Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 14:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ငါ​သည် အီဂျစ်​လူမျိုး​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​တို့​သည် အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​ကြ​လိမ့်မည်​။ ထိုအခါ ငါ​သည် ဖာရော​မင်းကြီး​မှစ၍ သူ​၏​စစ်သည်​ရှိသမျှ​၊ သူ​၏​စစ်ရထား​များ​၊ သူ​၏​မြင်းစီးသူရဲ​များ​အားဖြင့် ဘုန်းထင်ရှား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ငါ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​ခေါင်း မာ​စေ​သ​ဖြင့် သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နောက်​သို့​ဆင်း​လိုက်​ကြ လိမ့်​မည်။ ငါ​သည်​ဘု​ရင်​နှင့်​တ​ကွ​သူ​၏ စစ်​တပ်၊ ရ​ထား​တပ်​နှင့်​မြင်း​တပ်​တို့​ကို နှိမ်​နင်း​အောင်​မြင်​ခြင်း​အား​ဖြင့် ငါ​၏ ဘုန်း​ထင်​ရှား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အိ ဂျစ် လူ တို့ စိတ် နှ လုံး ကို ငါ ခဲ ယဉ်း စေ၍ သူ တို့ လည်း ဝင် လိုက် ကြ သ ဖြင့် ဖာ ရော မင်း နှင့် ရ ထား တပ်၊ မြင်း တပ် စ သော ဗိုလ် ခြေ အ ပေါင်း တို့ အား ဖြင့် ဂုဏ် တော် ထင် ပေါ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ငါ​သည်​လည်း အဲ​ဂု​တ္တု​လူ​တို့၏ နှ​လုံး​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ဗိုလ်​ခြေ၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 14:17
26 ပူးပေါင်းရင်းမြစ်များ  

စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည်​လည်း လိုက်ပါ​သွား​ကြ​သဖြင့် အလွန်​ကြီးမား​သော​လူအုပ်ကြီး​ဖြစ်​လေ​၏​။


ကြည့်ရှု​လော့​။ သက်ရှိ​သတ္တဝါ​အပေါင်း​တို့​ကို ကောင်းကင်​အောက်​မှ ဖျက်ဆီး​ရန် ငါ​ကိုယ်တိုင် မြေကြီး​ပေါ်တွင် ရေ​လွှမ်းမိုးမှု​ဖြစ်​စေ​မည်​။ မြေကြီး​ပေါ်မှာ​ရှိသမျှ​တို့​သည် သေ​ကြ​ရ​မည်​။


“​ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​၌​လည်းကောင်း​၊ နောင်လာမည့် သင်​တို့​၏​သားစဉ်မြေးဆက်​တို့​၌​လည်းကောင်း​၊


အီဂျစ်​လူမျိုး​တို့​နှင့်တကွ ဖာရော​မင်းကြီး​၌​ရှိသမျှ​သော​မြင်း​၊ စစ်ရထား​နှင့် မြင်းစီးသူရဲ​တို့​သည်​လည်း သူ​တို့​၏​နောက်မှ​လိုက်​၍ ပင်လယ်​ထဲ​သို့​ဝင်​ကြ​၏​။


ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​သဖြင့် သူ​သည် အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​လိမ့်မည်​။ ဖာရော​မင်းကြီး​နှင့် သူ​၏​စစ်သည်​အပေါင်း​တို့​အားဖြင့် ငါ​၏​ဘုန်းထင်ရှား​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း အီဂျစ်​လူမျိုး​တို့​သည် သိမြင်​ကြ​လိမ့်မည်​”​ဟု မိန့်ဆို​တော်မူ​၏​။ သူ​တို့​သည်​လည်း ထိုအတိုင်း​ပြု​ကြ​၏​။


ထာဝရဘုရား​သည် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို​မာကျော​စေ​သဖြင့် သူ​သည် ဝင့်ကြွား​စွာ​ဖြင့်​ထွက်သွား​ကြ​သော အစ္စရေး​အမျိုးသား​တို့​နောက်သို့​လိုက်​လေ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အီဂျစ်​ပြည်​သို့​ပြန်​ရောက်​သောအခါ သင်​၌ ငါ​အပ်ပေး​သော အံ့ဩဖွယ်အမှု​အလုံးစုံ​တို့​ကို ဖာရော​မင်းကြီး​ရှေ့​၌​ပြု​လော့​။ သို့ရာတွင် ငါ​သည် သူ​၏​စိတ်နှလုံး​ကို မာကျော​စေ​မည်​ဖြစ်၍ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို မ​လွှတ်​ဘဲ​နေ​လိမ့်မည်​။


ငါ့​ကို​ဝတ်ပြု​ရန် ငါ့​သား​ကို​လွှတ်​လော့​ဟု သင့်​အား ငါ​မိန့်ဆို​၏​။ သူ့​ကို​မ​လွှတ်​ဘဲ သင်​ငြင်းဆန်​နေ​မည်​ဆိုလျှင် သင့်​သား​၊ သင်​၏​သားဦး​ကို ငါ​ကွပ်မျက်​မည်​ဟု မိန့်​တော်မူ​ပြီ​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ဖာရော​မင်းကြီး​၏​စိတ်နှလုံး​ကို မာကျော​စေ​၍ အီဂျစ်​ပြည်​၌ နိမိတ်လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်အမှု​များ​ကို အများအပြား​ပြ​မည်​။


ငါ​ကိုယ်တော်တိုင် မိန့်မြွက်​ပြီ​။ အကယ်စင်စစ် သူ့​ကို ငါ​ခေါ်​ပြီ​။ သူ့​ကို ငါ​ဆောင်​ခဲ့​ပြီ​။ သူ​သွား​ရာ​လမ်း​သည် အောင်မြင်​လိမ့်မည်​။


ထာဝရဘုရား​က “​ငါ​သာလျှင် သင်​တို့​ကို​နှစ်သိမ့်​ပေး​သော​သူ​ဖြစ်​၏​။ သေမျိုး​ဖြစ်​သော​လူ​၊ မြက်ပင်​ကဲ့သို့​ဖြစ်​သည့်​လူသား​ကို သင်​အဘယ်ကြောင့်​ကြောက်ရွံ့​သနည်း​။


ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ကို လုံးဝ​မေ့ပစ်​မည်​။ သင်​တို့​နှင့်တကွ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​မြို့​ကို ငါ​၏​ရှေ့မှောက်​မှ ဖယ်ရှား​ပစ်​မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘အို ဆီဒုန်​မြို့​၊ ကြည့်ရှု​လော့​။ သင့်​ကို​ငါ​ဆန့်ကျင်​၍ မြို့​ထဲ​တွင် ငါ့​ဘုန်း​ကို ငါ​ထင်ရှား​စေ​မည်​။ သင့်​ကို ငါ​ဒဏ်ခတ်​၍ ငါ​သန့်ရှင်း​ကြောင်း​ကို မြို့​ထဲတွင် ပြ​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် ငါ့​သိုး​တို့​ကို လိုက်လံ​ရှာဖွေ​မည်​။


သို့ဖြစ်၍ ဘုရားရှင်​ထာဝရဘုရား​က သူ​တို့​အား ‘ကြည့်ရှု​လော့​။ ဆူဖြိုး​သော​သိုး​နှင့် ပိန်လှီ​သော​သိုး​တို့​အမှု​ကို ငါ​ကိုယ်တိုင်​စီရင်​မည်​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​ကိုယ်တိုင် သင့်​ကို​စီရင်​မည်​။ လူမျိုးတကာ​တို့​ရှေ့​တွင် သင့်​ကို​စီရင်​မည်​။


‘​အို အစ္စရေး​တောင်တန်း​တို့​၊ ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​လော့​။ တောင်ကြီး​တောင်ငယ်​များ​နှင့် မြစ်ချောင်း​ချိုင့်ဝှမ်း​များ​အား ထာဝရဘုရား​က ငါ​ကိုယ်တော်တိုင် သင်​တို့​ထံ ဓားဘေး​ရောက်​စေ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။


ငါ​သည် ဧဖရိမ်​အဖို့ ခြင်္သေ့​ကြီး​ကဲ့သို့​လည်းကောင်း​၊ ယုဒ​အမျိုးအနွယ်​အဖို့ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ငါ​ကိုယ်တော်တိုင် သူ​တို့​ကို ကိုက်ဖြဲ​ပြီး ချီယူ​သွား​မည်​။ သူ​တို့​ကို မည်သူ​မျှ ကယ်တင်​နိုင်​မည်​မ​ဟုတ်​။


ထိုအခါ မောရှေ​က အာရုန်​အား “​ထာဝရဘုရား​က ‘​ငါ့​ထံသို့​ချဉ်းကပ်​သော​သူ​တို့​အား ငါ​သန့်ရှင်း​ကြောင်း ငါ​ထင်ရှား​ပြ​မည်​။ လူ​အပေါင်း​တို့​ရှေ့​၌ ငါ​သည် ဘုန်းအသရေ​ရှိ​မည်​’​ဟူ၍ မိန့်ဆို​ခဲ့​သည်​မှာ ဤ​အမှု​ကို​ဆိုလို​၏​”​ဟု ဆို​သော် အာရုန်​သည် တိတ်ဆိတ်​နေ​လေ​၏​။


ငါ​သည်​လည်း သင်​တို့​ကို အမျက်ဒေါသ​ဖြင့် သင်​တို့​ကို ဆက်လက်​ဆန့်ကျင်​မည်​။ ထိုမျှမက ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​ကို ခုနစ်ဆ​အပြစ်ဒဏ်​ပေး​မည်​။


ထို့ကြောင့် ဘုရားသခင်​သည် သနား​လို​သော​သူ​ကို သနား​တော်မူ​၍ ခေါင်းမာ​စေ​လို​သော​သူ​ကို ခေါင်းမာ​စေ​တော်မူ​၏။


ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။


အစ္စရေး​လူမျိုး​တို့​နှင့် စစ်တိုက်​ရန် သူ​တို့​ကို ထာဝရဘုရား​စိတ်ခိုင်မာ​စေ​၏​။ ဤသို့​ဖြစ်​ခြင်း​မှာ သူ​တို့​ကို သုတ်သင်ပယ်ရှင်း​မည်​ဟု မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သူ​တို့​ကို မ​သနား​မ​ညှာတာ​ဘဲ တစ်​ယောက်​မ​ကျန်​ကွပ်မျက်​တော်မူ​ရန်​ဖြစ်​၏​။


ငါ​သည်​လည်း ယာဘိန်​မင်းကြီး​၏​စစ်သူကြီး​သိသရ​နှင့် သူ​၏​စစ်ရထား​အလုံးအရင်း​ကို ကိရှုန်​မြစ်​သို့ လှည့်ပတ်​ခေါ်​ခဲ့​ပြီး သင့်​လက်​သို့​အပ်​မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ့​အား​ဆို​၏​။


ဖာရော​မင်းကြီး​အပါအဝင် အီဂျစ်​လူမျိုး​တို့ စိတ်နှလုံး​မာကျော​ခဲ့​သကဲ့သို့ အဘယ်ကြောင့် သင်​တို့ စိတ်နှလုံး​မာကျော​ကြ​သနည်း​။ သူ​တို့​ကို ဘုရားသခင် ပြင်းထန်​စွာ​ဒဏ်ခတ်​လိုက်​သောအခါ အစ္စရေး​လူမျိုး​တို့​ကို လွှတ်လိုက်​ရ​သဖြင့် အစ္စရေး​လူမျိုး​တို့ ထွက်လာ​ကြ​ရ​သည်​မ​ဟုတ်​လော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ