ရှင်ယောဟန် 2:25 - မြန်မာ့စံမီသမ္မာကျမ်း25 လူ၏စိတ်ထဲ၌ရှိသောအရာကိုသိတော်မူသောကြောင့် လူ၏အကြောင်းကို မည်သူကမျှ သက်သေခံပေးရန်မလိုအပ်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible25 ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။ အခန်းကိုကြည့်ပါ။Judson Bible25 လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိုတော်မရှိ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း25 ထိုသို့ လူ့အတွင်းသဘောကို သိတော်မူသောကြောင့် ကိုယ်တော်အား လူ့အကြောင်းကို မည်သူကမျှ ပြောပြရန် မလိုပေ။ အခန်းကိုကြည့်ပါ။မြန်မာ25 လူ၏အထဲ၌ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိုတော်မရှိ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရသောအခါ ဤသီချင်းသည် သူတို့ကို ဆန့်ကျင်သော သက်သေဖြစ်လိမ့်မည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် ဤသီချင်းကိုမမေ့လျော့ဘဲ နှုတ်၌အစဉ်ရှိနေမည်။ သူတို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သောပြည်သို့ သူတို့ကိုမပို့ဆောင်မီ ယနေ့ သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်သည် လူသားအားလုံးတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသည်နှင့်အညီ သူတို့ကို စီရင်တော်မူပါ။ သူတို့၏အကျင့်အတိုင်း သူတို့ကို ပြန်ပေးဆပ်စေတော်မူပါ။