တရားဟော 29:4 - မြန်မာ့စံမီသမ္မာကျမ်း4 သို့သော် ယနေ့ထိတိုင် ထာဝရဘုရားသည် သင်တို့အား နားလည်နိုင်သောစိတ်၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ပေးတော်မမူ။ အခန်းကိုကြည့်ပါ။Common Language Bible4 သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။- အခန်းကိုကြည့်ပါ။Judson Bible4 သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး။ အခန်းကိုကြည့်ပါ။ |
အကယ်စင်စစ် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုလေရာရာ၌ ကောင်းချီးပေးတော်မူပြီ။ ဤကြီးမားသောတောကန္တာရကို သင်တို့ဖြတ်သွားရကြောင်း ကိုယ်တော်သိတော်မူ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤအနှစ်လေးဆယ်ပတ်လုံး သင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍ သင်တို့၌ ချို့တဲ့ခြင်းမရှိ”ဟူ၍ ဆင့်ဆိုလော့’ဟု မိန့်တော်မူ၏။