Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 6:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထိုအခါ ငါ​က “​အို ဘုရားရှင်​၊ မည်မျှ​ကြာ​ပါ​မည်နည်း​”​ဟု မေးလျှောက်​ရာ ကိုယ်တော်​က “​မြို့​တို့​သည်​ပျက်စီး​၍ နေထိုင်​သူ​မ​ရှိ​၊ အိမ်​တို့​တွင် လူ​မ​ရှိ​၊ တစ်ပြည်လုံး​သည် ပျက်စီး​၍ လူသူကင်းမဲ့​သည့်​တိုင်အောင်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ငါ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ပါ​မည်​နည်း'' ဟု​လျှောက်​လျှင် ကိုယ်​တော်​က``မြို့​များ​ပျက်​စီး​ယို​ယွင်း​၍​ဟာ​လာ​ဟင်း​လင်း​ဖြစ်​၍​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။ အိမ်​များ​တွင်​လူ​သူ​ကင်း​မဲ့​ပြီး​ထို​ပြည်​ကိုယ်​တိုင်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အို အ ရှင် ဘု ရား မည် မျှ တိုင် နည်း ဟု မေး လျှောက် လျှင်၊ မြို့ များ၊ အိမ် များ၌ နေ ထိုင် သူ ကင်း၍ မြို့ ဆိုး ကုန်း ဖြစ် လျက် လယ် မြေ လည်း ဖုန်း ဆိုး ဖြစ် လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကြာ​ပါ​လိမ့်​မည်​နည်း​ဟု ငါ​မေး​လျှောက်​ပြန်​လျှင်၊ မြို့​တို့​သည် မြို့​သား​မ​ရှိ၊ အိမ်​တို့​သည် အိမ်​သား​မ​ရှိ​အောင် ဖျက်​ဆီး​ခြင်း​သို့​ရောက်​သ​ဖြင့်၊ တစ်​ပြည်​လုံး​သည် လူ​ဆိတ်​ညံ​ရာ​သက်​သက် ဖြစ်​သည်​တိုင်​အောင်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 6:11
28 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားသခင်​၊ ရန်ဖက်ပြု​သော​သူ​သည် မည်မျှ​ကြာ​အောင် ကဲ့ရဲ့ပြစ်တင်​လျက်​နေ​လိမ့်​မည်နည်း​။ ရန်သူ​သည် ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်​မထီလေးစား​ပြု​မည်လော​။


အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။ ကိုယ်တော်​သည် အစဉ် အမျက်ထွက်​တော်မူ​မည်လော​။ ကိုယ်တော်​၏​သဝန်တို​ခြင်း​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​မည်လော​။


အို ထာဝရဘုရား​၊ ပြန်ကြွလာ​တော်မူ​ပါ​။ မည်မျှ​ကြာ​ပါ​မည်နည်း​။ ကိုယ်တော်​၏​အစေအပါး​အပေါ် သနား​ကရုဏာ​ထား​တော်မူ​ပါ​။


ဆိုးယုတ်​သော​သူ​တို့​သည် မည်မျှ​ကြာ​အောင်​၊ အို ထာဝရဘုရား​၊ ဆိုးယုတ်​သော​သူ​တို့​သည် မည်မျှ​ကြာ​အောင် ရွှင်မြူး​ကြ​မည်နည်း​။


သင်​တို့​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ​။ သင်​တို့​၏​မြို့​များ​ကို​လည်း မီး​လောင်​လေ​ပြီ​။ တစ်ပါးအမျိုးသား​တို့​သည် သင်​တို့​၏​မြေ​ကို သင်​တို့​ရှေ့​၌ ဝါးမျို​ကြ​ပြီ​။ တစ်ပါးအမျိုးသား​တို့​ဖျက်ဆီး​သဖြင့် လူသူကင်းမဲ့​လေ​ပြီ​။


လူ​ကို ရွှေစင်​ထက်​၊ လူသား​ကို ဩဖိရ​ရွှေ​ထက် ငါ​ရှားပါး​စေ​မည်​။


ဇိအုန်​မြို့​တံခါး​တို့​သည် ညည်းတွား​၍ ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ဇိအုန်​မြို့​သည် လူသူကင်းမဲ့​လိမ့်မည်​။ မြေကြီး​ပေါ်​ထိုင်​ရ​လိမ့်မည်​။


ဂျေရုဆလင်​မြို့ ခလုတ်တိုက်​ပြီ​။ ယုဒ​ပြည် လဲကျ​ပြီ​။ သူ​တို့​၏​စကား​၊ သူ​တို့​၏​အပြုအမူ​တို့​သည် ထာဝရဘုရား​ကို​ဆန့်ကျင်​ကြ​၏​။ ဘုန်းအသရေ​တော်​ရှေ့​တွင် ပုန်ကန်​ကြ​၏​။


အကြောင်းမူကား နန်းတော်​သည် စွန့်ထား​ခြင်း​ခံရ​၍ လူ​စည်ကား​သော​မြို့​သည် စွန့်ခွာ​ခြင်း​ခံရ​မည်​။ ရဲတိုက်​၊ ကင်းစောင့်မျှော်စင်​တို့​သည် သားရဲ​တို့​အစဉ်​ခိုအောင်းရာ ဖြစ်သွား​လိမ့်မည်​။ မြည်းရိုင်း​များ​နေပျော်​ရာ​၊ တိရစ္ဆာန်​တို့​ကျက်စား​ရာ ဖြစ်​လိမ့်မည်​။


တောကန္တာရ​နှင့်​ခြောက်သွေ့​သော​အရပ်​သည် ရွှင်မြူး​ကြ​လိမ့်မည်​။ သဲကန္တာရ​သည် ရွှင်လန်း​၍ နှင်းဆီပန်း​ကဲ့သို့ ဖူးပွင့်​လိမ့်မည်​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် အိမ်​များစွာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​၊ ကြီးမား​ထည်ဝါ​သော​အိမ်​တို့​သည် နေထိုင်​သူ​ကင်းမဲ့​လိမ့်မည်​”​ဟူ၍ မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​၏​။


သင့်​ကို​စွန့်ပစ်​မုန်းတီး​ကြ​ပြီး မည်သူ​မျှ​မ​ဖြတ်သန်း​ကြ​သော်လည်း ငါ​သည် သင့်​ကို ထာဝရ​ဂုဏ်ယူဝင့်ကြွားစရာ​၊ မျိုးဆက်အဆက်ဆက်​ပျော်ရွှင်စရာ​ဖြစ်စေ​မည်​။


ကိုယ်တော်​၏​သန့်ရှင်း​သော​မြို့​တို့​သည် တောကန္တာရ​ဖြစ်​လေ​ပြီ​။ ဇိအုန်​မြို့​သည် တောကန္တာရ​ဖြစ်​လေ​ပြီ​။ ဂျေရုဆလင်​မြို့​သည် လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​လေ​ပြီ​။


ယုဒ​ဘုရင်​၏​နန်းတော်​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သင်​သည် ဂိလဒ်​ပြည်​ကဲ့သို့​၊ လက်ဘနွန်​တောင်ထိပ်​ကဲ့သို့ ဖြစ်​သော်လည်း ငါ​သည် သင့်​ကို တောကန္တာရ​ကဲ့သို့​၊ လူ​မ​နေ​သော​မြို့​ကဲ့သို့ ဖြစ်​စေ​မည်​။


ခြင်္သေ့​သည် ပုန်းအောင်း​ရာ​မှ​ထွက်လာ​ပြီ​။ လူမျိုးတကာ​တို့​ကို​ဖျက်ဆီး​သော​သူ​သည် မိမိ​၏​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်စေ​ရန် မိမိ​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​တို့​၏​မြို့​များ​သည် ပျက်စီး​သွား​လိမ့်မည်​။ နေထိုင်​သူ​ရှိ​မည်​မ​ဟုတ်​။


“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​မြို့ရွာ​အားလုံး​အပေါ် ငါ​ကျရောက်​စေ​သည့် ဘေးအန္တရာယ်​အလုံးစုံ​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ ယခု ထို​မြို့ရွာ​တို့​သည် ပြိုပျက်​ရာ​ဖြစ်​၍ နေထိုင်​သူ​ပင် မ​ရှိ​တော့​ပေ​။


ဘေဘီလုံ​ဘုရင်​သည် ထို​သူ​တို့​ကို ဟာမတ်​ပြည်​၊ ရိဗလ​မြို့​တွင် ဒဏ်ခတ်​ကွပ်မျက်​လေ​၏​။ ဤသို့ဖြင့် ယုဒ​လူမျိုး​တို့​သည် နေရင်းပြည်​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လေ​၏​။


သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​ရှိ​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် လူသူကင်းမဲ့​ရာ​ဖြစ်​မည်​။ သင်​တို့​၏​ယဇ်ပလ္လင်​သည် ဖျက်ဆီး​ခံရ​သဖြင့် ပျက်စီး​သွား​မည်​။ ရုပ်တု​တို့​သည်​လည်း ချိုးဖျက်​ခံရ​သဖြင့် ပြိုပျက်​သွား​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​သည်​လည်း ခုတ်လှဲ​ခံရ​မည်​။ သင်​တို့​ပြုလုပ်​ထား​သော​အရာ​တို့​သည် သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်​။


ထိုအခါ သန့်ရှင်း​သူ​တစ်​ပါး​၏​စကားသံ​ကို ငါ​ကြား​ရ​၏​။ စကားပြော​နေ​သော ထို​သန့်ရှင်း​သူ​တစ်ပါး​ကို အခြား​သန့်ရှင်း​သူ​တစ်​ပါး​က “​ဗျာဒိတ်နိမိတ်​ထဲတွင် နေ့စဉ်​ပူဇော်သက္ကာ​၊ လူဆိတ်ညံ​ရာ​ဖြစ်​စေ​သော​အပြစ်​၊ သန့်ရှင်းရာဌာန​နှင့် ဗိုလ်ခြေ​တို့​ကို နင်းချေ​အပ်နှံ​ခြင်း​တို့​နှင့်ဆိုင်သော​အဖြစ်အပျက်​သည် မည်မျှ​ကြာကြာ​ဖြစ်​မည်နည်း​”​ဟု မေးမြန်း​ပြောဆို​သည်​ကို ငါ​ကြား​ရ​၏​။


ငါ​သည် သင်​တို့​၏​မြို့​များ​ကို ပြိုပျက်​စေ​၍ သင်​တို့​၏​သန့်ရှင်းရာဌာန​ကို လူသူကင်းမဲ့​စေ​မည်​။ သင်​တို့​၏​မွှေးကြိုင်​သော​ရနံ့​ကို​လည်း ငါ​ခံယူ​မည်​မ​ဟုတ်​။


ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​ထဲတွင် ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သင်​တို့​နောက်​ကို​လိုက်​မည်​။ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​၍ သင်​တို့​၏​မြို့​တို့​သည် ပြိုပျက်​လိမ့်မည်​။


ထို​နေ့ရက်​၌ လူ​တို့​က သင်​တို့​ကို ပုံခိုင်း​၍ ‘ငါ​တို့ လုံးလုံး​ပျက်စီး​ကြ​ရ​ပြီ​။ ကိုယ်တော်​သည် ငါ့​လူမျိုး​တို့​၏​အမွေမြေ​ကို သူတစ်ပါး​အား လွှဲပြောင်း​ပေး​ပြီ​။ ငါ့​ထံမှ​လည်း ရုပ်သိမ်း​လိုက်​ပြီ​။ ငါ​တို့​၏​လယ်ယာ​ကို​လည်း ရန်သူ​အား ပေးလိုက်​လေ​ပြီ’​ဟူ၍ ခါးသီး​စွာ​ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


သင့်​ပြည်​ရှိ မြို့​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။ သင့်​ခံတပ်​ရှိသမျှ​တို့​ကို​လည်း ဖြိုချ​ပစ်​မည်​။


“သို့ဖြစ်၍ ငါ​သည် သင့်​ကို ဖျားနာ​ခြင်း​ဖြင့် ဒဏ်ခတ်​မည်​။ သင့်​အပြစ်​များ​ကြောင့် သင့်​ကို ဖျက်ဆီး​ပစ်​မည်​။


မြေကြီးသား​တို့​ပြု​သော​အမှု​၏​အကျိုးဆက်​ကြောင့် ကမ္ဘာမြေကြီး​သည် လူဆိတ်ညံ​ရာ​ဖြစ်​လိမ့်မည်​။


သင်​သည် ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​ခဲ့​သော်လည်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​သောကြောင့် အနည်းငယ်​သာ အသက်ရှင်​ကျန်ရစ်​လိမ့်မည်​။


ထာဝရဘုရား​သည် သင့်​ကို​ကောင်းစား​စေ​၍ တိုးပွား​စေ​ရာ​၌ နှစ်သက်အားရ​တော်မူ​သကဲ့သို့ သင့်​ကို​ဖျက်ဆီး​၍ သုတ်သင်ပယ်ရှင်း​ပစ်​ရာ​၌​လည်း ထာဝရဘုရား ဝန်လေး​တော်မူ​မည်​မ​ဟုတ်​။ သင်​သည် သင်​ဝင်ရောက်​သိမ်းပိုက်​သည့်​ပြည်​ထဲ​မှ နုတ်ပယ်​ခြင်း​ခံရ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ