သူတို့၏စိတ်နှလုံးသည် အဆီကဲ့သို့ ထူပိန်းထိုင်းမှိုင်းပါ၏။ အကျွန်ုပ်မူကား ကိုယ်တော်၏တရားတော်၌ မွေ့လျော်ပါ၏။
ဟေရှာယ 6:10 - မြန်မာ့စံမီသမ္မာကျမ်း ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ Garrad Bible ဤ လူ မျိုး သည် မျက် စိ နှင့် မြင် ခွင့် နား နှင့် ကြား ခွင့်၊ စိတ် နှ လုံး နှင့် နား လည် ခွင့် ရ လျက်၊ ချမ်း သာ ရ ရန် ပြန် လာ ခွင့် မ ရှိ စေ ခြင်း ငှာ စိတ် နှ လုံး ကို ထိုင်း မှိုင်း စေ၍ နား ကို လေး စေ သည့် ပြင်၊ မျက် စိ ကို လည်း ဖုံး အုပ် လော့ ဟု မိန့် တော် မူ သော်၊ Judson Bible သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။ |
သူတို့၏စိတ်နှလုံးသည် အဆီကဲ့သို့ ထူပိန်းထိုင်းမှိုင်းပါ၏။ အကျွန်ုပ်မူကား ကိုယ်တော်၏တရားတော်၌ မွေ့လျော်ပါ၏။
သူတို့၏မျက်စိသည် မမြင်နိုင်အောင်ကွယ်ပါစေ။ သူတို့၏ကျောသည်လည်း အစဉ်ကုန်းပါစေ။
ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို လွှတ်ပေးလိုသောဆန္ဒမရှိ။
မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီး၏ရှေ့၌ ဤအံ့ဩဖွယ်အမှုအလုံးစုံတို့ကိုပြုသော်လည်း ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကို မိမိပြည်မှ မလွှတ်ပေးဘဲနေလေ၏။
ငါသည် အီဂျစ်လူမျိုးတို့၏စိတ်နှလုံးကို မာကျောစေသဖြင့် သူတို့သည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်ကြလိမ့်မည်။ ထိုအခါ ငါသည် ဖာရောမင်းကြီးမှစ၍ သူ၏စစ်သည်ရှိသမျှ၊ သူ၏စစ်ရထားများ၊ သူ၏မြင်းစီးသူရဲများအားဖြင့် ဘုန်းထင်ရှားလိမ့်မည်။
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေ၍ အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်အမှုများကို အများအပြားပြမည်။
မျက်စိမှိတ်ပြသောသူသည် ဖောက်ပြန်လွဲမှားသောအရာများကို ကြံစည်နေခြင်းဖြစ်၏။ မိမိ၏နှုတ်ခမ်းကိုဖိပိတ်ထားသောသူသည်လည်း မကောင်းမှုကိုပြီးမြောက်စေသောသူဖြစ်၏။
သတ်ရသောအချိန်နှင့် ကျန်းမာစေရသောအချိန်ရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသောအချိန်ရှိ၏။
ထာဝရဘုရားသည် အီဂျစ်ပြည်ကိုဒဏ်ခတ်တော်မူမည်။ ဒဏ်ခတ်ပြီးမှ ဒဏ်ရာကိုပျောက်ကင်းစေတော်မူမည်။ သူတို့သည် ထာဝရဘုရားထံ ပြန်လာကြမည်။ ကိုယ်တော်သည် သူတို့၏ဆုတောင်းသံကို နားညောင်း၍ သူတို့ဒဏ်ရာကို ပျောက်ကင်းစေတော်မူမည်။
ထို့ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်ချက်တစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ စည်းမျဉ်းတစ်ခုပေါ်တစ်ခု၊ တစ်ခုပေါ်တစ်ခု၊ သည်နည်းနည်းဟိုနည်းနည်း ဖြစ်လိမ့်မည်။ သူတို့သွားသောအခါ နောက်ပြန်လဲကျမည်၊ ကျိုးပဲ့မည်၊ ကျော့ကွင်းမိမည်၊ အဖမ်းခံရမည်။
အကြောင်းမူကား ထာဝရဘုရားသည် နှစ်ခြိုက်စွာအိပ်မောကျသောဝိညာဉ်ကို သင်တို့အပေါ်သွန်းလောင်းလျက် ပရောဖက်များဖြစ်သော သင်တို့၏မျက်စိကိုပိတ်တော်မူ၍ ဗျာဒိတ်ရသူများဖြစ်သော သင်တို့၏ဦးခေါင်းများကို ဖုံးအုပ်ထားတော်မူပြီ။
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် ဤလူမျိုးကိုအံ့ဩစေမည့် အံ့ဖွယ်အမှုတစ်ခုပြီးတစ်ခု ပြုမည်။ သူတို့ထဲမှ ပညာရှိတို့၏ဉာဏ်ပညာသည် ပျက်စီးသွားမည်။ အသိဉာဏ်ရှိသူတို့၏အသိဉာဏ်သည်လည်း ကွယ်ပျောက်သွားမည်”ဟု မိန့်တော်မူ၏။
မိန်းမောတွေဝေကြလော့။ အံ့အားသင့်ကြလော့။ ကိုယ့်မျက်စိကို ကိုယ်ကန်းစေ၍ မျက်မမြင်ဖြစ်ကြလော့။ သူတို့သည် စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးကြ၏။ သေရည်သေရက်မသောက်ဘဲ ယိမ်းထိုးကြ၏။
သူတို့၏မျက်စိသည် မမြင်နိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် နားမလည်နိုင်အောင်ပိတ်လျက်ရှိသဖြင့် သူတို့သည် ဘာမျှမသိ၊ ဘာမျှနားမလည်ကြ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
သူတို့သည် အကျွန်ုပ်၏စကားကိုနားထောင်ကြမည့်အကြောင်း မည်သူ့ကိုပြောရမည်နည်း၊ မည်သူ့ကိုသတိပေးရမည်နည်း။ သူတို့၏နားသည် အရေဖျားလှီးခြင်းမခံသောနားဖြစ်၍ နားမထောင်နိုင်ကြ။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို မနှစ်သက်၊ ပြက်ရယ်ပြုကြ၏။
သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူပါ။ ကျိန်ခြင်းအမင်္ဂလာသည် သူတို့အပေါ်သက်ရောက်ပါစေ။
ထာဝရဘုရားက ငါ့အား “မိုက်မဲသောသိုးထိန်း၏အသုံးအဆောင်ကို နောက်တစ်ဖန် ယူလော့။
သို့သော် သူတို့သည် ဂရုမစိုက်။ ခေါင်းမာမာနှင့် ကျောခိုင်းကြ၏။ မကြားနိုင်အောင် နားပိတ်ထားကြ၏။
အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည်ထုံထိုင်းလျက်၊ နားသည်လည်းလေးလျက်၊ မျက်စိသည်လည်းပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
ထိုသို့ ပြင်းထန်သောစုံစမ်းမှုများ၊ ထူးဆန်းသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့ပြီ။
သို့သော် ယနေ့ထိတိုင် ထာဝရဘုရားသည် သင်တို့အား နားလည်နိုင်သောစိတ်၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ပေးတော်မမူ။
အကြောင်းမူကား နို့နှင့်ပျားရည်စီးသောပြည်ကို သူတို့၏ဘိုးဘေးတို့အား ပေးမည်ဟုငါကျိန်ဆိုခဲ့သည်နှင့်အညီ သူတို့ကို ထိုပြည်သို့ ငါပို့ဆောင်သဖြင့် သူတို့သည် ဝလင်စွာစားရ၍ ကြွယ်ဝပြည့်စုံသောအခါ အခြားဘုရားများထံသို့လှည့်သွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုမထီလေးစားပြုကြလိမ့်မည်။ ငါနှင့်ဖွဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မည်။
အို ယေရှုရုန်၊ သင်သည် ဝဖြိုးလာသဖြင့် ခြေစုံကန်လေပြီ။ ဝဖြိုးတုတ်ခဲပြီး ဖောင်းကားလာသောအခါ မိမိကိုဖန်ဆင်းတော်မူသောဘုရားသခင်ကို ပစ်ပယ်လေပြီ။ မိမိ၏ကယ်တင်ရာကျောက်ဆောင်ကို မထီမဲ့မြင်ပြုလေပြီ။