အာမုတ် 5:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထို့ကြောင့် ငါသည် သင်တို့ကို ဒမတ်စကပ်မြို့နှင့်ဝေးရာသို့ သုံ့ပန်းအဖြစ်ပါသွားစေမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ဟူ၍ နာမတော်ရှိတော်မူသောထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ငါသည်သင်တို့ကိုဒမာသက်မြို့တစ်ဘက် သို့ဖမ်းယူသွားတော့မည်'' ဟုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ဒ မာ သက် မြို့ အ ရှေ့ ဘက် ပြည် သို့၊ ငါ သိမ်း သွား စေ မည် ဟူ၍၊ ဗိုလ် ခြေ တို့ အ ရှင် ဘု ရား သ ခင် ဟု နာ မ တော် ရှိ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ထိုကြောင့်၊ သင်တို့ကို ဒမာသက်မြို့တစ်ဖက်သို့ သိမ်းသွားစေခြင်းငှာ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကြည့်ရှုလော့။ တောင်တို့ကို ပုံဖော်၍ လေကို ဖန်ဆင်းတော်မူသောအရှင်၊ လူ၏အတွေးကို လူအား သိမြင်စေသောအရှင်၊ အရုဏ်ဦးကို အမှောင်ကျစေပြီး မြေကြီးပေါ်ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို နင်းနယ်တော်မူသောအရှင်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဟူ၍ဖြစ်၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။