေးရာသို့ သုံ့ပန်းအဖြစ်ပါသွားစေမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ဟူ၍ နာမတော်ရှိတော်မူသောထာဝရဘုရား မိန့်တော်မူ၏။
ခုနစ်စင်ကြယ်နှင့် သရဝဏ်နက္ခတ်တို့ကိုဖန်ဆင်းတော်မူသောအရှင်၊ သေမင်းအရိပ်ကို နံနက်အလင်းဖြစ်စေသောအရှင်၊ နေ့ကို ညအမှောင်ဖြစ်စေသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး ထိုရေတို့ကို မြေမျက်နှာပြင်ပေါ်လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရားဟူ၍ဖြစ်၏။
ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် မွန်းတည့်ချိန်၌ နေဝင်စေမည်။ နေသာသောနေ့တွင် မြေကြီးကို မှောင်မိုက်စေမည်။
မိုးကောင်းကင်တွင် အထက်ခန်းများကို တည်ဆောက်တော်မူသောအရှင်၊ မြေကြီးပေါ်တွင် အုတ်မြစ်ချတော်မူသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး မြေမျက်နှာပြင်ပေါ် လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရား ဖြစ်၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် စံနေတော်မူရာမှ ဆင်းကြွလာ၍ မြေပေါ်ရှိအထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူမည်။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ခွန်အား ဖြစ်တော်မူ၏။ ငါ၏ခြေတို့ကို သမင်၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်မြတ်ကောင်းမွန်သောနေရာတို့၌ ငါ့ကို သွားလာစေတော်မူ၏။ (ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာသံစဉ်)။
အစ္စရေးလူမျိုးနှင့်ပတ်သက်သော ထာဝရဘုရား၏ဗျာဒိတ်စကား။ မိုးကောင်းကင်ကို ဖြန့်ကြက်၍ မြေကြီးအုတ်မြစ်ကိုတည်ပြီးလျှင် လူ့အထဲ၌ အသက်ဝိညာဉ်ကို ပုံဖော်ဖန်ဆင်းပေးတော်မူသောထာဝရဘုရားက
ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ မကောင်းသောအရာများကို စဉ်းစားဆင်ခြင်နေကြသနည်း။
လူ၏စိတ်ထဲ၌ရှိသောအရာကိုသိတော်မူသောကြောင့် လူ၏အကြောင်းကို မည်သူကမျှ သက်သေခံပေးရန်မလိုအပ်ပေ။
လေသည် အလိုရှိရာသို့တိုက်တတ်၏။ သင်သည် သူ့အသံကိုကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းလည်း ထိုနည်းတူဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
ကိုယ်တော်သည် သူ့ကို မြေကြီးပေါ်ရှိ မြင့်ရာအရပ်တို့၌နေရာချထား၍ သူသည် လယ်ယာသီးနှံကိုစားရ၏။ ကိုယ်တော်သည် သူ့ကို ကျောက်တောင်ထဲမှပျားရည်ဖြင့်လည်းကောင်း၊ မီးခတ်ကျောက်ဆောင်ထဲမှဆီဖြင့်လည်းကောင်း၊
အို အစ္စရေးလူမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောလူမျိုး၊ သင်နှင့်မည်သူတူသနည်း။ ကိုယ်တော်သည် သင့်ကိုကူညီမစသောဒိုင်းလွှား၊ သင်ဂုဏ်ယူဝါကြွားရာဓား ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့၌ခယဝပ်တွားကြရလိမ့်မည်။ သင်သည် သူတို့အထွတ်အမြတ်ထားရာနေရာတို့ကို နင်းလိမ့်မည်”ဟု ကောင်းချီးပေးလေ၏။