ရှင်ယောဟန် 12:40 - မြန်မာ့စံမီသမ္မာကျမ်း40 “သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible40 သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့စိတ်နှလုံးကို မိုက်စေတော်မူ၏ ဟူသောစကားကြောင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း40 “ဘုရားသခင်သည် သူတို့၏ မျက်စိကို ကွယ်စေ၍ စိတ်နှလုံးကို မာကျောစေတော်မူသဖြင့် သူတို့၏ မျက်စိသည် မမြင်နိုင်ကြ။ စိတ်ထဲ၌လည်း နားမလည်နိုင်ကြ။ သူတို့သည် ဘုရားသခင်ထံ ပြန်မလှည့်လာသောကြောင့် ဘုရားသခင်၏ကုသမှုကိုလည်း မခံယူနိုင်ကြ” ဟု ဟောပြောခဲ့ သောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ40 သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည်တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့စိတ်နှလုံးကို မိုက်စေတော်မူ၏ ဟူသောစကားကြောင့် ထိုသူတို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။- အခန်းကိုကြည့်ပါ။ |
ငါသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လိမ့်မည်။ ဖာရောမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့အားဖြင့် ငါ၏ဘုန်းထင်ရှားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း အီဂျစ်လူမျိုးတို့သည် သိမြင်ကြလိမ့်မည်”ဟု မိန့်ဆိုတော်မူ၏။ သူတို့သည်လည်း ထိုအတိုင်းပြုကြ၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူ၍ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသောသူတို့အား လွတ်မြောက်ခြင်းအကြောင်းနှင့် မျက်မမြင်တို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ဟောပြောစေရန်လည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်လည်းကောင်း၊