Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 51:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ယာကုပ်​အမျိုး​၏​ဝေစု​ဖြစ်​သော​ဘုရားသခင်​သည် ထိုကဲ့သို့​မ​ဟုတ်​။ အရာခပ်သိမ်း​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​ဖြစ်​၏​။ ယာကုပ်​အမျိုးအနွယ်​သည် ကိုယ်တော်​၏​အမွေ​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ယာ ကုပ်၏ ပိုင် စု ဖြစ် သော ဘု ရား သည်၊ ထို ဆင်း တု များ နှင့် မ တူ ချေ။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟူ သော နာ မ တော် ရှိ သည့် အ လျောက်၊ အ ရာ ခပ် သိမ်း ကို ဖန် ဆင်း တော် မူ သော ဘု ရား ဖြစ်၏။ ပိုင် တော် မူ ရာ အ မျိုး အ နွယ် ကား၊ ထို လူ မျိုး တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ယာ​ကုပ်​အ​မျိုး၏​အ​ဖို့​ဖြစ်​သော​ဘု​ရား​သည် ထို​သို့​သော​အ​ရာ​နှင့် တူ​တော်​မ​မူ။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​မွေ​ခံ​တော်​မူ​ရာ​ဖြစ်၏။ နာ​မ​တော်​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 51:19
19 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၏​ဘုရားသခင်​သည် ကောင်းကင်ဘုံ​၌​ရှိ​တော်မူ​၏​။ ကိုယ်တော်​သည် အလို​တော်​ရှိသမျှ​အတိုင်း ပြု​တော်မူ​၏​။


အကယ်စင်စစ် ထာဝရဘုရား​သည် ယာကုပ်​ကို မိမိ​အတွက်​လည်းကောင်း​၊ အစ္စရေး​ကို မိမိ​၏​ဘဏ္ဍာ​အဖြစ်​လည်းကောင်း ရွေးချယ်​တော်မူ​၏​။


ထာဝရဘုရား​သည် ငါ​ခွဲဝေ​ရရှိ​ထား​သော​ငါ​၏​ဝေစု​၊ ငါ​၏​ခွက်ဖလား​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​ရရှိ​မည့်​အမွေဝေစု​ကို ထိန်းသိမ်း​ပေး​ထား​တော်မူ​၏​။


ထာဝရဘုရား​ကို မိမိ​ဘုရား​အဖြစ်​ကိုးကွယ်​သော​တိုင်းနိုင်ငံ​နှင့် ကိုယ်တော်​၏​အမွေခံ​အဖြစ် ကိုယ်တော်​ရွေးချယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။


အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​နှင့်​အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားအင်ကုန်ခန်း​သော်လည်း ဘုရားသခင်​သည် အစဉ်အမြဲ အကျွန်ုပ်​စိတ်နှလုံး​၏​အစွမ်းသတ္တိ​၊ အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။


ရှေးကာလ​က ကိုယ်တော်​ဝယ်ယူ​ထား​သော ကိုယ်တော်​၏​လူမျိုး​တော်​၊ အမွေ​တော်​အဖြစ် ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​အမျိုးအနွယ်​နှင့် ကိုယ်တော်​ကိန်းဝပ်​တော်မူ​ခဲ့​ရာ ဇိအုန်​တောင်​ကို အောက်မေ့​တော်မူ​ပါ​။


ငါ​တို့​ကို ရွေးနုတ်​သော​အရှင်​သည် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင် ဖြစ်​တော်မူ​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။


မိုးကောင်းကင်​ကို​ဖြန့်ကြက်​တော်မူ​သော​၊ မြေကြီး​ကို​အုတ်မြစ်ချ​တော်မူ​သော​၊ သင့်​ကို​ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​ကို သင်​မေ့လျော့​၏​။ သင့်​ကို​ဖျက်ဆီး​ရန် အသင့်ရှိ​နေ​သည့် နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကြောင့် သင်​သည် နေ့စဉ်​မပြတ်​ကြောက်ရွံ့​နေ​၏​။ နိုင်လိုမင်းထက်ပြု​သူ​၏​အမျက်ဒေါသ​ကား အဘယ်မှာ​နည်း​။


ကိုယ်တော်​သည် တန်ခိုး​တော်​အားဖြင့် မြေကြီး​ကို​ဖန်ဆင်း​တော်မူ​၏​။ ဉာဏ်ပညာ​အားဖြင့် ကမ္ဘာကြီး​ကို တည်​တော်မူ​၏​။ ထိုးထွင်းဉာဏ်​အားဖြင့် ကောင်းကင်​ကို ဖြန့်ကြက်​တော်မူ​၏​။


ယာကုပ်​အမျိုး​၏​ဝေစု​ဖြစ်​သော​ဘုရားသခင်​သည် ထိုကဲ့သို့​မ​ဟုတ်​။ အကြောင်းမူကား ကိုယ်တော်​သည် အရာခပ်သိမ်း​ကို ပုံဖော်ဖန်ဆင်း​သော​အရှင်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​သည် ကိုယ်တော်​၏​အမွေ​တော်​အမျိုးအနွယ်​ဖြစ်​၏​။ ကိုယ်တော်​၏​နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။


“ကမ္ဘာမြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​၊ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သော​ထာဝရဘုရား​၊ ယေဟောဝါ​အမည်​ရှိ​သော ထာဝရဘုရား​က


ငါ့​အမွေ​ကို တိုက်ခိုက်လုယက်​သော​သူ​တို့​၊ သင်​တို့​သည် ဝမ်းမြောက်​လျက်​၊ ရွှင်လန်း​လျက်​၊ တလင်းနယ်​သော​နွားမတမ်း​ကဲ့သို့ နင်းချေ​လျက်​၊ စစ်မြင်း​များ​ကဲ့သို့ ဟီ​လျက်​ရှိ​ကြ​သော်လည်း


သူ​တို့​ကို ရွေးနုတ်​တော်မူ​သော​အရှင်​သည် တန်ခိုးကြီး​သော​အရှင်​ဖြစ်​တော်မူ​၏​။ နာမ​တော်​ကား ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ပေတည်း​။ ကိုယ်တော်​သည် သူ​တို့​အမှု​ကို ဖြေရှင်း​ပေး​မည်​ဖြစ်၍ သူ​တို့​ပြည်​သည် အေးချမ်း​မည်​။ ဘေဘီလုံ​မြို့သား​တို့​မူကား ဆောက်တည်​ရာ​မ​ရ​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​ကို သူ​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စွန့်ပစ်​တော်​မ​မူ​။ ခါလဒဲ​ပြည်​ကား သန့်ရှင်း​သော​အရှင်​ကို ပြစ်မှားသောအပြစ်​နှင့်​ပြည့်နှက်​၏​။


“​ထာဝရဘုရား​သည် ငါ​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု ငါ့​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​ကို မျှော်လင့်ကိုးစား​ပါ​မည်​။


ထာဝရဘုရား​၏​ဝေစု​ကား မိမိ​လူမျိုး​တော်​ဖြစ်​၏​။ ကိုယ်တော်​၏​အမွေ​ဝေစု​ကား ယာကုပ်​ဖြစ်​၏​။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ