Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




အာ​မုတ် 5:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ခုနစ်စင်ကြယ်​နှင့် သရဝဏ်နက္ခတ်​တို့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​၊ သေမင်းအရိပ်​ကို နံနက်အလင်း​ဖြစ်စေ​သော​အရှင်​၊ နေ့​ကို ည​အမှောင်​ဖြစ်စေ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး ထို​ရေ​တို့​ကို မြေ​မျက်နှာပြင်​ပေါ်​လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထာ​ဝ​ရ​ဘု​ရား​သည်​ကြယ်​တာ​ရာ အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခိ​မ​ကြယ်​စု​နှင့်​ခ​သိ​လ​ကြယ်​စု​ကို​လည်း ဖန်​ဆင်း​တော်​မူ​ခဲ့​ပြီ။ အ​မှောင်​ကို​အ​လင်း​ဖြစ်​စေ​၍​နေ့​ကို​လည်း ည​အ​ဖြစ်​သို့​ပြောင်း​လဲ​ခဲ့​ပြီ။ ပင်​လယ်​ရေ​အ​ပေါင်း​တို့​ကို​ခေါ်​ယူ​ကာ မြေ​ကြီး​ပေါ်​မှာ​သွန်း​တော်​မူ​ခဲ့​ပြီ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​မှာ​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ကျ တ္တီ ကာ နှင့် အဿ ဝ နီ ကို ဖန် ဆင်း တော် မူ ထ သော၊ သေ ခြင်း အ ရိပ် ကို နံ နက် အ လင်း ဖြစ် စေ၍၊ နေ့ ကို လည်း ညဉ့် မိုက် မှောင် ဖြစ် စေ တော် မူ ထ သော၊ သ မု ဒ္ဒ ရာ ရေ ကို မိန့် ခေါ် လျက်၊ မြေ မျက် နှာ ပြင် တွင် သွန် တော် မူ ထ သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 5:8
23 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ တောင်​တို့​ကို ပုံဖော်​၍ လေ​ကို ဖန်ဆင်း​တော်မူ​သော​အရှင်​၊ လူ​၏​အတွေး​ကို လူ​အား သိမြင်​စေ​သော​အရှင်​၊ အရုဏ်ဦး​ကို အမှောင်​ကျ​စေ​ပြီး မြေကြီး​ပေါ်ရှိ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို နင်းနယ်​တော်မူ​သော​အရှင်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​ဟူ၍​ဖြစ်​၏​။


ဓူဝံကြယ်​၊ သရဝဏ်ကြယ်​၊ ဖျောက်ဆိပ်ကြယ်​၊ တောင်ပိုင်း​ကြယ်​တို့​ကို ဖန်ဆင်း​တော်မူ​၏​။


မိုးကောင်းကင်​တွင် အထက်ခန်း​များ​ကို တည်ဆောက်​တော်မူ​သော​အရှင်​၊ မြေကြီး​ပေါ်တွင် အုတ်မြစ်ချ​တော်မူ​သော​အရှင်​၊ ပင်လယ်​ရေ​ကို ဆင့်ခေါ်​ပြီး မြေ​မျက်နှာပြင်​ပေါ် လွှတ်ပေး​လိုက်​သော​အရှင်​၏​နာမ​တော်​ကား ထာဝရဘုရား ဖြစ်​၏​။


ထို​နေ့ရက်​တွင် မွန်းတည့်ချိန်​၌ နေ​ဝင်​စေ​မည်​။ နေသာ​သော​နေ့​တွင် မြေကြီး​ကို မှောင်မိုက်​စေ​မည်​။


ကိုယ်တော်​သည် အမှောင်​ကို​ဖြစ်​စေ​သောအခါ ၎င်း​သည် ည​ဖြစ်လာ​ပါ​၏​။ ထို​အချိန်​တွင် တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​သည် လှုပ်ရှားသွားလာ​ကြ​ပါ​၏​။


ကိုယ်တော်​သည် အမှောင်​ကို​စေလွှတ်​၍ ထို​ပြည်​ကို မှောင်မည်း​စေ​တော်မူ​၏​။ ထို​သူ​တို့​သည် ကိုယ်တော်​၏​အမိန့်​တော်​ကို ဖီဆန်​ခဲ့​ကြ​သည်​မ​ဟုတ်​လော​။


မှောင်မိုက်​ထဲမှ လျှို့ဝှက်​သော​အရာ​တို့​ကို ဖော်ထုတ်ပြ​၏​။ အမှောင်ထု​ကို အလင်း​သို့ ရောက်စေ​တော်မူ​၏​။


မှောင်မိုက်​နှင့် သေ​ခြင်း​၏​အရိပ်​ထဲတွင်​နေထိုင်​သော​သူ​တို့​အပေါ် ထွန်းလင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်သက်​ခြင်း​လမ်း​ထဲသို့​ပို့ဆောင်​တော်မူ​၏”​ဟု ဆို​လေ​၏။


အမှောင်​ထဲ၌​နေထိုင်​သော​သူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ကြ​၍ သေ​ခြင်း​အရိပ်​လွှမ်းမိုး​သော​ပြည်​၌ နေထိုင်​သော​သူ​တို့​ထံသို့ အလင်း​ပေါ်ထွက်​လာ​ပြီ”​ဟူ၍​ဖြစ်​၏။


ငါ​တို့​သည် မျက်မမြင်​ကဲ့သို့ နံရံ​ကို​လိုက်စမ်း​ရ​၏​။ မျက်စိ​မ​ပါ​သော​သူ​ကဲ့သို့ လိုက်စမ်း​ရ​၏​။ မှောင်ရီပျိုး​ချိန်​၌ ခလုတ်တိုက်​သကဲ့သို့ မွန်းတည့်ချိန်​မှာပင် ခလုတ်တိုက်​ကြ​၏​။ သန်မာ​သော​သူ​များ​ကြား​၌ လူသေ​ကဲ့သို့​ဖြစ်​ကြ​၏​။


ငါ​သည် မျက်မမြင်​တို့​ကို သူ​တို့​မ​သိ​သော​ခရီး​ဖြင့် ပို့ဆောင်​မည်​။ သူ​တို့​မ​သိ​သော​လမ်း​ဖြင့် လမ်းပြ​မည်​။ သူ​တို့​ရှေ့​၌ အမှောင်​ကို အလင်း​ဖြစ်စေ​မည်​။ ကြမ်းတမ်း​သော​နေရာ​များ​ကို ချောမွေ့​စေ​မည်​။ ဤ​အရာ​တို့​ကို ငါ​ပြု​မည်​။ ငါ​သည် သူ​တို့​ကို မ​စွန့်ပစ်​။


သင့်​ကို မိုးရေ​များ ရွှဲနစ်​သွား​စေ​မည့်​အကြောင်း မိုးတိမ်​ကို အော်ခေါ်​ပြီး အမိန့်ပေး​နိုင်​သလော​။


ဒဏ်ခတ်​ဖို့​ဖြစ်စေ​၊ မြေကြီး​ဖို့​ဖြစ်စေ​၊ မေတ္တာပြ​ဖို့​ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်​များ​ကို​ဖြစ်ပေါ်​စေ​တတ်​၏​။


ကြည့်ရှု​လော့​။ ယခု သူ​တို့​ကို ငါ​သိ​စေ​မည်​။ ငါ့​လက်ရုံးရည်​၊ ငါ့​အစွမ်းတန်ခိုး​ကို သူ​တို့​အား သိမြင်​စေ​မည်​။ “​ထာဝရဘုရား​”​ဟူသည်မှာ ငါ​၏​နာမ​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​ရ​လိမ့်မည်​။


“ကမ္ဘာမြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​၊ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သော​ထာဝရဘုရား​၊ ယေဟောဝါ​အမည်​ရှိ​သော ထာဝရဘုရား​က


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ