Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟ​ဗက္ကုတ် 3:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ဘုရားရှင်​ထာဝရဘုရား​သည် ငါ့​ခွန်အား ဖြစ်​တော်မူ​၏​။ ငါ​၏​ခြေ​တို့​ကို သမင်​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်မြတ်​ကောင်းမွန်​သော​နေရာ​တို့​၌ ငါ့​ကို သွားလာ​စေ​တော်မူ​၏​။ (​ဂီတမှူး​အတွက်​၊ ကြိုးတပ်​တူရိယာ​သံစဉ်)​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 အ ကျွန်ုပ်၏ အ စွမ်း သ တ္တိ အ ကြောင်း ရင်း ဖြစ် သော အ ရှင် ထာ ဝ ရ ဘု ရား သည်။ အ ကျွန်ုပ်၏ ခြေ များ ကို ဒ ရယ် မ ခြေ ကဲ့ သို့ လျင် မြန် စေ လျက်။ ကိုယ့် မြင့် ရာ အ ရပ် များ၌၊ နင်း စေ တော် မူ သည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။ ပ​ရော​ဖက်​ဟ​ဗ​က္ကုတ် စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟ​ဗက္ကုတ် 3:19
25 ပူးပေါင်းရင်းမြစ်များ  

ဇေရုယာ​၏​သား​သုံး​ယောက်​ဖြစ်​သော ယွာဘ​၊ အဘိရှဲ​နှင့် အာသဟေလ​တို့​သည်​လည်း ထို​တိုက်ပွဲ​တွင် ပါဝင်​၏​။ အာသဟေလ​သည် တော​ဒရယ်​တစ်​ကောင်​ကဲ့သို့ အပြေးမြန်​သူ​ဖြစ်​၏​။


ငါ​၏​ခြေ​ကို သမင်​ခြေ​ကဲ့သို့​ဖြစ်​စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စွမ်းပကား​ဖြစ်​တော်မူ​သော​ကိုယ်တော်​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။


ဘုရားသခင်​သည် ငါ့​ကို ခွန်အား​နှင့်​ပတ်စည်း​သော​ဘုရား​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။


ငါ​၏​ခြေ​ကို သမင်​တို့​၏​ခြေ​ကဲ့သို့​ဖြစ်စေ​၍ မြင့်သောနေရာ​တို့​၌ ငါ့​ကို​ရပ်​စေ​တော်မူ​၏​။


ငါ​၏​လက်​ကို စစ်ရေး​၌​လေ့ကျက်​စေ​တော်မူ​သဖြင့် ငါ​၏​လက်ရုံး​သည် ကြေးဝါ​လေး​ကို​တင်​နိုင်​၏​။


ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။


ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​နှင့် အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ အမှန်တကယ်​တွေ့​ရ​သည့် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​နာမ​တော်​အားဖြင့် အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အားဖြင့် အကျွန်ုပ်​ကို​စစ်ကြောစီရင်​တော်မူ​ပါ​။


အို ဂျေရုဆလင်​သမီးပျို​တို့​၊ တော​၌​ကျင်လည်​သော​ဒရယ်မလေး​များ​၊ သမင်မလေး​များ​ကို တိုင်တည်ကျိန်ဆို​ပါ​လော့​။ ငါ့​အချစ်​သည် သူ့​အလိုလို​မ​နိုးလာ​မီ​တိုင်အောင် သူ့​ကို မ​နှိုး​ပါ​နှင့်​။ မ​ထ​စေ​ပါ​နှင့်​။


ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ယုံကြည်ကိုးစား​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ခွန်အား​၊ ငါ​၏​တေးသီချင်း​၊ ငါ့​ကို ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​”​ဟု ဆို​လိမ့်မည်​။


“​ထာဝရဘုရား​၌​သာ ဖြောင့်မတ်​ခြင်း​ရှိ​၏​။ အစွမ်းသတ္တိ​ရှိ​၏​”​ဟု ငါ့​အား ပြောဆို​ကြ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​လာ​ကြ​လိမ့်မည်​။ ကိုယ်တော့်​ကို​အမျက်ထွက်​သော​သူ​အပေါင်း​တို့​မူကား အရှက်ကွဲ​ရ​လိမ့်မည်​။


သင်​သည် ထာဝရဘုရား​၌​ပျော်မွေ့​ရ​လိမ့်မည်​။ ငါ​သည်​လည်း သင့်​အား မြေကြီး​ပေါ်ရှိ မြင့်ရာအရပ်​တို့​၌​နေရာချ​ထား​၍ သင့်​အဖ ယာကုပ်​၏​အမွေဥစ္စာ​နှင့် သင့်​ကို ငါ​ကျွေးမွေး​မည်​။ ဤသို့ ထာဝရဘုရား​၏​နှုတ်​တော်​မှ မိန့်​တော်မူ​၏​။


သင်​တို့​၏​ရန်သူ​က ရှေးက​ရှိ​ခဲ့​သော အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို ငါ​တို့​ပိုင်​ပြီ​ဟေ့​ဟူ၍ ဆို​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ငါ ထာဝရဘုရား​ကြောင့် သူ​တို့​သည် အားပြည့်​၍ ငါ့​နာမ​တော်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍


ကိုယ်တော်​သည် သူ့​ကို မြေကြီး​ပေါ်ရှိ မြင့်ရာအရပ်​တို့​၌​နေရာ​ချထား​၍ သူ​သည် လယ်ယာ​သီးနှံ​ကို​စား​ရ​၏​။ ကိုယ်တော်​သည် သူ့​ကို ကျောက်တောင်​ထဲမှ​ပျားရည်​ဖြင့်​လည်းကောင်း​၊ မီးခတ်​ကျောက်ဆောင်​ထဲမှ​ဆီ​ဖြင့်​လည်းကောင်း​၊


အို အစ္စရေး​လူမျိုး​၊ သင်​သည် မင်္ဂလာ​ရှိ​၏​။ ထာဝရဘုရား​ကယ်တင်​တော်မူ​သော​လူမျိုး​၊ သင်​နှင့်​မည်သူ​တူ​သနည်း​။ ကိုယ်တော်​သည် သင့်​ကို​ကူညီမစ​သော​ဒိုင်းလွှား​၊ သင်​ဂုဏ်ယူဝါကြွား​ရာ​ဓား ဖြစ်​တော်မူ​၏​။ သင်​၏​ရန်သူ​တို့​သည် သင့်​ရှေ့​၌​ခယဝပ်တွား​ကြ​ရ​လိမ့်မည်​။ သင်​သည် သူ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို နင်း​လိမ့်မည်​”​ဟု ကောင်းချီးပေး​လေ​၏​။


ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။


ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ