ယေရမိ 10:13 - မြန်မာ့စံမီသမ္မာကျမ်း13 ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ကိုယ်တော်အမိန့်ပေးတော်မူသောအခါမိုး ကောင်းကင် အထက်ရှိရေတို့သည်အသံမြည်ဟည်းကြ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးစွန်းမှ မိုးတိမ်များကိုတက်စေတော်မူ၏။ မိုးရွာလျက်နေစဉ်လျှပ်စစ်များကိုပြက်စေ တော်မူ၍ မိမိသိုလှောင်ထားရာမှလေကိုလည်း တိုက်ခတ်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 အ သံ တော် ကို လွှင့် သော အ ခါ၊ အာ ကာ သ ကောင်း ကင်၌ ရေ ဟုန်း ခြင်း၊ မြေ ကြီး အ စွန်း အ ဖျား များ မှ မိုး သား တက် ခြင်း၊ မိုး ရွာ စေ ရန် လျှပ် စစ် ပြက် ခြင်း၊ လှောင် တိုက် တော် များ မှ လေ ပြင်း ထွက် ခြင်း များ ကို၊ စီ မံ တော် မူ သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible13 အသံတော်ကိုလွှတ်တော်မူသောအခါ၊ မိုးရေအသံဗလံ ဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုးတိမ်ကို တက်စေတော်မူ၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူမျိုးခြားတို့၏ရုပ်တုတို့သည် မိုးကိုရွာစေနိုင်သလော။ ကောင်းကင်သည်လည်း မိုးကိုရွာစေနိုင်သလော။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင် တတ်နိုင်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် အလုံးစုံကို တတ်နိုင်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုစောင့်မျှော်ပါ၏။
ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။