Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 12:40 - မြန်မာ

40 သူ​တို့​မျက်​စိ​မ​မြင်၊ စိတ်​နှ​လုံး​နား​မ​လည်၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​သည်​တိုင်​အောင် သူ​တို့​မျက်​စိ​ကို ကွယ်​စေ​တော်​မူ၏။ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​တော်​မူ၏ ဟူ​သော​စ​ကား​ကြောင့် ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

40 သူ​တို့​မျက်​စိ​မ​မြင်၊ စိတ်​နှ​လုံး​နား​မ​လည်၊ အ​ကျင့်​မ​ပြောင်း​လဲ၊ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​သည်​တိုင်​အောင် သူ​တို့​မျက်​စိ​ကို ကွယ်​စေ​တော်​မူ၏။ သူ​တို့​စိတ်​နှ​လုံး​ကို မိုက်​စေ​တော်​မူ၏ ဟူ​သော​စ​ကား​ကြောင့် ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

40 “သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​၍ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် ဘုရားသခင်​သည် သူ​တို့​၏​မျက်စိ​ကို ကွယ်​စေ​တော်မူ​၍ သူ​တို့​၏​စိတ်နှလုံး​ကို မာကျော​စေ​တော်မူ​၏”​ဟု ထပ်မံ​၍ ဟောပြော​ခဲ့​သောကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

40 “ဘုရားသခင်​သည် သူတို့​၏ မျက်စိ​ကို ကွယ်စေ​၍ စိတ်နှလုံး​ကို မာကျော​စေတော်မူ​သဖြင့် သူတို့​၏ မျက်စိ​သည် မမြင်နိုင်ကြ။ စိတ်​ထဲ၌​လည်း နားမလည်နိုင်ကြ။ သူတို့​သည် ဘုရားသခင်​ထံ ပြန်မလှည့်လာ​သောကြောင့် ဘုရားသခင်​၏​ကုသမှု​ကိုလည်း မခံယူနိုင်ကြ” ဟု ဟောပြောခဲ့ သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 12:40
44 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​ကို ရှိ​ပါ​လေ​စေ။ သူ​တို့​သည် လူ​ကန်း​တို့​အား လမ်း​ပြ​သော လူ​ကန်း​ဖြစ်၏။ လူ​ကန်း​ချင်း တစ်​ဦး​ကို​တစ်​ဦး လမ်း​ပြ​လျှင်၊ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ပြင်၌​ရှိ​သော ထို​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​သ​ဖြင့်၊ သူ​တို့​အ​ကျင့် မ​ပြောင်း​လဲ၊ အ​ပြစ်​မ​လွှတ်​ရ​သည်​တိုင်​အောင် သူ​တို့​အား ဟော​သ​မျှ​ကို ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။


အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။


ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။-


ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။


တစ်​ဖန် ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြန်​သည်​ကား၊-


ထို​အ​ခါ ယေ​ရှု​က​လည်း၊ မျက်​စိ​မ​မြင်​သော​သူ​သည် မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြင်​သော​သူ​ကို မျက်​စိ​ကန်း​စေ ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် တ​ရား​စီ​ရင်၍ ဤ​လော​က​သို့ ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ