Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 2:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 အချို့​သော​သူ​တို့​အတွက် သေ​ခြင်း​သို့​ပို့ဆောင်​သည့် သေ​ခြင်း​၏​ရနံ့​ဖြစ်​ကြ​ပြီး အချို့​သော​သူ​တို့​အတွက်​ကား အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​သည့် အသက်ရှင်​ခြင်း​၏​ရနံ့​ဖြစ်​ကြ​၏။ သို့ဖြစ်လျှင် ဤ​အမှုအရာ​များ​နှင့် မည်သူ​သည် ထိုက်တန်​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ပျက်​စီး​ဆုံး​ပါး​ဆဲ​ဖြစ်​သူ​တို့​အ​တွက်​ထို ရ​နံ့​သည်​သေ​စေ​တတ်​သော​အ​ပုပ်​နံ့​ဖြစ်​၍ ကယ်​တင်​ခြင်း​ခံ​ရ​ဆဲ​ဖြစ်​သူ​တို့​အ​တွက် အ​သက်​ရှင်​စေ​တတ်​သည့်​အ​မွှေး​အ​ကြိုင် ဖြစ်​ပေ​သည်။ သို့​ဖြစ်​၍​ဤ​ကဲ့​သို့​သော​အ​မှု ကို​အ​ဘယ်​သူ​ဆောင်​ရွက်​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 တစ် ဖက် သား တို့၌ သေ ခြင်း ကို အ ထပ် ထပ် တိုး တက် စေ သော ရ နံ့၊ တစ် ဖက် သား တို့၌ ရှင် ခြင်း ကို အ ထပ် ထပ် တိုး တက် စေ သော ရ နံ့ ဖြစ် ကြ၏။ ထို သို့ ဆောင် ရွက် ရန် မည် သူ တတ် စွမ်း သ နည်း ဟု မေး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဆုံး​ရှုံး​သော​သူ​တို့၌​ကား၊ သေ​ခြင်း​တိုင်​အောင် သေ​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ ကယ်​တင်​သော သူ​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တိုင်​အောင် အ​သက်​ရှင်​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ သို့​ဖြစ်၍ ဤ​အ​မှု​အ​ရာ​တို့​နှင့် အ​ဘယ်​သူ ထိုက်​တန်​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ကျွန်ုပ်တို့​သည် ဖျက်ဆီးခြင်း​ခံရသောသူတို့​အတွက် သေစေတတ်သော သေခြင်းတရား​၏​ရနံ့​ဖြစ်ပြီး ကယ်တင်ခြင်း​ခံရသော​သူများ​အတွက်​မှာမူ အသက်​ရှင်စေတတ်သော အသက်ရှင်ခြင်း​၏​ရနံ့​ဖြစ်ကြ၏။ သို့ဖြစ်၍ ဤ​ကဲ့သို့သော တာဝန်​ကို မည်သူ​ထမ်းဆောင်​နိုင်မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:16
9 ပူးပေါင်းရင်းမြစ်များ  

ကတိသစ္စာဝတ်​ဖြေ​ရန်​အတွက်​ဖြစ်စေ​၊ စေတနာ​အလျောက်​ပူဇော်​သော​ပူဇော်သက္ကာ​အတွက်​ဖြစ်စေ​၊ သတ်မှတ်​သော​ပွဲတော်​များ​အတွက်​ဖြစ်စေ မီးရှို့ရာယဇ်​၊ သို့မဟုတ် ပူဇော်သက္ကာ​ကို ထာဝရဘုရား​ထံ ပူဇော်​လို​လျှင် နွား​၊ သို့မဟုတ် သိုး​ကို မွှေးကြိုင်​သော​ရနံ့​အဖြစ် ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​နိုင်​၏​။


ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။


ထိုအခါ ယေရှု​က“ငါ​သည် မ​မြင်​သော​သူ​တို့​ကို​မြင်​စေ​၍ မြင်​နေ​သော​သူ​တို့​ကို မျက်စိကွယ်​စေရန်​ဟူသော တရား​စီရင်​ခြင်း​အတွက် ဤ​လောက​သို့​ကြွလာ​၏”​ဟု မိန့်​တော်မူ​၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။


ငါ​သည် မိုက်မဲ​သော​သူ​ဖြစ်​ခဲ့​လေ​ပြီ။ သင်​တို့​သည် ငါ့​ကို အတင်းအကျပ် ထိုသို့​ဖြစ်စေ​ကြ​၏။ အမှန်စင်စစ် ငါ​သည် သင်​တို့​၏​ထောက်ခံ​ချီးကျူး​မှု​ကို ခံထိုက်​၏။ အကြောင်းမူကား ငါ​သည် မပြောပလောက်​သော​သူ​ဖြစ်​သော်လည်း ထိပ်တန်း​တမန်တော်​များ​ထက် အနည်းငယ်​မျှ​မ​ညံ့​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ