အာမုတ် 3:13 - မြန်မာ့စံမီသမ္မာကျမ်း13 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “နားထောင်လော့၊ ယာကုပ်အမျိုးအနွယ်တို့ကို ဆန့်ကျင်၍ သက်သေထွက်ဆိုလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကငါပြောသောစကားကို ယခုပင်နာယူ ပြီးယာကုပ်မျိုးနွယ်တို့အားသတိပေး ဆင့်ဆိုလော့။- အခန်းကိုကြည့်ပါ။Garrad Bible13 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ ယာ ကုပ် အ မျိုး သား တို့ ကို ရည် လျက် နာ ခံ ဆင့် ဆို ကြ ရ မည့် အ ချက် ဟူ မူ ကား၊ အခန်းကိုကြည့်ပါ။Judson Bible13 ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင်၊ အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကို သင်တို့သည်နားထောင်၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အခန်းကိုကြည့်ပါ။ |
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။