ဟေရှာယ 19:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထာဝရဘုရားသည် အီဂျစ်ပြည်ကိုဒဏ်ခတ်တော်မူမည်။ ဒဏ်ခတ်ပြီးမှ ဒဏ်ရာကိုပျောက်ကင်းစေတော်မူမည်။ သူတို့သည် ထာဝရဘုရားထံ ပြန်လာကြမည်။ ကိုယ်တော်သည် သူတို့၏ဆုတောင်းသံကို နားညောင်း၍ သူတို့ဒဏ်ရာကို ပျောက်ကင်းစေတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible22 ထာဝရဘုရားသည်အီဂျစ်အမျိုးသားတို့ အား အပြစ်ဒဏ်ခတ်တော်မူမည်ဖြစ်သော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပျောက်ကင်း စေတော်မူပေအံ့။ သူတို့သည်ထာဝရဘုရား ထံတော်သို့ပြောင်းလဲလာသဖြင့် သူတို့တောင်း လျှောက်သံကိုနားထောင်လျက် သူတို့ရောဂါ ကိုပျောက်ကင်းစေတော်မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible22 ထာ ဝ ရ ဘု ရား သည် အိ ဂျစ် ပြည် ကို ဒဏ် ခတ် ပြီး မှ၊ ဒဏ် ချက် ကို ပျောက် စေ တော် မူ လိမ့် မည်။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား ထံ ပြန် လာ ကြ သည့် အ ခါ၊ တောင်း ပန် ခွင့် ရ ကြ သည့် အ တိုင်း၊ ပ ပျောက် စေ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible22 ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ်ခတ်၍၊ ခတ်ပြီးသောဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြသည်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
ထာဝရဘုရားက “အီဂျစ်ပြည်၏ စည်းစိမ်ဥစ္စာ၊ အီသီယိုးပီးယားပြည်သားနှင့် အရပ်မြင့်သောသေဘအမျိုးသားတို့၏ ကုန်ပစ္စည်းတို့သည် သင့်ထံသို့ရောက်၍ သင်ပိုင်ဆိုင်ရလိမ့်မည်။ သူတို့သည် သင့်နောက်သို့လိုက်ကြလိမ့်မည်။ သံခြေချင်းဖြင့်သွားလာရ၍ သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။ ‘အကယ်စင်စစ် သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။ ထိုဘုရားမှတစ်ပါး အခြားဘုရားမရှိ’ဟူ၍ သင့်ကိုလျှောက်ထားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“ငါ့လူမျိုးတော်ကို အုပ်ချုပ်သောဟေဇကိမင်းကြီးထံသို့ ပြန်သွားပြီးလျှင် သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင့်ဆုတောင်းသံကို ငါကြားပြီ။ သင့်မျက်ရည်ကို ငါမြင်ပြီ။ သင့်ကို ငါပြန်လည်ကျန်းမာလာစေမည်။ သုံးရက်မြောက်လျှင် သင်သည် ထာဝရဘုရား၏အိမ်တော်သို့ တက်သွားနိုင်လိမ့်မည်။