ဆာလံ 135:7 - မြန်မာ့စံမီသမ္မာကျမ်း7 ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍ မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။ လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 မြေ ကြီး အ စွန်း အ ဖျား မှ မိုး သား တက် စေ လျက်၊ မိုး ရွာ စေ ရန် လျှပ် စစ် ကို စီ မံ လျက်၊ လှောင် တိုက် တော် များ ထဲ က လေ ပြင်း ကို ထွက် စေ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 မြေကြီးစွန်းမှ မိုးတိမ်တို့ကို တက်စေတော်မူ၏။ မိုးနှင့်တကွ လျှပ်စစ်ကိုဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတော်တိုက်ထဲက လေကို ထုတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။