ဟေရှာယ 6:10 - Common Language Bible
10 ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ဤ လူ မျိုး သည် မျက် စိ နှင့် မြင် ခွင့် နား နှင့် ကြား ခွင့်၊ စိတ် နှ လုံး နှင့် နား လည် ခွင့် ရ လျက်၊ ချမ်း သာ ရ ရန် ပြန် လာ ခွင့် မ ရှိ စေ ခြင်း ငှာ စိတ် နှ လုံး ကို ထိုင်း မှိုင်း စေ၍ နား ကို လေး စေ သည့် ပြင်၊ မျက် စိ ကို လည်း ဖုံး အုပ် လော့ ဟု မိန့် တော် မူ သော်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
10 သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ